ကလေးငယ်များတွင် ဖြစ်လေ့ရှိသော အပူကန်နာ
ကလေးငယ်လေးတွေရဲ့ ပါးစပ်ထဲမှာ အပူဖုလို အဖုငယ်လေးများ ဖြစ်ပေါ်တာမျိုး ကြုံတွေ့ဖူးပါလိမ့်မယ်။ ဒီအနာလေးတွေဟာ သွားတိုက်ခြင်းနှင့် သွားနှင့်ခံတွင်းကုသမှုတွေ ခံယူနေစဉ် ဒဏ်ရာဖြစ်ခြင်းကနေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါ့ပြင် ဗီတာမင် ချို့တဲ့ခြင်းနှင့် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။
>> ကလေးတွေမှာ ပါးစပ်တွင်းအနာများ ဘာလို့ဖြစ်ပေါ်ရသလဲ?
● ဗီတာမင်ချို့တဲ့ခြင်း
● အချို့အစားအစာနှင့် ဓာတ်မတည့်ခြင်း
● သွားတိုက်တံအကြမ်းစားများနှင် တိုက်ခြင်း
● မျိုးရိုးကြောင့်နှင့်
● ဗိုင်းရပ်စ်ပိုးဝင်ခြင်း စသည်တို့ကြောင့် ဖြစ်တတ်ပါတယ်။
Ceelin Plus 1

>> ပါးစပ်တွင်းအနာများရဲ့ လက္ခဏာတွေကတော့ -
● အနာရဲ့အလည်ဗဟိုမှာ အဝါရောင် သို့မဟုတ် အဖြူရောင်ရှိနေပြီး ဘေးပတ်လည်မှာ အနီဖြင့် ဝန်းရံထားခြင်း
● သွားတိုက်ခြင်းနှင့်အစာစားခြင်းပြုလုပ်ချိန်တိုင်း နာကျင်ခြင်း
● အနာပတ်လည်ရှိ အရေပြားနီရဲနာကျင်ခြင်း
● သွားတိုက်စဉ်နှင့်အစာစားစဉ်တွင် ပေါက်ပြီး သွေးစိမ့်ခြင်း
● အစာစားလိုစိတ်မရှိခြင်း
● ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ပါးစပ်အနာတွေကတော့ ဖျားခြင်းနှင့်တွဲဖက်ဖြစ်ပေါ်လေ့ရှိပါတယ်။
Ceelin Plus 2

>> ကုသနည်း
● အထူးအထွေကုသမှုခံယူဖို့မလိုဘဲ ပြန်လည်သက်သာတတ်ပါတယ်။ နာကျင်ခြင်းဟာလည်း ၃-၄ ရက် ကြာသောအခါ သက်သာသွားပါတယ်။
● ဆရာဝန်နှင့်ပြသပြီး ဆေးလိမ်းခြင်း၊ ဗီတာမင်များသောက်ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
● နာကျင်သောနေရာပေါ်သို့ ရေခဲကပ်ခြင်း၊ အစာပျော့ကိုသာကျွေးခြင်း၊ ရေများများတိုက်ခြင်း၊ အစပ်စားခြင်းကို ရှောင်ကြဉ်ခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ်။
● ဗီတာမင် C ၊ ဇင့်ဓာတ်၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B12၊ သံဓာတ်ပြည့်ဝစွာပါသော အစားအစာများ သို့မဟုတ် အားဆေးများကို တိုက်ကျွေးနိုင်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























