ကလေးငယ်တွေရဲ့ ဝမ်းဗိုက်ပြဿနာ
>> ဗိုက်အောင့်တာ
တော်ရုံဗိုက်အောင့်တာနဲ့တော့ ကလေးငယ်တွေဟာ အရယ်အပြုံး၊ အဆော့မပျက်တက်ကြပါဘူး။ ကလေးတွေ ဗိုက်အောင့်တာဟာ များသောအားဖြင့် ဖြစ်နေကျဖြစ်ပြီး အရမ်းစိုးရိမ်စရာမလိုတဲ့ပြဿနာတွေ ဖြစ်တတ်ပါတယ်။ လေထိုးတာကတော့ အဖြစ်များတတ်ပြီး အတိအကျ အကြောင်းအရင်းကိုတော့ သေချာမသိနိုင်ပါဘူး။ ကလေးငယ်ဟာ ခြေထောက်လေးတွေကွေးပြီး စူးစူးဝါးဝါးငိုနေပြီဆိုရင်တော့ အရမ်းနာနေပြီဆိုတာ သိနိုင်ပါတယ်။ ပြောခဲ့သလိုပဲ ဗိုက်အောင့်တာဟာ များသောအားဖြင့် စိုးရိမ်စရာမလိုပေမယ့် ဖျားတာ၊ အန်တာ၊ ဝမ်းထဲမှာ သွေးပါတာ၊ ညဘက်အိပ်နေရင်း ငိုတာ၊ ဆီးသွားရင်း နာတာတွေပါ ပါလာရင်တော့ ဆရာဝန်နဲ့ ပြသရပါမယ်။
>> အစာအိမ်ထဲက အစာခြေရည်တွေ ပြန်တက်လာတာ
ပြောတတ်တဲ့ကလေးတွေဆို -
● ဗိုက်တစ်ပြင်လုံးနာတာ၊ ချက်နားကနာတာ၊ ရင်ဘတ်နာတာ
● မူးမော်၊ ပျို့ချင်တာ
● အစာတွေ ပြန်တက်လာတာ
● အစာတွေ နင်တယ်လို့ထင်တာ
● တစ်ခါတလေ ရင်ကြပ်တာလိုမျိုး ချောင်းဆိုး၊ တရွှီရွှီမြည်တာမျိုးတွေ ပြောပြပါလိမ့်မယ်။
ဒီလိုမဖြစ်အောင် အဓိက အစားအသောက်နဲ့ ထိန်းရပါမယ်။ ရှောင်ရမှာတွေက ပူတာ၊ စပ်တာ၊ ခရမ်းချဉ်သီးနဲ့လုပ်ထားတဲ့ အစားအစာတွေ၊ အဆီများတဲ့အစားအစာ၊ ချဉ်တဲ့အစားအစာ၊ ပန်းသီးဖျော်ရည်၊ ကိုလာ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက်ဖျော်ရည်တို့ ဖြစ်ပါတယ်။
>> နို့ထဲမှာပါတဲ့ lactose ဆိုတဲ့ သကြားဓာတ်ကို မချေဖျက်နိုင်တာ
အဲဒီချေဖျက်တဲ့ enzyme က မွေးကထဲက နည်းတာလည်း ဖြစ်နိုင်သလို rota virus ၊ giardia ဆိုတဲ့ ဝမ်းလျှောဝမ်းပျက်စေတဲ့ ပိုးဝင်ပြီး ၃ ပတ်၊ ၄ ပတ်လောက် မချေဖျက်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေကတော့ ဗိုက်ကြီးဖောင်းတာ၊ နာတာ၊ လေချဉ်တက်တာ၊ အူလှုပ်ရှားတဲ့အသံကျယ်တာ၊ လေပွတာ၊ ဝမ်းပျက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိခင်နို့၊ နွားနို့အစား ပဲနို့ကို တိုက်နိုင်ပါတယ်။ လိုအပ်တဲ့ ကယ်လ်စီယမ်အတွက်ကိုတော့ တခြားအစားအစာ၊ ဆေးအနေနဲ့ ပေးရပါမယ်။
Ceelin Plus 1

>> ဝမ်းပျက်တာ
ဝမ်းအရည်၊ အပျော့ကို အကြိမ်ရေများများ သွားတာမျိုး ဖြစ်ပါတယ်။ ဝမ်းပျက်ပြီးနောက် ရေဓာတ်ခမ်းခြောက်တာမျိုး ဖြစ်တတ်တာကြောင့် ဓာတ်ဆားရည် တိုက်ပေးရပါမယ်။ ဖျော်ရည်နဲ့ အားဖြည့်အချိုရည်တွေကတော့ ဝမ်းပျက်တာကို ပိုဆိုးစေပါတယ်။ ရေဓာတ်ခမ်းခြောက်တာ ပိုဆိုးလာရင်တော့ ဆေးရုံတက်ပြီး အကြောထဲကို ဆားရည်သွင်းတာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။
>> ဝမ်းချုပ်တာ
ဖြည့်စွက်စာ စကျွေးတဲ့အချိန်၊ အိမ်သာတက်တာ စကျင့်တဲ့အချိန်၊ ကျောင်းစတက်တဲ့အချိန်၊ မိဘတွေ ကွဲကွာတဲ့အချိန်၊ နေရာပြောင်း၊ အစားအသောက် ပြောင်းတဲ့အချိန်တွေမှာ ဝမ်းချုပ်တတ်ပါတယ်။ တချို့ကလေးတွေကတော့ တမင်အောင့်ထားတာဖြစ်ပြီး ခြေထောက်တွေကို လိမ်ထားတာ၊ ခြေဖျားထောက်နေတာ၊ တင်ပါးလေးတွေကို ညှစ်ထားတာ စတဲ့ ပုံစံလေးတွေကို တွေ့ရပါတယ်။ ဗိုက်အောင့်တာ၊ ဝမ်းမာတဲ့အတွက် စအိုလေးတွေကွဲတာ၊ ဝမ်းထဲမှာ သွေးပါတာ၊ ဝမ်းထွက်ကျတာ စတဲ့ လက္ခဏာတွေနဲ့ လာပါတယ်။ မိဘတွေအနေနဲ့ ဝမ်းတည်တာ အကျင့်လုပ်ပေးတာမျိုး၊ ဝမ်းပျော့စေတဲ့ အမျှင်ဓာတ်များတဲ့ အသီးအနှံ၊ အသီးအရွက်၊ ဖျော်ရည်တွေ ကျွေးတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်စေတာမျိုးတွေနဲ့ အလေ့အကျင့် လုပ်ပေးနိုင်ပါတယ်။
Dr. Htar (www.drmyanmar.com)
Ceelin Plus 2

(Zawgyi)
>> ဗိုက္ေအာင့္တာ
ေတာ္႐ုံဗိုက္ေအာင့္တာနဲ႔ေတာ့ ကေလးငယ္ေတြဟာ အရယ္အၿပဳံး၊ အေဆာ့မပ်က္တက္ၾကပါဘူး။ ကေလးေတြ ဗိုက္ေအာင့္တာဟာ မ်ားေသာအားျဖင့္ ျဖစ္ေနက်ျဖစ္ၿပီး အရမ္းစိုးရိမ္စရာမလိုတဲ့ျပႆနာေတြ ျဖစ္တတ္ပါတယ္။ ေလထိုးတာကေတာ့ အျဖစ္မ်ားတတ္ၿပီး အတိအက် အေၾကာင္းအရင္းကိုေတာ့ ေသခ်ာမသိႏိုင္ပါဘူး။ ကေလးငယ္ဟာ ေျခေထာက္ေလးေတြေကြးၿပီး စူးစူးဝါးဝါးငိုေနၿပီဆိုရင္ေတာ့ အရမ္းနာေနၿပီဆိုတာ သိႏိုင္ပါတယ္။ ေျပာခဲ့သလိုပဲ ဗိုက္ေအာင့္တာဟာ မ်ားေသာအားျဖင့္ စိုးရိမ္စရာမလိုေပမယ့္ ဖ်ားတာ၊ အန္တာ၊ ဝမ္းထဲမွာ ေသြးပါတာ၊ ညဘက္အိပ္ေနရင္း ငိုတာ၊ ဆီးသြားရင္း နာတာေတြပါ ပါလာရင္ေတာ့ ဆရာဝန္နဲ႔ ျပသရပါမယ္။
>> အစာအိမ္ထဲက အစာေျခရည္ေတြ ျပန္တက္လာတာ
ေျပာတတ္တဲ့ကေလးေတြဆို -
● ဗိုက္တစ္ျပင္လုံးနာတာ၊ ခ်က္နားကနာတာ၊ ရင္ဘတ္နာတာ
● မူးေမာ္၊ ပ်ိဳ႕ခ်င္တာ
● အစာေတြ ျပန္တက္လာတာ
● အစာေတြ နင္တယ္လို႔ထင္တာ
● တစ္ခါတေလ ရင္ၾကပ္တာလိုမ်ိဳး ေခ်ာင္းဆိုး၊ တ႐ႊီ႐ႊီျမည္တာမ်ိဳးေတြ ေျပာျပပါလိမ့္မယ္။
ဒီလိုမျဖစ္ေအာင္ အဓိက အစားအေသာက္နဲ႔ ထိန္းရပါမယ္။ ေရွာင္ရမွာေတြက ပူတာ၊ စပ္တာ၊ ခရမ္းခ်ဥ္သီးနဲ႔လုပ္ထားတဲ့ အစားအစာေတြ၊ အဆီမ်ားတဲ့အစားအစာ၊ ခ်ဥ္တဲ့အစားအစာ၊ ပန္းသီးေဖ်ာ္ရည္၊ ကိုလာ၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေခ်ာကလက္ေဖ်ာ္ရည္တို႔ ျဖစ္ပါတယ္။
>> ႏို႔ထဲမွာပါတဲ့ lactose ဆိုတဲ့ သၾကားဓာတ္ကို မေခ်ဖ်က္ႏိုင္တာ
အဲဒီေခ်ဖ်က္တဲ့ enzyme က ေမြးကထဲက နည္းတာလည္း ျဖစ္ႏိုင္သလို rota virus ၊ giardia ဆိုတဲ့ ဝမ္းေလွ်ာဝမ္းပ်က္ေစတဲ့ ပိုးဝင္ၿပီး ၃ ပတ္၊ ၄ ပတ္ေလာက္ မေခ်ဖ်က္ႏိုင္တာလည္း ျဖစ္ႏိုင္ပါတယ္။
လကၡဏာေတြကေတာ့ ဗိုက္ႀကီးေဖာင္းတာ၊ နာတာ၊ ေလခ်ဥ္တက္တာ၊ အူလႈပ္ရွားတဲ့အသံက်ယ္တာ၊ ေလပြတာ၊ ဝမ္းပ်က္တာ စတာေတြပဲ ျဖစ္ပါတယ္။ မိခင္ႏို႔၊ ႏြားႏို႔အစား ပဲႏို႔ကို တိုက္ႏိုင္ပါတယ္။ လိုအပ္တဲ့ ကယ္လ္စီယမ္အတြက္ကိုေတာ့ တျခားအစားအစာ၊ ေဆးအေနနဲ႔ ေပးရပါမယ္။
>> ဝမ္းပ်က္တာ
ဝမ္းအရည္၊ အေပ်ာ့ကို အႀကိမ္ေရမ်ားမ်ား သြားတာမ်ိဳး ျဖစ္ပါတယ္။ ဝမ္းပ်က္ၿပီးေနာက္ ေရဓာတ္ခမ္းေျခာက္တာမ်ိဳး ျဖစ္တတ္တာေၾကာင့္ ဓာတ္ဆားရည္ တိုက္ေပးရပါမယ္။ ေဖ်ာ္ရည္နဲ႔ အားျဖည့္အခ်ိဳရည္ေတြကေတာ့ ဝမ္းပ်က္တာကို ပိုဆိုးေစပါတယ္။ ေရဓာတ္ခမ္းေျခာက္တာ ပိုဆိုးလာရင္ေတာ့ ေဆး႐ုံတက္ၿပီး အေၾကာထဲကို ဆားရည္သြင္းတာမ်ိဳးအထိ ျဖစ္သြားႏိုင္ပါတယ္။
>> ဝမ္းခ်ဳပ္တာ
ျဖည့္စြက္စာ စေကြၽးတဲ့အခ်ိန္၊ အိမ္သာတက္တာ စက်င့္တဲ့အခ်ိန္၊ ေက်ာင္းစတက္တဲ့အခ်ိန္၊ မိဘေတြ ကြဲကြာတဲ့အခ်ိန္၊ ေနရာေျပာင္း၊ အစားအေသာက္ ေျပာင္းတဲ့အခ်ိန္ေတြမွာ ဝမ္းခ်ဳပ္တတ္ပါတယ္။ တခ်ိဳ႕ကေလးေတြကေတာ့ တမင္ေအာင့္ထားတာျဖစ္ၿပီး ေျခေထာက္ေတြကို လိမ္ထားတာ၊ ေျခဖ်ားေထာက္ေနတာ၊ တင္ပါးေလးေတြကို ညႇစ္ထားတာ စတဲ့ ပုံစံေလးေတြကို ေတြ႕ရပါတယ္။ ဗိုက္ေအာင့္တာ၊ ဝမ္းမာတဲ့အတြက္ စအိုေလးေတြကြဲတာ၊ ဝမ္းထဲမွာ ေသြးပါတာ၊ ဝမ္းထြက္က်တာ စတဲ့ လကၡဏာေတြနဲ႔ လာပါတယ္။ မိဘေတြအေနနဲ႔ ဝမ္းတည္တာ အက်င့္လုပ္ေပးတာမ်ိဳး၊ ဝမ္းေပ်ာ့ေစတဲ့ အမွ်င္ဓာတ္မ်ားတဲ့ အသီးအႏွံ၊ အသီးအရြက္၊ ေဖ်ာ္ရည္ေတြ ေကြၽးတာ၊ ကိုယ္လက္လႈပ္ရွားမႈ လုပ္ေစတာမ်ိဳးေတြနဲ႔ အေလ့အက်င့္ လုပ္ေပးႏိုင္ပါတယ္။
Dr. Htar (www.drmyanmar.com)






























