/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်များနှင့်-ပြောင်းဖူးပေါက်ပေါက်စေ့-0

ကလေးငယ်များနှင့် ပြောင်းဖူးပေါက်ပေါက်စေ့

Category
ကလေးများနှင့်ကျန်းမာရေး

ပြောင်းဖူးပေါက်ပေါက်စားခြင်းကြောင့် အလွန်ငယ်ရွယ်သော ကလေးငယ်များတွင် အစာနင်ခြင်း ဖြစ်နိုင်သောကြောင့် မိဘများအနေဖြင့် သတိထားသင့်ပါသည်။ အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာဝန်များအကယ်ဒမီ၏ ဖော်ပြချက်အရ ပေါက်ပေါက်သည် အသက် 4 နှစ်အောက် ကလေးများတွင် အစာနင်နိုင်ချေရှိသော စာရင်းတွင်ပါဝင်ကြောင်း သိရပါသည်။
ထိုနည်းတူ ကလေးကြီးများနှင့် အရွယ်ရောက်ပြီးသူများပင်လျှင် လက်တစ်ဆုပ်ခန့် ပေါက်ပေါက်စေ့များကို တစ်ခါတည်း မမြိုချသင့်ပါသည်။ ထို့ပြင် ၎င်းပေါက်ပေါက်စေ့များကို ဝါးရခြင်းကြောင့် သွားများလည်း ပျက်စီးစေနိုင်ပါသည်။ အကယ်၍ ကလေးငယ်သည် ပြောင်းဖူးပေါက်ပေါက်စေ့များကို အလွန်အကျွံ စားသုံးပြီးနောက် ဗိုက်အောင့်ပါက ကလေးအထူးကုဆရာဝန်ထံ ချက်ချင်းသွားပါ။

Dr. Thinzar Wynn (www.drmyanmar.com)