/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေနဲ့-ပြင်းထန်အဆုတ်ရောင်ရောဂါ-0

ကလေးငယ်တွေနဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

အိမ်ကကလေးငယ်လေးတွေ နှာစေးချောင်းဆိုးရင်ကြပ်တဲ့အခါ စိတ်ပူရတဲ့မေမေဖေဖေတို့အတွက် သတိပြုစရာပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း မျှေ၀လိုက်ပါတယ်။

နမိုးနီးယားလို့ခေါ်တဲ့အဆုတ်ရောင်ရောဂါခံစားရရင်……

• ဖျားမယ်

• အစာမစားဘူး
• မောမယ်

• ချောင်းဆိုးမယ်

• အသက်ရှူတိုင်း နာကျင်တယ်၊ ငိုမယ်

• အဖျားက တစ်ပတ်ကနေ ၁၀ ရက်ထိ ကြာလာမယ်

အဆုတ်ရောင်ရောဂါဟုတ်၊ မဟုတ်သိရှိဖို့ ရင်ဘတ်ဓာတ်မှန် ရိုက်ကူးစစ်ဆေးရပါတယ်။ အရင်ဆုံးဆရာဝန်က သေချာစမ်းသပ်စစ်ဆေးပါမယ်။ အဆုတ်ရောင်ရင် ပဋိဇီဝဆေးနဲ့ အမြန်ထိထိရောက်ရောက်ကုသရပါတယ်။ ဒါမှမဟုတ်ရင် သွေးဆိပ်တက်တာ၊ အဆုတ်နဲ့ဦးနှောက်ပြည်တည်တာ၊ ဦးနှောက်ရောင်ရောဂါကနေသေဆုံးတဲ့အထိဖြစ်နိုင်တာတွေကို သတိချပ်နိုင်ကြပါစေ။

ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ဆေးထိုးပြီးလည်း ကာကွယ်လို့ရပါတယ်။ ဒါ့ကြောင့် ကလေးဆရာဝန်နဲ့ တိုင်ပင်ပြီးထိုးထားစေချင်ပါတယ်။

အသက်တစ်နှစ်အောက်ကလေးတွေ အသက်ရှူမြန်တာ၊ ခက်တာ၊ မောတာ၊ အစားမဝင်တာတွေ၊ အဖျားရက်ကြာတာတွေရှိတဲ့အခါ ဆေးရုံတက်ဖို့လိုအပ်ပါတယ်။

• ရင်ကြပ်နေတဲ့ကလေးကိုဆရာဝန်ပြသဖို့ မနှေးပါနဲ့။
အဖျားကြာနေရင် အဆုတ်ရောင်နေတတ်တာကို ခေါင်းထဲမှာ အမြဲတွေးထားပါ။
အသက်ရှူမြန်နေရင်၊ ကလေးကမလန်းရင် ဆေးရုံဆေးခန်းချက်ချင်းပြသပါ။

• အစားမဝင်တာက ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ရောဂါပြင်းထန်တာကြောင့် အစာမဝင်တာမျိုးဖြစ်ခဲ့ရင် ဆေးရုံတက်ပြီးကုသရမယ့်အနေအထားလည်း ရောက်ချင်ရောက်နေတတ်ပါသေးတယ်။ 

• လိုအပ်လို့ ဆရာ၀န်က ဓာတ်မှန်ရိုက်ခိုင်းတဲ့အခါ ရိုက်ဖြစ်အောင်ရိုက်ပြီး ချက်ချင်းပြန်ပြပါ။

 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)