ကလေးငယ်တွေ၊ မွေးကင်းစကလေးတွေမှာ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါဖြစ်ရခြင်း အကြောင်းအရင်းများ
၁။ စားတဲ့အစားအစာမှာ သံဓာတ်လုံလောက်အောင်မပါလို့
အသက် ၆ လအထိ လိုအပ်တဲ့သံဓာတ်ကို မိခင်နို့ကနေရပေမယ့် ၆ လကျော်သွားတဲ့အခါမှာတော့ သံဓာတ်ပြည့်ဝတဲ့အစားအစာတွေ ထည့်သွင်းကျွေးမွေးပေးရပါမယ်။ အဲဒီလိုကျွေးမွေးတဲ့အခါမှာ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေကိုပါ ထည့်သွင်းကျွေးမွေးပေးရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကောင်းမွန်စေဖို့ အရေးပါတဲ့အပြင် ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုအတွက်လည်း အားပေးကူညီပေးပါတယ်။
ကလေးဟာ အစား ချေးများတာ ဒါမှမဟုတ် ၆ လကျော်တဲ့အထိ မိခင်နို့တစ်မျိုးပဲ တိုက်နေမယ်ဆိုရင်တော့ သွေးအားနည်းရောဂါဖြစ်ဖို့ အလားအလာ ရှိပါတယ်။
၂။ အသက် ၁ နှစ်မပြည့်ခင်မှာ နွားနို့တိုက်တာ
တခြားသံဓာတ်ကြွယ်ဝတဲ့ ဖြည့်စွက်စာတွေ ကျွေးရင်းနဲ့တောင်မှ ၁ နှစ်မပြည့်ခင် နွားနို့တိုက်ထားတဲ့ကလေးဟာ သွေးအားနည်းရောဂါ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆို နွားနို့မှာ သံဓာတ်ပါဝင်တာနည်းရုံမက ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူတာကိုပါ ခက်ခဲစေလို့ ဖြစ်ပါတယ်။
၃။ လမစေ့ဘဲ မွေးဖွားတဲ့ကလေးတွေ
လမစေ့ဘဲ မွေးဖွားတဲ့ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ သံဓာတ် လုံလုံလောက်လောက် မရှိတာကြောင့် ဖြစ်ပါတယ်။ လမစေ့ဘဲ မွေးတဲ့ကလေးတွေရဲ့ ၈၅% လောက်က သွေးအားနည်းရောဂါဖြစ်တာကို တွေ့ရှိရပါတယ်။
၄။ မိခင်မှာ ဆီးချိုရောဂါရှိရင်
မိခင်ရဲ့ဆီးချိုရောဂါဟာ ကောင်းကောင်းကုသမှုမရထားရင် မွေးလာတဲ့ကလေးလေးတွေဟာ သွေးအားနည်းနေတတ်ပါတယ်။
၅။ ပေါင်မပြည့်ဘဲ မွေးတဲ့ကလေးတွေ
သွေးအားနည်းရောဂါရှိတဲ့မေမေတွေ မွေးတဲ့ကလေးလေးတွေဟာ ပေါင်မပြည့်တတ်သလို သွေးအားနည်းရောဂါပါ လာတတ်ကြပါတယ်။
Ceelin 1
>> ဘယ်လိုလက္ခဏာတွေပြလဲ?
● ဖြူဖျော့နေတာ
အသားအရေဟာ ဖြူဖျော့မွဲခြောက်လာပါတယ်။ အထူးသဖြင့် မျက်ခွံတစ်ဝိုက်နဲ့ လက်တွေမှာ သိသာပါတယ်။
● အားမရှိတာ
အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာ၊ မှိုင်တွေမှိန်းနေတာ၊ ကစားဖို့ ဆော့ဖို့ ဘာကိုမှ စိတ်ဝင်စားမှုမရှိတာတွေ တွေ့ရတတ်ပါတယ်။
● ဂျီကျတာ
ကလေးဟာ အမြဲလိုလို ဂျီကျငိုနေတာ၊ စိတ်တိုနေတာမျိုး ဖြစ်တတ်ပါတယ်။
● အစားစားချင်စိတ်မရှိတာ
ကလေးလေးဟာ အစားကို နည်းနည်းပဲစားတာ ဒါမှမဟုတ်လ ုံးဝကိုမစားတော့ပါဘူး။
● အသက်ရှူတဲ့နေရာမှာ ပုံမှန်မဟုတ်တာ
မောနေတာ၊ အသက်ကို ဝဝမရှူနိုင်တာမျိုး တွေ့ရတတ်ပါတယ်။
● နှလုံးခုန်မြန်တာ
အောက်ဆီဂျင်နည်းတာကို အစားထိုးပေးတဲ့အနေနဲ့ နှလုံးက မြန်မြန်ခုန်ပေးရင်နဲ့ နှလုံးခုန်နှုန်းတွေ မြန်လာပါတယ်။
● ခြေတွေ၊ လက်တွေ ရောင်လာတာ၊ ဖောလာတာ
● ပုံမှန်မဟုတ်တာတွေစားတာ
စားစရာမဟုတ်တဲ့ မြေကြီးတွေ၊ မြေဖြူတွေ၊ ဖုန်တွေ၊ သဲတွေ စတာတွေကို ကောက်စားတာမျိုး။ ဒီလက္ခဏာဟာ အာဟာရချို့တဲ့နေတာကို ထင်ထင်ရှားရှား သိနိုင်တဲ့လက္ခဏာ ဖြစ်ပါတယ်။
● အရပ်၊ ကိုယ်အလေးချိန်တွေ ပုံမှန်ထက်နည်းတော
သွေးဆဲလ်လေးတွေ နည်းလာတဲ့အခါ ခန္ဓာကိုယ်က ဆဲလ်တွေဟာ ကြီးထွားဖို့အတွက် အောက်ဆီဂျင် ကောင်းကောင်းမရတော့တာကြောင့် သာမန်ကလေးတွေထက် ကြီးထွားမှုနှေးတာ ဖြစ်ပါတယ်။
ဒါကြောင့် မိမိရင်သွေးလေးတွေမှာ ဒီလိုလက္ခဏာတွေ သတိထားမိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုလိုက်ပါတယ်။
Dr. Htar (www.drmyanmar.com)
Ceelin 2
(Zawgyi)
၁။ စားတဲ့အစားအစာမွာ သံဓာတ္လုံေလာက္ေအာင္မပါလို႔
အသက္ ၆ လအထိ လိုအပ္တဲ့သံဓာတ္ကို မိခင္ႏို႔ကေနရေပမယ့္ ၆ လေက်ာ္သြားတဲ့အခါမွာေတာ့ သံဓာတ္ျပည့္ဝတဲ့အစားအစာေတြ ထည့္သြင္းေကြၽးေမြးေပးရပါမယ္။ အဲဒီလိုေကြၽးေမြးတဲ့အခါမွာ ဗီတာမင္စီ ႂကြယ္ဝတဲ့ အစားအေသာက္ေတြကိုပါ ထည့္သြင္းေကြၽးေမြးေပးရင္ ပိုေကာင္းပါတယ္။ ဘာလို႔လဲဆိုေတာ့ ဗီတာမင္စီဟာ ကိုယ္ခံစြမ္းအားေကာင္းမြန္ေစဖို႔ အေရးပါတဲ့အျပင္ ခႏၶာကိုယ္ကေန သံဓာတ္စုပ္ယူမႈအတြက္လည္း အားေပးကူညီေပးပါတယ္။
ကေလးဟာ အစား ေခ်းမ်ားတာ ဒါမွမဟုတ္ ၆ လေက်ာ္တဲ့အထိ မိခင္ႏို႔တစ္မ်ိဳးပဲ တိုက္ေနမယ္ဆိုရင္ေတာ့ ေသြးအားနည္းေရာဂါျဖစ္ဖို႔ အလားအလာ ရွိပါတယ္။
၂။ အသက္ ၁ ႏွစ္မျပည့္ခင္မွာ ႏြားႏို႔တိုက္တာ
တျခားသံဓာတ္ႂကြယ္ဝတဲ့ ျဖည့္စြက္စာေတြ ေကြၽးရင္းနဲ႔ေတာင္မွ ၁ ႏွစ္မျပည့္ခင္ ႏြားႏို႔တိုက္ထားတဲ့ကေလးဟာ ေသြးအားနည္းေရာဂါ ျဖစ္ႏိုင္ပါတယ္။ ဘာလို႔လဲဆို ႏြားႏို႔မွာ သံဓာတ္ပါဝင္တာနည္း႐ုံမက ခႏၶာကိုယ္ကေန သံဓာတ္စုပ္ယူတာကိုပါ ခက္ခဲေစလို႔ ျဖစ္ပါတယ္။
၃။ လမေစ့ဘဲ ေမြးဖြားတဲ့ကေလးေတြ
လမေစ့ဘဲ ေမြးဖြားတဲ့ကေလးေတြရဲ႕ ခႏၶာကိုယ္မွာ သံဓာတ္ လုံလုံေလာက္ေလာက္ မရွိတာေၾကာင့္ ျဖစ္ပါတယ္။ လမေစ့ဘဲ ေမြးတဲ့ကေလးေတြရဲ႕ ၈၅% ေလာက္က ေသြးအားနည္းေရာဂါျဖစ္တာကို ေတြ႕ရွိရပါတယ္။
၄။ မိခင္မွာ ဆီးခ်ိဳေရာဂါရွိရင္
မိခင္ရဲ႕ဆီးခ်ိဳေရာဂါဟာ ေကာင္းေကာင္းကုသမႈမရထားရင္ ေမြးလာတဲ့ကေလးေလးေတြဟာ ေသြးအားနည္းေနတတ္ပါတယ္။
၅။ ေပါင္မျပည့္ဘဲ ေမြးတဲ့ကေလးေတြ
ေသြးအားနည္းေရာဂါရွိတဲ့ေမေမေတြ ေမြးတဲ့ကေလးေလးေတြဟာ ေပါင္မျပည့္တတ္သလို ေသြးအားနည္းေရာဂါပါ လာတတ္ၾကပါတယ္။
>> ဘယ္လိုလကၡဏာေတြျပလဲ?
● ျဖဴေဖ်ာ့ေနတာ
အသားအေရဟာ ျဖဴေဖ်ာ့မြဲေျခာက္လာပါတယ္။ အထူးသျဖင့္ မ်က္ခြံတစ္ဝိုက္နဲ႔ လက္ေတြမွာ သိသာပါတယ္။
● အားမရွိတာ
အၿမဲတမ္း ပင္ပန္းႏြမ္းနယ္ေနတာ၊ မႈိင္ေတြမွိန္းေနတာ၊ ကစားဖို႔ ေဆာ့ဖို႔ ဘာကိုမွ စိတ္ဝင္စားမႈမရွိတာေတြ ေတြ႕ရတတ္ပါတယ္။
● ဂ်ီက်တာ
ကေလးဟာ အၿမဲလိုလို ဂ်ီက်ငိုေနတာ၊ စိတ္တိုေနတာမ်ိဳး ျဖစ္တတ္ပါတယ္။
● အစားစားခ်င္စိတ္မရွိတာ
ကေလးေလးဟာ အစားကို နည္းနည္းပဲစားတာ ဒါမွမဟုတ္လ ုံးဝကိုမစားေတာ့ပါဘူး။
● အသက္႐ွဴတဲ့ေနရာမွာ ပုံမွန္မဟုတ္တာ
ေမာေနတာ၊ အသက္ကို ဝဝမ႐ွဴႏိုင္တာမ်ိဳး ေတြ႕ရတတ္ပါတယ္။
● ႏွလုံးခုန္ျမန္တာ
ေအာက္ဆီဂ်င္နည္းတာကို အစားထိုးေပးတဲ့အေနနဲ႔ ႏွလုံးက ျမန္ျမန္ခုန္ေပးရင္နဲ႔ ႏွလုံးခုန္ႏႈန္းေတြ ျမန္လာပါတယ္။
● ေျခေတြ၊ လက္ေတြ ေရာင္လာတာ၊ ေဖာလာတာ
● ပုံမွန္မဟုတ္တာေတြစားတာ
စားစရာမဟုတ္တဲ့ ေျမႀကီးေတြ၊ ေျမျဖဴေတြ၊ ဖုန္ေတြ၊ သဲေတြ စတာေတြကို ေကာက္စားတာမ်ိဳး။ ဒီလကၡဏာဟာ အာဟာရခ်ိဳ႕တဲ့ေနတာကို ထင္ထင္ရွားရွား သိႏိုင္တဲ့လကၡဏာ ျဖစ္ပါတယ္။
● အရပ္၊ ကိုယ္အေလးခ်ိန္ေတြ ပုံမွန္ထက္နည္းေတာ
ေသြးဆဲလ္ေလးေတြ နည္းလာတဲ့အခါ ခႏၶာကိုယ္က ဆဲလ္ေတြဟာ ႀကီးထြားဖို႔အတြက္ ေအာက္ဆီဂ်င္ ေကာင္းေကာင္းမရေတာ့တာေၾကာင့္ သာမန္ကေလးေတြထက္ ႀကီးထြားမႈေႏွးတာ ျဖစ္ပါတယ္။
ဒါေၾကာင့္ မိမိရင္ေသြးေလးေတြမွာ ဒီလိုလကၡဏာေတြ သတိထားမိရင္ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးဖို႔ အႀကံျပဳလိုက္ပါတယ္။
Dr. Htar (www.drmyanmar.com)






























