ကလေးငယ်များကို အကောင်းမွန်ဆုံး ပြုစုပျိုးထောင်လိုတဲ့ မိဘများ ဖတ်ဖို့
(၁) ကလေးရဲ့အားစိုက်ထုတ်မှုကို ချီးကျူးပါ။
ချီးကျူးခြင်းခံရတဲ့ ကလေးတွေအနေနဲ့ ကြိုးစားမှုကို ရေရှည်ထိန်းထားဖို့ ပိုမိုအားစိုက်ထုတ်လိုကြတဲ့အတွက် အောင်မြင်တဲ့ကလေးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး ချီးကျူးပါက ကလေးဟာ ဒီအပေါ်မှာ သာယာသွားပြီး ချီးကျူးမှုမရှိတဲ့အခါ ကြိုးစားမှုလည်း နည်းသွားနိုင်ပါတယ်။ ဒါကြောင့် ချီးကျူးပါ။ ဒါပေမဲ့ အမြဲတမ်းတော့ မချီးကျူးသင့်ပါဘူး။
(၂) ကလေးကို အိပ်ရေး၀၀ အိပ်ခိုင်းပါ။
အချိန်တစ်နာရီစာ အိပ်ချိန်လျော့ပါက Grade 6 ကလေးငယ်ကို Grade 4 ကလေးငယ်ရဲ့ ဉာဏ်ရည်သို့ လျော့ကျစေပါတယ်။ တကယ်ကိုပဲ တစ်နာရီစာအိပ်ချိန် ကွာဟမှုလေးကြောင့် အတန်းတွင်း စာသင်ကြားမှုစွမ်းရည်တွေလည်း ကွာဟနိုင်ပါတယ်။ ကလေးများအနေနဲ့ ကာလအတန်ကြာအောင် အိပ်ရေးပျက်ပါက ဦးနှောက်ပုံပျက်မှုတောင် ဖြစ်ပေါ်နိုင်ပြီး နောက်ပိုင်းမှာ စိတ်ကျခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းတို့တောင် ကြုံတွေ့ရနိုင်ပါတယ်။
(၃) ရိုးသားဖြူစင်သောကလေးများဖြစ်အောင် ပျိုးထောင်ပါ။
ကလေးများအနေနဲ့ မိဘတွေကို စိတ်ချမ်းသာစေချင်တာကြောင့် တစ်ခါတလေ လိမ်ပြောတာမျိုး ရှိပါတယ်။ ဒီအခါမှာ အမှန်တရားကို ပြောခြင်းကသာ မေမေတို့ကို ပျော်ရွှင်စေမှာဖြစ်တယ်ဆိုတာ သိအောင် ပြောပေးပါ။ သား အမှန်အတိုင်းပြောလို့ မေမေ စိတ်မဆိုးဘူး လိမ်ပြောမှ မေမေ စိတ်မကောင်းဖြစ်ရမယ် စသည်ဖြင့် ချိုသာသောစကားလုံးများကို ရွေးချယ်သင့်ပါတယ်။
Nutrilin IA 1

(၄) စည်းကမ်းချမှတ်ပါ။
အကွပ်မဲ့ကြမ်း ပရမ်းပတာဆိုတဲ့ စကားပုံကို ကြားဖူးကြပါလိမ့်မယ်။ လက်တွေ့မှာလည်း စည်းကမ်းနဲ့ ကြီးပြင်းလာခြင်းမရှိဘဲ အလိုလိုက်ခံရလွန်းသော ကလေးတွေဟာာ ကြီးပြင်းတဲ့အခါမှာ ရိုင်းစိုင်းသောသူများ ဖြစ်လာတတ်ကြတာ တွေ့ဖူးကြမှာပါ။
ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေကို တကယ်ချစ်တယ်ဆိုရင် ငယ်စဉ်ကတည်းက စည်းကမ်းတကျ ကြီးပြင်းဖို့ ပျိုးထောင်ပေးသင့်ပါတယ်။ သတိထားရမှာကတော့ လိုတာထက်ပိုပြီး စည်းကမ်းတင်းကြပ်လွန်းရင်လည်း ကလေးတွေအနေနဲ့ ငြီးငွေ့ပြီး လူကြီးလစ်တာနဲ့ လုပ်ချင်တာလုပ်တဲ့သူတွေ ဖြစ်လာနိုင်ပါတယ်။
(၅) ဆယ်ကျော်သက်သားသမီးတွေနဲ့ မိဘတွေကြား ငြင်းခုန်ပေးခြင်းက ချစ်ခြင်းကို ပိုတိုးပွားစေပါတယ်။
မိဘတွေနဲ့ ဆယ်ကျော်သက်ကလေးတွေကြား အနည်းငယ် ကတောက်ကဆဖြစ်ခြင်းက ဆက်ဆံရေးကို ပိုတောင်ခိုင်မာစေကြောင်း လေ့လာချက်တွေအရ သိရှိရပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Nutrilin IA 2

(၁) ကေလးရဲ႕အားစိုက္ထုတ္မႈကို ခ်ီးက်ဴးပါ။
ခ်ီးက်ဴးျခင္းခံရတဲ့ ကေလးေတြအေနနဲ႔ ႀကိဳးစားမႈကို ေရရွည္ထိန္းထားဖို႔ ပိုမိုအားစိုက္ထုတ္လိုၾကတဲ့အတြက္ ေအာင္ျမင္တဲ့ကေလးေတြ ျဖစ္လာႏိုင္ပါတယ္။ ဒါေပမဲ့ လိုတာထက္ပိုၿပီး ခ်ီးက်ဴးပါက ကေလးဟာ ဒီအေပၚမွာ သာယာသြားၿပီး ခ်ီးက်ဴးမႈမရွိတဲ့အခါ ႀကိဳးစားမႈလည္း နည္းသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်ီးက်ဴးပါ။ ဒါေပမဲ့ အၿမဲတမ္းေတာ့ မခ်ီးက်ဴးသင့္ပါဘူး။
(၂) ကေလးကို အိပ္ေရး၀၀ အိပ္ခိုင္းပါ။
အခ်ိန္တစ္နာရီစာ အိပ္ခ်ိန္ေလ်ာ့ပါက Grade 6 ကေလးငယ္ကို Grade 4 ကေလးငယ္ရဲ႕ ဉာဏ္ရည္သို႔ ေလ်ာ့က်ေစပါတယ္။ တကယ္ကိုပဲ တစ္နာရီစာအိပ္ခ်ိန္ ကြာဟမႈေလးေၾကာင့္ အတန္းတြင္း စာသင္ၾကားမႈစြမ္းရည္ေတြလည္း ကြာဟႏိုင္ပါတယ္။ ကေလးမ်ားအေနနဲ႔ ကာလအတန္ၾကာေအာင္ အိပ္ေရးပ်က္ပါက ဦးေႏွာက္ပုံပ်က္မႈေတာင္ ျဖစ္ေပၚႏိုင္ၿပီး ေနာက္ပိုင္းမွာ စိတ္က်ျခင္းနဲ႔ စိတ္ပိုင္းဆိုင္ရာ မူမမွန္ျခင္းတို႔ေတာင္ ႀကဳံေတြ႕ရႏိုင္ပါတယ္။
(၃) ႐ိုးသားျဖဴစင္ေသာကေလးမ်ားျဖစ္ေအာင္ ပ်ိဳးေထာင္ပါ။
ကေလးမ်ားအေနနဲ႔ မိဘေတြကို စိတ္ခ်မ္းသာေစခ်င္တာေၾကာင့္ တစ္ခါတေလ လိမ္ေျပာတာမ်ိဳး ရွိပါတယ္။ ဒီအခါမွာ အမွန္တရားကို ေျပာျခင္းကသာ ေမေမတို႔ကို ေပ်ာ္႐ႊင္ေစမွာျဖစ္တယ္ဆိုတာ သိေအာင္ ေျပာေပးပါ။ သား အမွန္အတိုင္းေျပာလို႔ ေမေမ စိတ္မဆိုးဘူး လိမ္ေျပာမွ ေမေမ စိတ္မေကာင္းျဖစ္ရမယ္ စသည္ျဖင့္ ခ်ိဳသာေသာစကားလုံးမ်ားကို ေရြးခ်ယ္သင့္ပါတယ္။
(၄) စည္းကမ္းခ်မွတ္ပါ။
အကြပ္မဲ့ၾကမ္း ပရမ္းပတာဆိုတဲ့ စကားပုံကို ၾကားဖူးၾကပါလိမ့္မယ္။ လက္ေတြ႕မွာလည္း စည္းကမ္းနဲ႔ ႀကီးျပင္းလာျခင္းမရွိဘဲ အလိုလိုက္ခံရလြန္းေသာ ကေလးေတြဟာာ ႀကီးျပင္းတဲ့အခါမွာ ႐ိုင္းစိုင္းေသာသူမ်ား ျဖစ္လာတတ္ၾကတာ ေတြ႕ဖူးၾကမွာပါ။
ဒါေၾကာင့္ မိဘေတြအေနနဲ႔ သားသမီးေတြကို တကယ္ခ်စ္တယ္ဆိုရင္ ငယ္စဥ္ကတည္းက စည္းကမ္းတက် ႀကီးျပင္းဖို႔ ပ်ိဳးေထာင္ေပးသင့္ပါတယ္။ သတိထားရမွာကေတာ့ လိုတာထက္ပိုၿပီး စည္းကမ္းတင္းၾကပ္လြန္းရင္လည္း ကေလးေတြအေနနဲ႔ ၿငီးေငြ႕ၿပီး လူႀကီးလစ္တာနဲ႔ လုပ္ခ်င္တာလုပ္တဲ့သူေတြ ျဖစ္လာႏိုင္ပါတယ္။
(၅) ဆယ္ေက်ာ္သက္သားသမီးေတြနဲ႔ မိဘေတြၾကား ျငင္းခုန္ေပးျခင္းက ခ်စ္ျခင္းကို ပိုတိုးပြားေစပါတယ္။
မိဘေတြနဲ႔ ဆယ္ေက်ာ္သက္ကေလးေတြၾကား အနည္းငယ္ ကေတာက္ကဆျဖစ္ျခင္းက ဆက္ဆံေရးကို ပိုေတာင္ခိုင္မာေစေၾကာင္း ေလ့လာခ်က္ေတြအရ သိရွိရပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























