/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များတွင်-ဖြစ်လေ့ရှိသော-သံဓာတ်နည်းပါးခြင်းနှင့်

ကလေးငယ်များတွင် ဖြစ်လေ့ရှိသော သံဓာတ်နည်းပါးခြင်းနှင့် သွေးအားနည်းရောဂါအကြောင်း

Category
ကလေးများနှင့်ကျန်းမာရေး

သံဓာတ်ဟာ ရင်သွေးလေးများရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် အရေးပါသော အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ သံဓာတ်နည်းပါးပါက သွေးအားနည်းရောဂါ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်များအတွက် သံဓာတ်ရဲ့အရေးပါပုံနှင့် သွေးအားနည်းခြင်းအကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

>>  ဘာကြောင့် သံဓာတ်က အရေးကြီးရသလဲ?
သံဓာတ်ဟာ အဆုတ်တွေဆီက အောက်ဆီဂျင်ကို ကိုယ်ခန္ဓာတစ်ခုလုံးနှင့် ကြွက်သားတွေဆီသို့ ပို့ဆောင်ပေးပါတယ်။ သံဓာတ်နည်းပါးနေမယ်ဆိုရင်တော့ သွေးအားနည်းရောဂါ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။
သံဓာတ်နည်းပါးခြင်းကို စောစီးစွာ မကုသရင်တော့ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။

>> ဘယ်သူတွေမှာ အဖြစ်များသလဲ?
●  ပေါင်မပြည့်၊ လမစေ့ဘဲ မွေးသောကလေးများ
●  အသက် ၆ လ နောက်ပိုင်းမှာ သံဓာတ်ပါသော ဖြည့်စွက်စာကျွေးခြင်းမခံရသော ကလေးများ
●  သံဓာတ်ဖြည့်စွက်ထားခြင်းမရှိသော နို့မှုန့်သောက်နေသည့် ကလေးများ
●  အစာရှောင်သောကလေးများ
●  ရောဂါအခံရှိသောကလေးများ

Nutrilin IA 1

>>  သံဓာတ်နည်းပါးသောလက္ခဏာများ
●  အသားအရေဖြူဖျော့ခြင်း
●  ပင်ပန်းနွမ်းနယ်ခြင်း
●  လက်ဖျားခြေဖျားအေးခြင်း
●  ကျုံလှီသေးကွေးခြင်း
●  အစာမစားခြင်း
●  အသက်ရှူမြန်ခြင်း
●  မကြာခဏ နေမကောင်းဖြစ်ခြင်း
●  မြေကြီးများစားခြင်း

>>  ဘယ်လိုကာကွယ်မလဲ?
●  ကလေးကို သံဓာတ်ပြည့်ဝစွာပါသော အစားအစာများကို ကျွေးမွေးပါ။
ဖြည့်စွက်စာကျွေးသောအရွယ်သို့ ရောက်ပါက သံဓာတ်ဖြည့်စွက်ထားသော Cereal၊ အသားနှင့်ပဲများကို ကျွေးမွေးသင့်ပါတယ်။ အသက်တစ်နှစ်အထက် ကလေးများကိုတော့ အသား၊ ငါး၊ ပဲ၊ အသီးအရွက်အမျိုးမျိုးကို ကျွေးနိုင်ပါတယ်။
●  နွားနို့ကို အလွန်အကျွံတိုက်ခြင်း ရှောင်ပါ။
●  ဗီတာမင်စီ ပြည့်ဝပါစေ။ ဗီတာမင်စီဟာ သံဓာတ်ကို အူကနေ စုပ်ယူမှုအားကောင်းစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် ကလေးကိုချဉ်သောအသီးများ၊ အစိမ်းရင့်ရောင်အရွက် များ၊ ခရမ်းချဉ်သီး စတာတွေကို ကျွေးသင့်ပါတယ်။
ကလေးတွေမှာ သံဓာတ်အားနည်းခြင်းမဖြစ်စေဖို့ ကြိုတင်ကာကွယ်လို့ ရပါတယ်။ သံဓာတ်ပြည့်ဝမှသာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ပိုမိုအားကောင်းစေမှာဖြစ်လို့ မေမေတို့အနေနှင့်လည်း ရင်သွေးလေးတွေကို သံဓာတ်ပြည့်ဝအောင် ကျွေးမွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Nutrilin IA 2

(Zawgyi)

သံဓာတ္ဟာ ရင္ေသြးေလးမ်ားရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈအတြက္ မရွိမျဖစ္ အေရးပါေသာ အာဟာရဓာတ္တစ္ခု ျဖစ္ပါတယ္။ ကေလးငယ္ေတြမွာ သံဓာတ္နည္းပါးပါက ေသြးအားနည္းေရာဂါ ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။ ဒီေဆာင္းပါးေလးမွာေတာ့ ကေလးငယ္မ်ားအတြက္ သံဓာတ္ရဲ႕အေရးပါပုံႏွင့္ ေသြးအားနည္းျခင္းအေၾကာင္းကို ေဖာ္ျပေပးမွာ ျဖစ္ပါတယ္။

>>  ဘာေၾကာင့္ သံဓာတ္က အေရးႀကီးရသလဲ?
သံဓာတ္ဟာ အဆုတ္ေတြဆီက ေအာက္ဆီဂ်င္ကို ကိုယ္ခႏၶာတစ္ခုလုံးႏွင့္ ႂကြက္သားေတြဆီသို႔ ပို႔ေဆာင္ေပးပါတယ္။ သံဓာတ္နည္းပါးေနမယ္ဆိုရင္ေတာ့ ေသြးအားနည္းေရာဂါ ျဖစ္ေပၚေစမွာ ျဖစ္ပါတယ္။
သံဓာတ္နည္းပါးျခင္းကို ေစာစီးစြာ မကုသရင္ေတာ့ ကေလးရဲ႕ႀကီးထြားဖြံ႕ၿဖိဳးမႈကို ထိခိုက္ေစမွာ ျဖစ္ပါတယ္။

>> ဘယ္သူေတြမွာ အျဖစ္မ်ားသလဲ?
●  ေပါင္မျပည့္၊ လမေစ့ဘဲ ေမြးေသာကေလးမ်ား
●  အသက္ ၆ လ ေနာက္ပိုင္းမွာ သံဓာတ္ပါေသာ ျဖည့္စြက္စာေကြၽးျခင္းမခံရေသာ ကေလးမ်ား
●  သံဓာတ္ျဖည့္စြက္ထားျခင္းမရွိေသာ ႏို႔မႈန႔္ေသာက္ေနသည့္ ကေလးမ်ား
●  အစာေရွာင္ေသာကေလးမ်ား
●  ေရာဂါအခံရွိေသာကေလးမ်ား

>>  သံဓာတ္နည္းပါးေသာလကၡဏာမ်ား
●  အသားအေရျဖဴေဖ်ာ့ျခင္း
●  ပင္ပန္းႏြမ္းနယ္ျခင္း
●  လက္ဖ်ားေျခဖ်ားေအးျခင္း
●  က်ဳံလွီေသးေကြးျခင္း
●  အစာမစားျခင္း
●  အသက္ရႉျမန္ျခင္း
●  မၾကာခဏ ေနမေကာင္းျဖစ္ျခင္း
●  ေျမႀကီးမ်ားစားျခင္း

>>  ဘယ္လိုကာကြယ္မလဲ?
●  ကေလးကို သံဓာတ္ျပည့္ဝစြာပါေသာ အစားအစာမ်ားကို ေကြၽးေမြးပါ။
ျဖည့္စြက္စာေကြၽးေသာအရြယ္သို႔ ေရာက္ပါက သံဓာတ္ျဖည့္စြက္ထားေသာ Cereal၊ အသားႏွင့္ပဲမ်ားကို ေကြၽးေမြးသင့္ပါတယ္။ အသက္တစ္ႏွစ္အထက္ ကေလးမ်ားကိုေတာ့ အသား၊ ငါး၊ ပဲ၊ အသီးအရြက္အမ်ိဳးမ်ိဳးကို ေကြၽးႏိုင္ပါတယ္။
●  ႏြားႏို႔ကို အလြန္အကြၽံတိုက္ျခင္း ေရွာင္ပါ။
●  ဗီတာမင္စီ ျပည့္ဝပါေစ။ ဗီတာမင္စီဟာ သံဓာတ္ကို အူကေန စုပ္ယူမႈအားေကာင္းေစဖို႔ ကူညီေပးပါတယ္။ ဒါေၾကာင့္ ကေလးကိုခ်ဥ္ေသာအသီးမ်ား၊ အစိမ္းရင့္ေရာင္အရြက္ မ်ား၊ ခရမ္းခ်ဥ္သီး စတာေတြကို ေကြၽးသင့္ပါတယ္။
ကေလးေတြမွာ သံဓာတ္အားနည္းျခင္းမျဖစ္ေစဖို႔ ႀကိဳတင္ကာကြယ္လို႔ ရပါတယ္။ သံဓာတ္ျပည့္ဝမွသာ ကေလးရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈကို ပိုမိုအားေကာင္းေစမွာျဖစ္လို႔ ေမေမတို႔အေနႏွင့္လည္း ရင္ေသြးေလးေတြကို သံဓာတ္ျပည့္ဝေအာင္ ေကြၽးေမြးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)