ကလေးငယ်တွေကို ဒုက္ခပေးနိုင်တဲ့ သံဓာတ်ချို့တဲ့ခြင်း
သင့်ကလေးခန္ဓာကိုယ်မှာ တစ်နေ့တာလိုအပ်တဲ့ သံဓာတ်အပြည့်အဝ ရရှိပါရဲ့လား။ သံဓာတ်ချို့တဲ့ရင် ဘာတွေဖြစ်နိုင်သလဲ၊ ချို့တဲ့ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ ဘယ်လိုကာကွယ်ကုသရမလဲ ဆိုတာကို လေ့လာကြည့်ရအောင် -
ကလေးအတွက် သံဓာတ်ဟာ အရေးကြီးသလား
သံဓာတ်ဟာ အောက်စီဂျင်ကို အဆုတ်မှတဆင့် အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီသို့ သယ်ဆောင်ပေးပြီး အောက်စီဂျင်ကို ကြွက်သားတွေဆီမှာ သိုလှောင်အသုံးပြုနိုင်အောင် ကူညီပေးပါတယ်။ ကလေးငယ်တွေဖွ့ံဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တစ်မျိုးဖြစ်တာကြောင့် သံဓာတ်ချို့တဲ့ပါက သွေးအားနည်းရောဂါကို ခံစားရနိုင်ပြီး မကုသဘဲထားပါက ဖွံ့ဖြိုးကြီးထွားမှုကို ထိခိုက်စေပါတယ်။
ကလေးငယ်အတွက် သံဓာတ်ပမာဏ ဘယ်လောက်လိုအပ်သလဲ
ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်မှာမွေးကတည်းက သိုလှောင်ထားတဲ့ သံဓာတ်ရှိပေမယ့် ကြီးထွားဖွ့ံဖြိုးမှုအားကောင်းစေဖို့ သံဓာတ်ပမာဏတစ်ခုလိုအပ်ပါတယ်။
အသက်အရွယ်ပေါ်မူတည်ပြီး တစ်နေ့တာလိုအပ်တဲ့ ပမာဏတွေကတော့ -
7 လမှ 1 နှစ် - 11 mg
1 နှစ်မှ 3 နှစ် - 7 mg
4 နှစ်မှ 8 နှစ် - 10 mg
9 နှစ်မှ 13 နှစ် - 8mg
14 နှစ်မှ 18 နှစ် - 15 mg (မိန်းကလေး)
14 နှစ်မှ 18 နှစ် - 11 mg (ယောကျာ်းလေး)
Nutroplex 1
သံဓာတ်ချို့တဲ့ခြင်းက ဘယ်လိုကလေးတွေမှာ အဖြစ်များနိုင်သလဲ
- ပေါင်းမပြည့်၊ လမစေ့ဘဲ မွေးသောကလေးများ
- အသက် 1 နှစ်မတိုင်မီ နွားနို့၊ ဆိတ်နို့ သောက်သုံးသောကလေးများ
- မိခင်နို့သောက်သုံးရသော်လည်း အသက် 6 လကျော်ပြီးနောက် ကျေွးသောဖြည့်စွက်စာတွင် သံဓာတ်ပါဝင်သော အစားအစာများ မပါဝင်ခြင်း
- သံဓာတ်ပါဝင်မှုမရှိသော ဖော်မြူလာနှင့် ထုတ်ထားသော နို့ဘူးများတိုက်ကျေွးခြင်း
- တစ်နေ့လျှင် နွားနို့၊ ဆိတ်နို့၊ ပဲနို့ 24 အောင်စထက် သောက်သော အသက် 1 နှစ်မှ 5 နှစ် အရွယ်ကလေးများ
- နာတာရှည်ရောဂါပိုးကူးစက်ခံနေရသော ကလေးငယ်များ
- ခဲဓာတ်နှင့် ထိတွေ့မှုရှိသော အသက် 1 နှစ်မှ 5 နှစ်အရွယ် ကလေးများ
အရွယ်ရောက်ပြီးတဲ့ အမျိုးသမီးတွေမှာ လစဉ်ဓမ္မတာသွေးပေါ်တာကြောင့် အမျိုးသားတွေထက်ပိုပြီး သံဓာတ်ချို့တဲ့ခြင်းကို ခံစားရပါတယ်။
သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေကဘာတွေလဲ
သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါမဖြစ်သရွေ့ သံဓာတ်ချို့တဲ့ခြင်းရဲ့ ရောဂါလက္ခဏာ အများစုကို တွေ့ရလေ့မရှိပါဘူး။
- အရေပြားဖျော့တော့ခြင်း
- နုံးခွေခြင်း
- ကြီးထွားဖွ့ံဖြိုးမှုနှောင့်နှေးခြင်း
- ခံတွင်းပျက်ခြင်း
- အသက်ရှုနှုန်းမြန်ခြင်း
- အပြုအမူပိုင်းဆိုင်ရာပြဿနာများရှိလာခြင်း
- မကြာခဏရောဂါပိုးကူးစက်ခံရခြင်း
- ပုံမှန်မဟုတ်သောအရာများကို စားလိုခြင်း (ဥပမာ - ရေခဲ၊ သဲ)
Nutroplex 2
ဘယ်လိုကာကွယ်ရမလဲ
သံဓာတ်အားနည်းခြင်းမဖြစ်ရလေအောင် ကလေးငယ်ရဲ့ ဖြည့်စွက်စာထဲမှာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ အနီရောင်ရှိသော အသား၊ ပဲအမျိုးမျိုး၊ ကြက်ဥ စတာတွေ ထည့်သွင်းကျေွးမွေးပါ။
နွားနို့၊ ဆိတ်နို့၊ ပဲနို့ အလွန်အကျွံတိုက်ခြင်းကို ရှောင်ရှားပါ။ တစ်နေ့လျှင် နို့ပမာဏ 24 အောင်စထက် ပို၍တိုက်ကျေွးခြင်းကို ရှောင်ရှားပါ။ သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့ ဗီတာမင် C ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ လိမေ္မာ်သီး၊ စတော်ဘယ်ရီသီး၊ အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ခရမ်းချဉ်သီး စတာတွေကိုကျေွးမွေးပါ။
ကလေးတွေမှာ သံဓာတ်ချို့တဲ့ခြင်းရှိ/မရှိ စစ်ဆေးသင့်သလား
သံဓာတ်ချို့တဲ့ခြင်းနှင့် သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းခြင်းရှိ/မရှိ သွေး စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။ အသက် 9 လမှ 1 နှစ်အရွယ် ကလေးတိုင်း သံဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါရှိ/မရှိ စစ်ဆေးသင့်တယ်လို့ American Academy of Pedlatries မှ အကြံပြုထားပါတယ်။ ရလဒ်ပေါ်မူတည်ပြီး ဆရာဝန်မှသင့်တော်တဲ့ ကုသမှုပေးမှာဖြစ်ပါတယ်။
သံဓာတ်ချို့တဲ့ခြင်းကို ကြိုတင်ကာကွယ်လို့ရတာကြောင့် ကလေးငယ်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်းမရှိရလေအောင် သံဓာတ်ချို့တဲ့ခြင်းရဲ့ လက္ခဏာတွေရှိ/မရှိစောင့်ကြည့်ခြင်း၊ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ကျေွးမွေးခြင်းတို့ကို ပြုလုပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
Dr.Htet Htet Aung (www.drmyanmar.com)
(Unicode)
သံဓာတျခြို့တဲ့ခွငျးရဲ့ လက်ခဏာတှကေဘာတှလေဲ
Dr.Htet Htet Aung (www.drmyanmar.com)






























