ကလေးငယ်များမှာ တွေ့ရတဲ့ လေပြွန်ရောင်ရောဂါ
ဘာကြောင့်ဖြစ်ရသလဲ?
ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် အဓိကဖြစ်တတ်ပြီး ဖုန်မှုန့်၊ ဆေးရွက်ကြီး၊ မီးခိုးငွေ့များနှင့် ဓာတ်မတည့်စေသောအရာတွေကြောင့်လည်း ဖြစ်လေ့ရှိပါတယ်။
Solmux Kids 1

ရောဂါလက္ခဏာများ
အဓိကတွေ့ရသောလက္ခဏာမှာ ချောင်းဆိုးခြင်းဖြစ်ပြီး တစ်ပတ်ကျော်ထိ ကြာမြင့်တတ်ပါတယ်။ ချွဲထွက်သောချောင်းဖြစ်နိုင်သလို ချောင်းခြောက်လည်း ဖြစ်နိုင်ပါတယ်။
● မောပန်းခြင်း၊ မအီမသာဖြစ်ခြင်း
● ရင်ဘတ်အောင့်ခြင်း
● လည်ချောင်းနာခြင်း
● ခေါင်းကိုက်ခြင်း
● ကိုယ်လက်နာခြင်း
● နှာရည်ယိုခြင်း
● အဖျားငွေ့ငွေ့ရှိခြင်း၊ ချမ်းတုန်ခြင်း
● အသက်ရှူစဉ် တရွီရွီအသံမြည်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်ပါတယ်။
Solmux Kids 2

ကုသနည်းများ
ဗိုင်းရပ်စ်ကြောင့် လေပြွန်ရောင်ခြင်းဟာ သူ့အလိုလို ပြန်လည်သက်သာတတ်ပြီး ပိုးသတ်ဆေးများသောက်ဖို့အထိ မလိုအပ်ပါဘူး။ ကလေး ခံစားနေရတာတွေကို သက်သာဖို့အတွက် အဖျားကျဆေးတိုက်ခြင်း၊ ချွဲပျော်စေဖို့အတွက် နှာခေါင်းတွင်း ဆားရည်အစက်ချခြင်း၊ ရေနွေးငွေ့ရှူစေခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
ဘက်တီးရီးယားကြောင့်လေပြွန်ရောင်ခြင်းအတွက် ဆရာဝန် ညွှန်ကြားချက်ဖြင့် ပိုးသတ်ဆေးတိုက်ရမှာ ဖြစ်ပါတယ်။ ပိုးသတ်ဆေးတိုက်ရာတွင်လည်း ရက်ပြည့်တဲ့အထိ စနစ်တကျတိုက်ကျွေးဖို့ အရေးကြီးပါတယ်။
နောက်ဆက်တွဲဆိုးကျိုးများ
● လေပြွန်ရောင်ခြင်း ဖြစ်စဉ်အများစုမှာ သူ့အလိုလို ပြန်လည်သက်သာသွားတတ်ပြီး အချို့ဖြစ်စဉ်တွေမှာတော့ နမိုးနီးယားအဆုတ်ရောင်ရောဂါကို ဖြစ်စေပါတယ်။
● နမိုးနီးယားကို အဖြေရှာဖို့ အဆုတ်ဓာတ်မှန်ရိုက်ခြင်း ပြုလုပ်ပြီးနောက် ဆေးကုသမှု သေချာခံယူရမှာ ဖြစ်ပါတယ်။ လိုအပ်ပါက ဆေးရုံတက်ခြင်း၊ အောက်ဆီဂျင်ရှူခြင်း၊ သက်သာတဲ့အထိ ဆေးကုသမှုခံယူခြင်းတို့ ပြုလုပ်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























