/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်နို့စို့ရန်ငြင်းဆန်သော-အကြောင်းရင်းများ

ကလေးငယ်နို့စို့ရန်ငြင်းဆန်သော အကြောင်းရင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

          များသောအားဖြင့်ကလေးနို့မစို့နိုင်ခြင်းဟာ ကလေးအသက် 3 လနဲ့ 8 လကြားမှာဖြစ်တတ်ပြီး ရက်ပိုင်းလောက်ကြာမြင့်တတ်ပါတယ်။

ကလေး နို့မစို့နိုင်သော အကြောင်းရင်းများ

-  ကလေးသွားပေါက်တာ၊ မှက္ခရုနာပေါက်တာ၊ ပါးစပ်မှာအနာဖြစ်တာအပါအ၀င် နားတွင်းပိုး၀င်ရောက်ခြင်းဖြစ်ပြီး နို့စို့တဲ့အခါနာကျင်သောကြောင့် နို့မစို့နိုင်ခြင်း။

-  နှာခေါင်းပိတ်နေသောကြောင့် နို့မစို့နိုင်ခြင်း။

-  ကလေးနို့ဆာနေခြင်းကို အလျင်စလိုမဖြည့်စွမ်းပေးနိုင်ခြင်းကြောင့် ကလေးအငိုမတိတ်နိုင်ဘဲ နို့မစို့နိုင်ခြင်း။

-  မိခင်အနေနဲ့ ဆပ်ပြာအမျိုးအစားအသစ်ပြောင်းသုံးခြင်း၊ ရေမွှေး၊ Lotion စတဲ့ကိုယ်သင်းရန့ံမွှေး အလှကုန်ပစ္စည်းတွေပြောင်းသုံးခြင်းကြောင့်လည်း ကလေးက ၎င်းရနံ့တွေကို ခံနိုင်ရည်မရှိကာ နို့မစို့ချင်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် မိခင်စားသုံးတဲ့အစားအစာကြောင့်၊ ဆေးဝါးကြောင့်၊ မိခင်မှာ နောက်ထပ်ကိုယ်၀န်လွယ်ထားရခြင်းကြောင့် စတဲ့အကြောင်းရင်းကလေးကို နို့မစို့နိုင်ဖြစ်စေပါတယ်။

-  နို့မှုန်တိုက်တာ၊ ကလေးကိုချိုလိမ်ကိုက်ထားစေတဲ့အချိန်များခြင်းကြောင့် မိခင်နို့ထွက်အားမကောင်းတော့ဘဲ ကလေးနို့မစို့ချင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။

-  အခန့်မသင့်လို့ နောက်ထပ်ကိုယ်၀န်ရသွားခြင်းကြောင့်လည်း နို့ထွက်အားမကောင်းတာဖြစ်တတ်ပါတယ်။

ကလေးနို့စို့နိုင်လာအောင် ဘာတွေလုပ်ပေးသင့်သလဲ

-  နို့ညှစ်ထုတ်ပြီး ဇွန်း(သို့) အစက်ချကိရိယာကို သုံးကာ နို့ရည်ပါးစပ်ထဲသို့ ရောက်အောင်ပြုလုပ်ပါ။

-  ကလေးနှာခေါင်းပိတ်နေတဲ့အခါ ကလေးခန္ဓာကိုယ်အား မတ်မတ်ထားကာ နို့တိုက်ကျေွးပါ။ နှာခေါင်းထဲသို့ Saline အစက်ချ ဆေးရည်ထည့်ပါ။

-  တိတ်ဆိတ်ပြီးဆူညံသံများကင်းလွတ်တဲ့နေရာမှာ နို့တိုက်ကျေွးပါ။

-  ကလေးကိုပွေ့ဖက်ထားပါ။ ပွေ့ဖက်ခြင်းက ကလေးကိုနို့သောက်ချင်စိတ်ဖြစ်စေပါတယ်။

-  ကလေးသွားပေါက်စပြုနေပြီဆိုပါက နို့မတိုက်ခင် ကလေးသွားဖုံးကို အ၀တ်သန့်သန့်ဖြင့်ပွတ်ပေးတာ (သို့) သင့်လက်ချောင်းကို သေချာဆေးပြီး ပွတ်တာကိုဦးစွာပြုလုပ်ပါ။

 

       ကလေးနို့မစို့နိုင်တာ ရက်ပိုင်းထက်ပိုကြာနေပါက ဆရာ၀န်နဲ့ပြသင့်ပါပြီ။

 

CMS

www.drmyanmar.com