ကလေးငယ်ပါလေးတွေ ရောင်နေသလား?
မလန့်သွားကြပါနဲ့နော်။ ကလေးလေးတွေမွေးခါစရက်ပိုင်းမှာ ငယ်ပါလေးတွေ ရောင်နေတတ်ကြတယ်။ ကလေးတွေဟာ မွေးစမှာ အရည်ပိုတွေစုနေတတ်ကြတယ်။ ဒီအရည်ပိုတွေဟာ ကလေးလေးရဲ့ငယ်ပါလေးမှာ လာစုနေကြတဲ့အတွက် မိန်းမကိုယ်လေးတွေ၊ ဝှေးစေ့လေးတွေ ဖောင်းနေတတ်ကြတာပါ။ ကလေးလေးရဲ့ မျက်ခွံလေးတွေမှာလည်း စုတတ်ကြသေးတယ်။ ရက်နည်းနည်းလေးကြာလာတဲ့အခါ တစ်ဖြည်းဖြည်းနဲ့ ဖောင်းနေတာလေးပြန်ကျသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်၁၀%လောက် ကျသွားလေ့ရှိတယ်။
ဒါ့အပြင် သမီးမိန်းကလေးတွေဟာ ကိုယ်ဝန်ဆောင်စဉ် အမေ့ဗိုက်ထဲမှာ အမေ့ဆီကဟော်မုန်းေတွ ရောက်လာတာကြောင့်လည်း ရောင်တတ်သေးတယ်။ တကယ်လို့ လမစေ့တဲ့သမီးမိန်းကလေးတွေဆိုရင်တော့ မိန်းမကိုယ်နှုတ်ခမ်းအတွင်းသားနဲ့ မိန်းမအင်္ဂါစေ့လေးပါ ကြီးနေတတ်တယ်။ ဒါ့အပြင် ဖြူ ဖြူ ကြည်ကြည်လေးတွေဆင်းတာ၊ သွေးနည်းနည်းဆင်းတာတွေပါ ဖြစ်တတ်တယ်။ ဒါပုံမှန်ပဲနော်။ ဖောင်းနေတာတွေ၊ အဖြူ ဆင်းတာတွေဟာ နောက်တစ်ပတ်နှစ်ပတ်လောက် အကြာမှာတင် ပျောက်သွားမှာပါ။
ဒါပေမယ့် ၆ပတ်ကြာတဲ့အထိကို အဖြူ တွေသွေးတွေဆင်းနေတုန်းဆိုရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုနေပါပြီနော်။
သားယောကျၤားလေးရဲ့ ကပ္ပာယ်အိတ်လေးတွေဟာလည်း ရက်ပိုငး်လောက်ကြာတဲ့အထိကို ဖောင်းနေတယ်ဆိုရင်တော့ ဝှေးစေ့ဘေးမှာ ရေတွေဝိုင်းနေတာကြောင့်ဖြစ်နိုင်တယ်။ ကပ္ပာယ်အိတ်ရေစုတယ်လို့လည်း ခေါ်တယ်။ ဒီလိုအြခေအနေမျိုးမှာလည်း ဆရာဝန်နဲ့ပြသင့်တယ်။ လပိုင်းတွင်းမှာတင် ဒါမှမဟုတ် အသက်၂နှစ်လောက်မှာ ပျောက်သွားတတ်တာမျိုးလည်း ရှိတာကြောင့် အရမ်းကြောက်စရာတော့မလိုဘူးနော်။
သားယောကျၤားလေးမှာ လိင်တံထိပ်အရေပြားဖြတ်တောက်ထားရင် အနာကျက်ဖို့ ၇ရက်ကနေ ၁၀ရက်လောက်ထိ ကြာနိုင်တယ်။ လုပ်ပြီးရက်ပိုင်းအတွင်းမှာ ကလေးရဲ့လိင်တံလေး နီပြီးရောင်ရမ်းနေလိမ့်မယ်။ ပြီးတော့ ဝါဝါအရည်တွေလည်း ထွက်တတ်တယ်။ ပုံမှန်အနာကျက်တဲ့လက္ခဏာတွေပဲမု့ိ မလန့်သွားကြပါနဲ့နော်။
တကယ်လို့ ပိုးဝင်သွားတယ်ဆိုရင်တော့ နီရဲနေတာ မပျောက်တော့ဘဲ သွေးတွေထွက်ပြီး ရောင်ရမ်းနေတတ်တယ်။ နာတာကိုက်တာ၊ ဆီးသွားရင် ငိုတာမျိုးတွေလည်း ရှိနိုင်တယ်။ ဒီလို လက္ခဏာတွေရှိရင် ဆရာဝန်နဲ့ပြန်ပြဖု့ိလိုတယ်။
(Unicode)






























