/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်တွေမှာ-အဖြစ်များလာတဲ့-အမျိုးအစား-၁-ဆီးချိုရောဂါ

ကလေးငယ်တွေမှာ အဖြစ်များလာတဲ့ အမျိုးအစား (၁) ဆီးချိုရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

          အင်္ဂလန်နိုင်ငံမှာ စစ်တမ်းကောက်ယူတဲ့ သုတေသနတွေအရ အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ပွားနှုန်း တစ်နှစ်ထက်တစ်နှစ် များပြားလာတာကို တွေ့ရပါတယ်တဲ့။

          စိတ်ပူစရာအချက်က အသက် ၂၅ အောက်ကလေးတွေ လူငယ်တွေမှာ အမျိုးအစား (၁) ဆီးချိုရောဂါ ဖြစ်ပွားနှုန်းဟာ သံသယရှိစရာမလိုအောင် တိုးပွားနေတာကို တွေ့မြင်နေရပါတယ်။

          အမျိုးအစား (၁) ဆီးချိုရောဂါဆိုတာ ကိုယ်ခံအား ဖောက်ပြန်တာကြောင့် ဗီဇဓာတ်တွေ မူမမှန်တာကနေတစ်ဆင့် အင်ဆူလင်ထုတ်ပေးတဲ့ ဆဲလ်တွေ ပျက်စီးသွားတာ ဖြစ်ပါတယ်။

          ဒါကြောင့် အင်ဆူလင်ဓာတ် နည်းပါးလာလို့ ပုံမှန်လူတွေလို  သွေးတွင်း ဆီးချိုဓာတ်ကို မထိနိးချုပ်နိုင်တော့ဘဲ ဆိုးဝါးတဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

          ဒီလိုအခြေအနေဟာ မြန်မာပြည်မှာလည်း မဖြစ်လာဘူးလို့ မဆိုနိုင်ပါဘူး။ ကလေးသူငယ် အဝလွန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ မိခင် အဝလွန်ခြင်း၊ အစားအသောက်ပုံစံ လွန်ကဲခြင်း စတာတွေဟာ အမျိုးအစား (၁) ဆီးချိုရောဂါဖြစ်ဖို့ အတူတကွ တွန်းပို့နေကြပါတယ်၊

          ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုဖြစ်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အကျိုးဆက်ဆိုးတွေကို ခံစားရတာပေါ့။

 

>>    အကျိုးဆက်ဆိုးတွေဆိုတာက ...

●        သွေးတိုးလာတယ်

●        ကျောက်ကပ် ပျက်စီးတယ်

●        မျက်စိကွယ်တယ်

●        နှလုံးသွေးကြောကျဉ်းတယ်

          ဒီတော့ ကလေးသူငယ်တွေ ဆယ်ကျော်သက်တွေမှာ ဒီလိုဆိုးကျိုးတွေနဲ့ ပြဿနာပေးနိုင်တဲ့ အမျိုးအစား (၁) ဆီးချိုရောဂါ အန္တရာယ်ကို လျှော့တွက်လို့ မရပြန်ပါဘူး။

Ceelin Plus 1

>>    အမျိုးအစား (၁) ဆီးချိုရောဂါရဲ့ လက္ခဏာတွေကို သတိပြုနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

●        မကြာခဏ ရေငတ်ခြင်း

●        ကလေးက တစ်ချိန်လုံး နွမ်းနယ်နေခြင်း

●        မျက်လုံးဝါးခြင်း

●        ဆီး မကြာခဏသွားခြင်း

●        အသားအရေ ခြောက်သွေ့ခြင်း

●        စားပြီးတိုင်း ပျို့အန်ချင်သလိုဖြစ်ခြင်း

●        အနာမကျက်လွယ်ခြင်း

●        စိတ်ကြီးခြင်း၊ စိတ်မကြည်သာခြင်း စတာတွေ ဖြစ်ပါတယ်။

          မေမေ၊ ဖေဖေတို့်အနေနဲ့ သားသားမီးမီးတွေမှာ အဖြစ်များလာတဲ့ အမျိုးအစား (၁) ဆီးချိုအန္တရာယ် သတိပြုနိုင်ဖို့ ဗဟုသုတ မျှဝေလိုက်ရပါတယ်။

www.drmyanmar.com

Ceelin Plus 2

(Unicode)



>>    အမြိုးအစား (၁) ဆီးခြိုရောဂါရဲ့ လက်ခဏာတှကေို သတိပွုနိုငျဖို့ ဖောျပွပေးလိုကျပါတယျနောျ။
    မမေေ၊ ဖဖေတေို့ျအနနေဲ့ သားသားမီးမီးတှမှော အဖွဈမြားလာတဲ့ အမြိုးအစား (၁) ဆီးခြိုအန်တရာယျ သတိပွုနိုငျဖို့ ဗဟုသုတ မြှဝလေိုကျရပါတယျ။

www.drmyanmar.com