/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များတွင်-အဖြစ်များသော-ကူးစက်ရောဂါများအကြောင်း

ကလေးငယ်များတွင် အဖြစ်များသော ကူးစက်ရောဂါများအကြောင်း

Category
ကလေးများနှင့်ကျန်းမာရေး

(၁)  အအေးမိခြင်း
ဗိုင်းရပ်စ်အမျိုးပေါင်း ၂၀၀ ကျော်ကြောင့် အအေးမိခြင်းနဲ့အသက်ရှူလမ်းကြောင်းပြဿနာများကို ဖြစ်ပေါ်စေပါတယ်။ အသက် ၆ နှစ်အောက် ကလေးငယ်အများစုဟာ တစ်နှစ်ကို ၆ ကြိမ်ကနေ ၁၀ ကြိမ်ခန့် အအေးမိခြင်းကို ခံစားရတတ်ပါတယ်။ အအေးမိနေသော ကလေးငယ်တစ်ဦးဆီကနေ တစ်ဦးဆီသို့ အလွယ်တကူ ကူးစက်တတ်တဲ့အတွက် သတိထားသင့်ပါတယ်။

(၂)  အူလမ်းကြောင်းပြဿနာများ
ဝမ်းပျက်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းနဲ့အတူ ဖျားနာခြင်းကိုပါ တွဲဖက်ခံစားရတတ်ပြီး အသက် ၅ နှစ်အောက် ကလေးငယ်များတွင် ပိုမိုအဖြစ်များတတ်ပါတယ်။ ဝေဒနာခံစားနေရသူနဲ့ နီးကပ်စွာနေခြင်း သို့မဟုတ် ယင်နားသောအစားအစာများကို စားခြင်းဖြင့် ကူးစက်တတ်တာမို့ သန့်ရှင်းရေးကို အထူးဂရုပြုဖို့ လိုပါတယ်။

(၃)  မျက်စိနာခြင်း
မျက်စိနီရဲခြင်းနဲ့အတူ ယားယံခြင်း၊ မျက်ရည်ပူကျခြင်း၊ မျက်ဝတ်များထွက်ခြင်းနဲ့ မျက်စိနာကျင်ပူလောင်ခြင်းတို့ကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်ပြီး ကလေးတစ်ဦးစီကနေတစ်ဦးကို အလွယ်တကူ ကူးစက်နိုင်ပါတယ်။

(၄)  Fifth disease (ပါဗိုဗိုင်းရပ်စ်)
ကလေးငယ်ရဲ့ ပါးနှစ်ဖက်မှာ အရိုက်ခံထားရသကဲ့သို့ အနီရောင်ပြင်လိုက်ကြီး ဖြစ်ပေါ်လာပါတယ်။ နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ ငွေ့ငွေ့ဖျားခြင်းနဲ့အတူ မျက်စိနီရဲခြင်းစသော လက္ခဏာများ စတင်ဖြစ်ပေါ်ပြီးနောက် ၁၀ ရက်အကြာမှာ မျက်နှာပေါ်ရှိအနီပြင်များ ဖြစ်ပေါ်လာပါတယ်။ Parvo ဗိုင်းရပ်စ်ကြောင့်ဖြစ်တတ်ပြီး ရောဂါရှိနေသော ကလေးရဲ့ တံတွေးနဲ့သလိပ်ကနေတစ်ဆင့် ကူးစက်စေပါတယ်။

Biogesic for kids IA 1

(၅)  ခေါင်းသန်းများ
သန်းများက ကလေးငယ်ရဲ့ဦးရေပြားက သွေးကို စုပ်ယူကြပြီး ဥများကို ချပေးခြင်းဖြင့် ပွားလာစေပါတယ်။ ကလေးချင်း ဆော့ကစားရာမှ ဦးခေါင်းကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ ပြင်းထန်သောပြဿနာများကို မဖြစ်စေနိုင်ပေမယ့် ကလေးကို ယားယံစေတဲ့အတွက် သန်းများကို ပျောက်ကင်းအောင် ပြုလုပ်သင့်ပါတယ်။

(၆)  Hand Foot and Mouth disease ခေါ် လျှာနာခွာနာရောဂါ
သူ့နာမည်အတိုင်း ကလေးရဲ့ လက်၊ ခြေထောက်နဲ့ ပါးစပ်တွေမှာ အရည်ကြည်ဖုများ ပေါ်ထွက်စေတဲ့ရောဂါ ဖြစ်ပါတယ်။ အသက် ၁၀ နှစ်အောက်ကလေးငယ်တွေမှာ အဖြစ်များတတ်ပြီး ရောဂါဖြစ်နေသူရဲ့ တံတွေး၊ သလိပ်၊ အရည်ကြည်ဖုနဲ့ မစင်ကနေတစ်ဆင့် ကူးစက်တတ်ပါတယ်။ အရည်ကြည်ဖုများအပြင် ဖျားခြင်း၊ နှာရည်ကျခြင်း၊ လည်ချောင်းနာခြင်းတို့ပါ ခံစားရတတ်ပါတယ်။

(၇)  ကြက်ညှာချောင်းဆိုး
အအေးမိခြင်းနဲ့တူသော လက္ခဏာများကို ခံစားရပြီးနောက် တစ်ပတ်၊ နှစ်ပတ်ခန့်အကြာတွင် အဆက်မပြတ် ချောင်းဆိုးခြင်း ဖြစ်ပေါ်စေပါတယ်။ ချောင်းဆိုးရလွန်းသဖြင့် အသံတိမ်ဝင်သွားတတ်ပြီး အလွန်ကူးစက်လွယ်သော ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ညာချောင်းဆိုးရောဂါ ဖြစ်ပေါ်ပါက မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

(၁)  အေအးမိျခင္း
ဗိုင္းရပ္စ္အမ်ိဳးေပါင္း ၂၀၀ ေက်ာ္ေၾကာင့္ အေအးမိျခင္းနဲ႔အသက္ရွဴလမ္းေၾကာင္းျပႆနာမ်ားကို ျဖစ္ေပၚေစပါတယ္။ အသက္ ၆ ႏွစ္ေအာက္ ကေလးငယ္အမ်ားစုဟာ တစ္ႏွစ္ကို ၆ ႀကိမ္ကေန ၁၀ ႀကိမ္ခန႔္ အေအးမိျခင္းကို ခံစားရတတ္ပါတယ္။ အေအးမိေနေသာ ကေလးငယ္တစ္ဦးဆီကေန တစ္ဦးဆီသို႔ အလြယ္တကူ ကူးစက္တတ္တဲ့အတြက္ သတိထားသင့္ပါတယ္။

(၂)  အူလမ္းေၾကာင္းျပႆနာမ်ား
ဝမ္းပ်က္ျခင္း၊ ေအာ့အန္ျခင္း၊ ဗိုက္နာျခင္းနဲ႔အတူ ဖ်ားနာျခင္းကိုပါ တြဲဖက္ခံစားရတတ္ၿပီး အသက္ ၅ ႏွစ္ေအာက္ ကေလးငယ္မ်ားတြင္ ပိုမိုအျဖစ္မ်ားတတ္ပါတယ္။ ေဝဒနာခံစားေနရသူနဲ႔ နီးကပ္စြာေနျခင္း သို႔မဟုတ္ ယင္နားေသာအစားအစာမ်ားကို စားျခင္းျဖင့္ ကူးစက္တတ္တာမို႔ သန႔္ရွင္းေရးကို အထူးဂ႐ုျပဳဖို႔ လိုပါတယ္။

(၃)  မ်က္စိနာျခင္း
မ်က္စိနီရဲျခင္းနဲ႔အတူ ယားယံျခင္း၊ မ်က္ရည္ပူက်ျခင္း၊ မ်က္ဝတ္မ်ားထြက္ျခင္းနဲ႔ မ်က္စိနာက်င္ပူေလာင္ျခင္းတို႔ကိုပါ ခံစားရမွာ ျဖစ္ပါတယ္။ ဗိုင္းရပ္စ္နဲ႔ ဘက္တီးရီးယားပိုးဝင္ျခင္းေၾကာင့္ ျဖစ္တတ္ၿပီး ကေလးတစ္ဦးစီကေနတစ္ဦးကို အလြယ္တကူ ကူးစက္ႏိုင္ပါတယ္။

(၄)  Fifth disease (ပါဗိုဗိုင္းရပ္စ္)
ကေလးငယ္ရဲ႕ ပါးႏွစ္ဖက္မွာ အ႐ိုက္ခံထားရသကဲ့သို႔ အနီေရာင္ျပင္လိုက္ႀကီး ျဖစ္ေပၚလာပါတယ္။ ႏွာရည္ယိုျခင္း၊ ေခါင္းကိုက္ျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေငြ႕ေငြ႕ဖ်ားျခင္းနဲ႔အတူ မ်က္စိနီရဲျခင္းစေသာ လကၡဏာမ်ား စတင္ျဖစ္ေပၚၿပီးေနာက္ ၁၀ ရက္အၾကာမွာ မ်က္ႏွာေပၚရွိအနီျပင္မ်ား ျဖစ္ေပၚလာပါတယ္။ Parvo ဗိုင္းရပ္စ္ေၾကာင့္ျဖစ္တတ္ၿပီး ေရာဂါရွိေနေသာ ကေလးရဲ႕ တံေတြးနဲ႔သလိပ္ကေနတစ္ဆင့္ ကူးစက္ေစပါတယ္။

(၅)  ေခါင္းသန္းမ်ား
သန္းမ်ားက ကေလးငယ္ရဲ႕ဦးေရျပားက ေသြးကို စုပ္ယူၾကၿပီး ဥမ်ားကို ခ်ေပးျခင္းျဖင့္ ပြားလာေစပါတယ္။ ကေလးခ်င္း ေဆာ့ကစားရာမွ ဦးေခါင္းကေနတစ္ဆင့္ ကူးစက္တတ္ပါတယ္။ ျပင္းထန္ေသာျပႆနာမ်ားကို မျဖစ္ေစႏိုင္ေပမယ့္ ကေလးကို ယားယံေစတဲ့အတြက္ သန္းမ်ားကို ေပ်ာက္ကင္းေအာင္ ျပဳလုပ္သင့္ပါတယ္။

(၆)  Hand Foot and Mouth disease ေခၚ လွ်ာနာခြာနာေရာဂါ
သူ႔နာမည္အတိုင္း ကေလးရဲ႕ လက္၊ ေျခေထာက္နဲ႔ ပါးစပ္ေတြမွာ အရည္ၾကည္ဖုမ်ား ေပၚထြက္ေစတဲ့ေရာဂါ ျဖစ္ပါတယ္။ အသက္ ၁၀ ႏွစ္ေအာက္ကေလးငယ္ေတြမွာ အျဖစ္မ်ားတတ္ၿပီး ေရာဂါျဖစ္ေနသူရဲ႕ တံေတြး၊ သလိပ္၊ အရည္ၾကည္ဖုနဲ႔ မစင္ကေနတစ္ဆင့္ ကူးစက္တတ္ပါတယ္။ အရည္ၾကည္ဖုမ်ားအျပင္ ဖ်ားျခင္း၊ ႏွာရည္က်ျခင္း၊ လည္ေခ်ာင္းနာျခင္းတို႔ပါ ခံစားရတတ္ပါတယ္။

(၇)  ၾကက္ညႇာေခ်ာင္းဆိုး
အေအးမိျခင္းနဲ႔တူေသာ လကၡဏာမ်ားကို ခံစားရၿပီးေနာက္ တစ္ပတ္၊ ႏွစ္ပတ္ခန႔္အၾကာတြင္ အဆက္မျပတ္ ေခ်ာင္းဆိုးျခင္း ျဖစ္ေပၚေစပါတယ္။ ေခ်ာင္းဆိုးရလြန္းသျဖင့္ အသံတိမ္ဝင္သြားတတ္ၿပီး အလြန္ကူးစက္လြယ္ေသာ ေရာဂါတစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ၾကက္ညာေခ်ာင္းဆိုးေရာဂါ ျဖစ္ေပၚပါက မေပါ့ဆဘဲ ဆရာဝန္နဲ႔ အျမန္ဆုံးျပသသင့္ပါတယ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)