ကလေးငယ်များရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးဖြစ်အောင် မိဘတွေအနေနဲ့ ဘယ်လိုပံ့ပိုးပေးဖို့ လိုသလဲ
ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဆိုတာက ကိုယ်ဝန်ဆောင်ချိန်ကစပြီးတော့ အရွယ်ရောက်ကာစအချိန်အထိ ဆက်လက်ဖြစ်ပေါ်နေပါတယ်။ အဆောက်အဦးတွေ တည်ဆောက်သလိုပဲ သူကလည်း အခြေခိုင်ဖို့ လိုပါတယ်။
ဦးနှောက်ကို ကျွန်ုပ်တို့ နေ့စဉ်လုပ်သမျှ အလုပ်တွေဖြစ်တဲ့ အသံကြားတာ၊ လမ်းလျှောက်တာ၊ ပြဿနာတွေ ဖြေရှင်းတာနဲ့ ခံစားချက်တွေကို ထိန်းချုပ်ပေးတဲ့ နေရာတွေအများကြီးနဲ့ ဖွဲ့စည်းထားပါတယ်။ နေရာတစ်ခုချင်းစီကို ဦးနှောက်ဆဲလ်တွေ သန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီဆဲလ်လေးတွေကမှ ဓာတုသတင်းအချက်အလက်လေးတွေကို ထုတ်လွှတ်ပြီးတော့ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပါတယ်။ သတင်းပို့မှုတွေ များလာလေလေ ဆက်စပ်မှုတွေများပြီးတော့ လမ်းကြောင်းလေးတွေ ဖြစ်လာပါတယ်။ ဦးနှောက်ထဲက လမ်းကြောင်းလေးတွေကို မီးကြိုးလေးတွေအနေနဲ့ တွေးမြင်ကြည့်လို့ရပါတယ်။ ကလေးဘဝ အစပိုင်းနှစ်တွေမှာ ဒီဆက်သွယ်မှုတွေက အရမ်းမြန်မြန် တိုးတက်ဖြစ်ပေါ်လာပါတယ်။
>> ဒါတွေကို သိပါသလား
● ကလေးလေး မွေးဖွားခါစမှာ ကလေးဦးနှောက်ရဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေက အပြည့်အဝ မဖွံ့ဖြိုးသေးပါဘူး။ သူတို့ရဲ့ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတဲ့အပေါ် မူတည်ပြီးတော့ အရမ်းကို တက်ကြွလှုပ်ရှားမှုရှိပြီးတော့ ပြောင်းလဲတိုးတက်နေပါတယ်။ ကစားတာ၊ စာဖတ်ပြတာ၊ သင်ယူတာ၊ တခြားသူတွေနဲ့ ဆက်သွယ်တာ စတဲ့ နေ့စဉ်အတွေ့အကြုံလေးတွေက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပါတယ်။
● ဒီဦးနှောက်ထဲက လမ်းကြောင်းတွေက ဘယ်လိုများ ဖွဲ့စည်းတည်ဆောက်ထားသလဲ - ဆိုလိုတာကတော့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဘာသာစကား လေ့လာသင်ယူနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ကျောင်းမှာ ကောင်းကောင်း လုပ်ဆောင်နိုင်စွမ်းတွေပေါ်မှာ သွားပြီး သက်ရောက်မှု ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်နိုင်ပါတယ်။
● ကလေးအပေါ်မှာ ဆက်ဆံမှုတွေကလည်း အရမ်းအရေးပါပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ကောင်းတဲ့ဂရုစိုက်မှုတွေကို ရတဲ့ကလေးတွေက ဦးနှောက်ပိုပြီး ကျန်းမာစွာ ဖွံ့ဖြိုးနိုင်ပြီးတော့ ကလေးရဲ့ဦးနှောက်ကို မကောင်းတဲ့ ဖိစီးမှုတွေကနေပြီးတော့လည်း ကာကွယ်ပေးပါတယ်။
● မွေးကင်းစ ကလေးငယ်လေးတွေတောင်မှ သူတို့နေတဲ့၊ ကစားတဲ့နေရာက မလုံခြုံဘူးလို့ထင်ရင် (သို့) ကြောက်နေရင် စိတ်ဖိစီးမှုကို ခံစားရပါတယ်။ မိဘတွေ စကားများရန်ဖြစ်တာ၊ ဆင်းရဲ့ချိုတဲ့တာ၊ ကလေးကို အကြမ်းဖက်တာ၊ ပစ်ထားတာ၊ အရက်သောက် ဆေးစွဲနေတဲ့မိဘတွေ၊ စိတ်ကျန်းမာရေး မကောင်းတာကို ကုသမှုမခံယူတဲ့ မိဘတွေ စတဲ့ နေ့တိုင်း ကြုံတွေ့နေရတဲ့ ဖိစီးမှုတွေကို Toxic stress လို့ခေါ်ပါတယ်။ ဒါတွေက ကလေးရဲ့ဖွံ့ဖြိုးဆဲဦးနှောက်အတွက် အရမ်းအန္တရာယ် ရှိပါတယ်။ ဒါတွေကြောင့် ကလေးဘဝမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လေ့လာသင်ယူမှုတွေမှာ ပြသနာတွေ ဖြစ်စေရုံသာမက လူကြီးဖြစ်တဲ့အထိ ဒီပြဿနာတွေ ဆက်လက်ပါသွားစေပါတယ်၊ ဒါကြောင့် ကိုယ့်အိမ်အခြေအနေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာတွေရှိရင် ဆရာဝန်နဲ့တိုင်ပင်ပါ။
>> ကလေးရဲ့ဖွံ့ဖြိုးဆဲဦးနှောက်အတွက် ဒါတွေ လိုအပ်ပါတယ်။
● တုန့်ပြန်မှုရှိတဲ့၊ ဂရုစိုက်တတ်တဲ့၊ ကောင်းမွန်တဲ့အတွေ့အကြုံတွေ - ကိုယ် နေ့စဉ်လုပ်နေကျ အလုပ်တွေကနေပြီးတော့ ကလေးငယ်လေး ထိတွေ့ဆက်ဆံရတဲ့သူတွေအထိ နေ့စဉ် ကြုံတွေ့မှုတွေက ကလေးရဲ့ဦးနှောက်ကို ပုံဖော်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးဖို့နဲ့ သင်ယူနိုင်ဖို့အတွက် အခွင့်အလမ်းကောင်းတွေရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းဖို့ လိုပါတယ်။ ပြီးတော့ ဘယ်လိုအချိန်တွေ၊ အခြေအနေတွေမှာ ကလေးတွေ မောပန်း၊ ဆာလောင်၊ ကြောက်ရွံ့တဲ့အခါတွေမှာ၊ ထွေးပွေ့နှစ်သိမ့်မှုလိုလဲဆိုတာကို မိဘတွေအနေနဲ့သိထားဖို့လိုပါတယ်။ ကလေးကို ထွေးပွေ့တာ၊ ချော့မြှူတာတွေက သူ့ကို လုံခြုံစေပါတယ်။
● ကလေးတွေကို ပျော်အောင်ထားတာ - ကလေးထိန်းတဲ့နေရာမှာ စကားလေးတွေ ပြောပေးတာ၊ စာဖတ်ပြတာ၊ သီချင်းဆိုပြတာတွေက သူ ကြီးပြင်းဖို့အတွက် လွယ်ကူပြီးတော့ မပျင်းစေတဲ့ နည်းလမ်းလေးတွေပါ။ ကလေးနဲ့အတူ ဘူးဘူးကစားပေးတာ စတာလေးတွေ လုပ်ပေးပါ။
● အစာ ကောင်းကောင်းကျွေးဖို့ လိုပါတယ် - မိခင်နို့တိုက်ဖို့ အဆင်ပြေတယ်ဆိုရင်တော့ ကလေးအသက် ၆ လအရွယ်အထိ မိခင်နို့က အကောင်းဆုံးပါပဲ။ မိခင်နို့ပဲတိုက်တိုက် နို့ဘူးပဲတိုက်တိုက် နို့တိုက်တဲ့အချိန်က ဦးနှောက်တည်ဆောက်နေတဲ့အချိန်ပဲဆိုတာကို မှတ်ထားပါ။ ကလေးနဲ့ မျက်လုံးချင်းဆုံပြီးတော့ ပြုံးပြတာ၊ အသားချင်း ထိတွေ့တာကတွေက ကလေးအတွက်ကောင်းပါတယ်။ ကလေးကြီးလာတာနဲ့အမျှ သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေ၊ အာဟာရဓာတ်မျိုးစုံပါတဲ့ အစားအစာတွေ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ ပြည့်စုံအောင် ကျွေးပေးဖို့ အရေးကြီးပါတယ်။
● တကယ်တော့ ကလေးတွေအတွက် ဈေးကြီးတဲ့အရုပ်တွေ မလိုပါဘူး။ သူတို့ကို ထိန်းကျောင်း ချော့မြူတဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ အပြုံးမျက်နှာတွေက သူတို့အတွက် အကောင်းဆုံး အရုပ်တွေပါပဲ။ ကလေးတွေရဲ့ ပညာရေးအတွက်ဆိုပြီးတော့ လျှပ်စစ်အရုပ်တွေ၊ DVD တွေ၊ TV အစီအစဉ်တွေ အများကြီးရှိပေမယ့်လည်း ဒါတွေက ကလေး တကယ်သင်ယူနိုင်ဖို့ အထောက်အကူဖြစ်ရဲ့လားဆိုတာကို သုတေသနလုပ်ထားတာ မရှိပါဘူး။ အခွေတွေ ကြည့်တယ်ဆိုတာက အငြိမ်ဖြစ်ပြီးတော့ ကလေးတွေအနေနဲ့က လူတွေနဲ့ ဆော့ကစားပြီး တုံ့ပြန်မှုတွေနဲ့အတူ တက်ကြွလှုပ်ရှားမှုတွေ လိုပါတယ်။
Nutroplex 1
>> မိဘတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်သလဲ
● ကလေးကို တုံ့ပြန်ချော့မြှူပါ။ ဒါက အထူးသဖြင့် ကလေး နေမကောင်းတဲ့အချိန်၊ ဗိုက်ဆာ၊ စိတ်တို၊ သက်သောင့်သက်သာ ဖြစ်ဖို့လိုတဲ့အချိန်တွေမှာဆို ပိုအရေးကြီးပါတယ်။ ကလေးက ဘူးဘူးမှုတ်၊ အသံတွေထွက်၊ ပြုံးပြပြီးတော့ လူကြီးတွေကိုခေါ်ဖို့ ကြိုးစားပါတယ်။ ဒီအချိန်မှာ ချစ်ခြင်းမေတ္တာနဲ့ နွေးထွေးစွာ အမြဲတုံ့ပြန်တာက ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူ ဖြစ်စေပါတယ်။
● ကလေးအတွက် လုံခြုံစိတ်ချရပြီး ချစ်ခြင်းမေတ္တာနဲ့ လွှမ်းခြုံတဲ့အိမ်လေးဖြစ်အောင် ထားပေးပါ။
● ကလေးတွေက သူ့ပတ်ဝန်းကျင်ကို စူးစမ်းနိုင်အောင် ကူညီပေးပါ။ ကစားတယ်ဆိုတာက ကလေးတွေ သင်ယူဖို့ဖြစ်ပြီးတော့ မိဘတွေကတော့ ကလေးရဲ့ပထမဆုံးသောကစားဖော်ပေါ့။ ကိုယ် နေ့စဉ်အလုပ်တွေ လုပ်နေတုန်းမှာလည်း ကလေးကို စကားပြောပေးဖို့ မမေ့ပါနဲ့။ ကိုယ် ဘာလုပ်နေတယ်ဆိုတာကို အမြဲပြေပြပေးပြီးတော့ အတူတူကြည့်နိုင်တဲ့ စိတ်ဝင်စားစရာအရာလေးတွေကို ဆွဲထုတ်ပြတာ၊ ကလေးရဲ့ အကြား၊ အထိအတွေ့၊ အရသာ၊ အနံ့ခံမှု စတဲ့ အာရုံခံစားမှုလေးတွေ ဖွံ့ဖြိုးလာအောင် ကူညီပေးပါ။
● ကလေးကို ပုံမှန်ဆေးစစ်ပေးပါ။ ကလေးကို ဆရာဝန်နဲ့ ပုံမှန်ဆေးစစ်ပေးသင့်ပါတယ်။ ထိုးရမယ့် ကာကွယ်ဆေးတွေကို သေချာမပျက်မကွက် ထိုးပေးပါ။
● ကိုယ်က ကလေးကိုထားခဲ့ပြီး အလုပ်လုပ်ရမှာ ခရီးထွက်ရမှာတွေရှိရင်လည်း စိတ်ချရတဲ့ ကလေးထိန်းကို ရွေးဖို့ လိုပါတယ်။ ယုံကြည်စိတ်ချရတဲ့ ကလေးအကြောင်း ကောင်းကောင်းသိတဲ့ ကလေးကို ဂရုစိုက်မယ့်သူကို သေချာရွေးပါ။
● ကလေးမိဘတွေအနေနဲ့ စိတ်ဖိစီးမှုတွေ ရှိလာရင်၊ စိတ်ဓာတ်ကျတဲ့အခါတွေမှာဆိုရင် အကူအညီယူဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ရဲ့ဆရာဝန်၊ မိသားစုဝန်တွေကို ပြောပြပြီးတော့ အကူအညီရယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Nutroplex 2
(Zawgyi)
ကေလးရဲ့ ဦးေႏွာက္ဖြံ့ၿဖိဳးမႈဆိုတာက ကိုယ္ဝန္ေဆာင္ခ်ိန္ကစၿပီးေတာ့ အရြယ္ေရာက္ကာစအခ်ိန္အထိ ဆက္လက္ျဖစ္ေပၚေနပါတယ္။ အေဆာက္အဦးေတြ တည္ေဆာက္သလိုပဲ သူကလည္း အေျခခိုင္ဖို႔ လိုပါတယ္။
ဦးေႏွာက္ကို ကၽြန္ုပ္တို႔ ေန႔စဥ္လုပ္သမၽွ အလုပ္ေတြျဖစ္တဲ့ အသံၾကားတာ၊ လမ္းေလၽွာက္တာ၊ ျပႆနာေတြ ေျဖရွင္းတာနဲ႔ ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ေပးတဲ့ ေနရာေတြအမ်ားႀကီးနဲ႔ ဖြဲ႕စည္းထားပါတယ္။ ေနရာတစ္ခုခ်င္းစီကို ဦးေႏွာက္ဆဲလ္ေတြ သန္းေပါင္းမ်ားစြာနဲ႔ ဖြဲ႕စည္းထားပါတယ္။ ဒီဆဲလ္ေလးေတြကမွ ဓာတုသတင္းအခ်က္အလက္ေလးေတြကို ထုတ္လႊတ္ၿပီးေတာ့ တစ္ခုနဲ႔တစ္ခု ဆက္သြယ္ပါတယ္။ သတင္းပို႔မႈေတြ မ်ားလာေလေလ ဆက္စပ္မႈေတြမ်ားၿပီးေတာ့ လမ္းေၾကာင္းေလးေတြ ျဖစ္လာပါတယ္။ ဦးေႏွာက္ထဲက လမ္းေၾကာင္းေလးေတြကို မီးႀကိဳးေလးေတြအေနနဲ႔ ေတြးျမင္ၾကည့္လို႔ရပါတယ္။ ကေလးဘဝ အစပိုင္းႏွစ္ေတြမွာ ဒီဆက္သြယ္မႈေတြက အရမ္းျမန္ျမန္ တိုးတက္ျဖစ္ေပၚလာပါတယ္။
>> ဒါေတြကို သိပါသလား
● ကေလးေလး ေမြးဖြားခါစမွာ ကေလးဦးေႏွာက္ရဲ့ ဆက္သြယ္ေရးလမ္းေၾကာင္းေတြက အျပည့္အဝ မဖြံ့ၿဖိဳးေသးပါဘူး။ သူတို႔ရဲ့ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတဲ့အေပၚ မူတည္ၿပီးေတာ့ အရမ္းကို တက္ႂကြလႈပ္ရွားမႈရွိၿပီးေတာ့ ေျပာင္းလဲတိုးတက္ေနပါတယ္။ ကစားတာ၊ စာဖတ္ျပတာ၊ သင္ယူတာ၊ တျခားသူေတြနဲ႔ ဆက္သြယ္တာ စတဲ့ ေန႔စဥ္အေတြ႕အၾကဳံေလးေတြက ကေလးရဲ့ဦးေႏွာက္ဖြံ့ၿဖိဳးမႈကို အေထာက္အကူျပဳပါတယ္။
● ဒီဦးေႏွာက္ထဲက လမ္းေၾကာင္းေတြက ဘယ္လိုမ်ား ဖြဲ႕စည္းတည္ေဆာက္ထားသလဲ - ဆိုလိုတာကေတာ့ ကေလးရဲ့ ဦးေႏွာက္ဖြံ့ၿဖိဳးမႈက ဘာသာစကား ေလ့လာသင္ယူနိုင္စြမ္း၊ ျပႆနာေျဖရွင္းနိုင္စြမ္းနဲ႔ ေက်ာင္းမွာ ေကာင္းေကာင္း လုပ္ေဆာင္နိုင္စြမ္းေတြေပၚမွာ သြားၿပီး သက္ေရာက္မႈ ရွိပါတယ္။ ေနာက္ပိုင္းမွာေတာ့ ကေလးရဲ့ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ က်န္းမာေရးအေပၚ သက္ေရာက္နိုင္ပါတယ္။
● ကေလးအေပၚမွာ ဆက္ဆံမႈေတြကလည္း အရမ္းအေရးပါပါတယ္။ ခ်စ္ျခင္းေမတၱာနဲ႔ ေကာင္းတဲ့ဂ႐ုစိုက္မႈေတြကို ရတဲ့ကေလးေတြက ဦးေႏွာက္ပိုၿပီး က်န္းမာစြာ ဖြံ့ၿဖိဳးနိုင္ၿပီးေတာ့ ကေလးရဲ့ဦးေႏွာက္ကို မေကာင္းတဲ့ ဖိစီးမႈေတြကေနၿပီးေတာ့လည္း ကာကြယ္ေပးပါတယ္။
● ေမြးကင္းစ ကေလးငယ္ေလးေတြေတာင္မွ သူတို႔ေနတဲ့၊ ကစားတဲ့ေနရာက မလုံျခဳံဘူးလို႔ထင္ရင္ (သို႔) ေၾကာက္ေနရင္ စိတ္ဖိစီးမႈကို ခံစားရပါတယ္။ မိဘေတြ စကားမ်ားရန္ျဖစ္တာ၊ ဆင္းရဲ့ခ်ိဳတဲ့တာ၊ ကေလးကို အၾကမ္းဖက္တာ၊ ပစ္ထားတာ၊ အရက္ေသာက္ ေဆးစြဲေနတဲ့မိဘေတြ၊ စိတ္က်န္းမာေရး မေကာင္းတာကို ကုသမႈမခံယူတဲ့ မိဘေတြ စတဲ့ ေန႔တိုင္း ၾကဳံေတြ႕ေနရတဲ့ ဖိစီးမႈေတြကို Toxic stress လို႔ေခၚပါတယ္။ ဒါေတြက ကေလးရဲ့ဖြံ့ၿဖိဳးဆဲဦးေႏွာက္အတြက္ အရမ္းအႏၲရာယ္ ရွိပါတယ္။ ဒါေတြေၾကာင့္ ကေလးဘဝမွာ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ ေလ့လာသင္ယူမႈေတြမွာ ျပသနာေတြ ျဖစ္ေစ႐ုံသာမက လူႀကီးျဖစ္တဲ့အထိ ဒီျပႆနာေတြ ဆက္လက္ပါသြားေစပါတယ္၊ ဒါေၾကာင့္ ကိုယ့္အိမ္အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ စိုးရိမ္စရာေတြရွိရင္ ဆရာဝန္နဲ႔တိုင္ပင္ပါ။
>> ကေလးရဲ့ဖြံ့ၿဖိဳးဆဲဦးေႏွာက္အတြက္ ဒါေတြ လိုအပ္ပါတယ္။
● တုန႔္ျပန္မႈရွိတဲ့၊ ဂ႐ုစိုက္တတ္တဲ့၊ ေကာင္းမြန္တဲ့အေတြ႕အၾကဳံေတြ - ကိုယ္ ေန႔စဥ္လုပ္ေနက် အလုပ္ေတြကေနၿပီးေတာ့ ကေလးငယ္ေလး ထိေတြ႕ဆက္ဆံရတဲ့သူေတြအထိ ေန႔စဥ္ ၾကဳံေတြ႕မႈေတြက ကေလးရဲ့ဦးေႏွာက္ကို ပုံေဖာ္ရာမွာ အေထာက္အကူ ျဖစ္ေစပါတယ္။ ကေလးေတြဟာ ႀကီးထြားဖြံ့ၿဖိဳးဖို႔နဲ႔ သင္ယူနိုင္ဖို႔အတြက္ အခြင့္အလမ္းေကာင္းေတြရွိတဲ့ ပတ္ဝန္းက်င္မွာ ရွင္သန္ႀကီးျပင္းဖို႔ လိုပါတယ္။ ၿပီးေတာ့ ဘယ္လိုအခ်ိန္ေတြ၊ အေျခအေနေတြမွာ ကေလးေတြ ေမာပန္း၊ ဆာေလာင္၊ ေၾကာက္ရြံ့တဲ့အခါေတြမွာ၊ ေထြးေပြ႕ႏွစ္သိမ့္မႈလိုလဲဆိုတာကို မိဘေတြအေနနဲ႔သိထားဖို႔လိုပါတယ္။ ကေလးကို ေထြးေပြ႕တာ၊ ေခ်ာ့ျမႇဴတာေတြက သူ႔ကို လုံျခဳံေစပါတယ္။
● ကေလးေတြကို ေပ်ာ္ေအာင္ထားတာ - ကေလးထိန္းတဲ့ေနရာမွာ စကားေလးေတြ ေျပာေပးတာ၊ စာဖတ္ျပတာ၊ သီခ်င္းဆိုျပတာေတြက သူ ႀကီးျပင္းဖို႔အတြက္ လြယ္ကူၿပီးေတာ့ မပ်င္းေစတဲ့ နည္းလမ္းေလးေတြပါ။ ကေလးနဲ႔အတူ ဘူးဘူးကစားေပးတာ စတာေလးေတြ လုပ္ေပးပါ။
● အစာ ေကာင္းေကာင္းေကၽြးဖို႔ လိုပါတယ္ - မိခင္နို႔တိုက္ဖို႔ အဆင္ေျပတယ္ဆိုရင္ေတာ့ ကေလးအသက္ ၆ လအရြယ္အထိ မိခင္နို႔က အေကာင္းဆုံးပါပဲ။ မိခင္နို႔ပဲတိုက္တိုက္ နို႔ဘူးပဲတိုက္တိုက္ နို႔တိုက္တဲ့အခ်ိန္က ဦးေႏွာက္တည္ေဆာက္ေနတဲ့အခ်ိန္ပဲဆိုတာကို မွတ္ထားပါ။ ကေလးနဲ႔ မ်က္လုံးခ်င္းဆုံၿပီးေတာ့ ျပဳံးျပတာ၊ အသားခ်င္း ထိေတြ႕တာကေတြက ကေလးအတြက္ေကာင္းပါတယ္။ ကေလးႀကီးလာတာနဲ႔အမၽွ သံဓာတ္ျပည့္ဝတဲ့ အစားအစာေတြ၊ အာဟာရဓာတ္မ်ိဳးစုံပါတဲ့ အစားအစာေတြ၊ သစ္သီးနဲ႔ ဟင္းသီးဟင္းရြက္ေတြ ျပည့္စုံေအာင္ ေကၽြးေပးဖို႔ အေရးႀကီးပါတယ္။
● တကယ္ေတာ့ ကေလးေတြအတြက္ ေဈးႀကီးတဲ့အ႐ုပ္ေတြ မလိုပါဘူး။ သူတို႔ကို ထိန္းေက်ာင္း ေခ်ာ့ျမဴတဲ့သူေတြရဲ့ ခ်စ္ျခင္းေမတၱာနဲ႔ အျပဳံးမ်က္ႏွာေတြက သူတို႔အတြက္ အေကာင္းဆုံး အ႐ုပ္ေတြပါပဲ။ ကေလးေတြရဲ့ ပညာေရးအတြက္ဆိုၿပီးေတာ့ လၽွပ္စစ္အ႐ုပ္ေတြ၊ DVD ေတြ၊ TV အစီအစဥ္ေတြ အမ်ားႀကီးရွိေပမယ့္လည္း ဒါေတြက ကေလး တကယ္သင္ယူနိုင္ဖို႔ အေထာက္အကူျဖစ္ရဲ့လားဆိုတာကို သုေတသနလုပ္ထားတာ မရွိပါဘူး။ အေခြေတြ ၾကည့္တယ္ဆိုတာက အၿငိမ္ျဖစ္ၿပီးေတာ့ ကေလးေတြအေနနဲ႔က လူေတြနဲ႔ ေဆာ့ကစားၿပီး တုံ႔ျပန္မႈေတြနဲ႔အတူ တက္ႂကြလႈပ္ရွားမႈေတြ လိုပါတယ္။
>> မိဘေတြအေနနဲ႔ ဘာေတြလုပ္ေပးနိုင္သလဲ
● ကေလးကို တုံ႔ျပန္ေခ်ာ့ျမႇဴပါ။ ဒါက အထူးသျဖင့္ ကေလး ေနမေကာင္းတဲ့အခ်ိန္၊ ဗိုက္ဆာ၊ စိတ္တို၊ သက္ေသာင့္သက္သာ ျဖစ္ဖို႔လိုတဲ့အခ်ိန္ေတြမွာဆို ပိုအေရးႀကီးပါတယ္။ ကေလးက ဘူးဘူးမႈတ္၊ အသံေတြထြက္၊ ျပဳံးျပၿပီးေတာ့ လူႀကီးေတြကိုေခၚဖို႔ ႀကိဳးစားပါတယ္။ ဒီအခ်ိန္မွာ ခ်စ္ျခင္းေမတၱာနဲ႔ ေႏြးေထြးစြာ အျမဲတုံ႔ျပန္တာက ကေလးဦးေႏွာက္ဖြံ့ၿဖိဳးမႈအတြက္ အေထာက္အကူ ျဖစ္ေစပါတယ္။
● ကေလးအတြက္ လုံျခဳံစိတ္ခ်ရၿပီး ခ်စ္ျခင္းေမတၱာနဲ႔ လႊမ္းျခဳံတဲ့အိမ္ေလးျဖစ္ေအာင္ ထားေပးပါ။
● ကေလးေတြက သူ႔ပတ္ဝန္းက်င္ကို စူးစမ္းနိုင္ေအာင္ ကူညီေပးပါ။ ကစားတယ္ဆိုတာက ကေလးေတြ သင္ယူဖို႔ျဖစ္ၿပီးေတာ့ မိဘေတြကေတာ့ ကေလးရဲ့ပထမဆုံးေသာကစားေဖာ္ေပါ့။ ကိုယ္ ေန႔စဥ္အလုပ္ေတြ လုပ္ေနတုန္းမွာလည္း ကေလးကို စကားေျပာေပးဖို႔ မေမ့ပါနဲ႔။ ကိုယ္ ဘာလုပ္ေနတယ္ဆိုတာကို အျမဲေျပျပေပးၿပီးေတာ့ အတူတူၾကည့္နိုင္တဲ့ စိတ္ဝင္စားစရာအရာေလးေတြကို ဆြဲထုတ္ျပတာ၊ ကေလးရဲ့ အၾကား၊ အထိအေတြ႕၊ အရသာ၊ အနံ့ခံမႈ စတဲ့ အာ႐ုံခံစားမႈေလးေတြ ဖြံ့ၿဖိဳးလာေအာင္ ကူညီေပးပါ။
● ကေလးကို ပုံမွန္ေဆးစစ္ေပးပါ။ ကေလးကို ဆရာဝန္နဲ႔ ပုံမွန္ေဆးစစ္ေပးသင့္ပါတယ္။ ထိုးရမယ့္ ကာကြယ္ေဆးေတြကို ေသခ်ာမပ်က္မကြက္ ထိုးေပးပါ။
● ကိုယ္က ကေလးကိုထားခဲ့ၿပီး အလုပ္လုပ္ရမွာ ခရီးထြက္ရမွာေတြရွိရင္လည္း စိတ္ခ်ရတဲ့ ကေလးထိန္းကို ေရြးဖို႔ လိုပါတယ္။ ယုံၾကည္စိတ္ခ်ရတဲ့ ကေလးအေၾကာင္း ေကာင္းေကာင္းသိတဲ့ ကေလးကို ဂ႐ုစိုက္မယ့္သူကို ေသခ်ာေရြးပါ။
● ကေလးမိဘေတြအေနနဲ႔ စိတ္ဖိစီးမႈေတြ ရွိလာရင္၊ စိတ္ဓာတ္က်တဲ့အခါေတြမွာဆိုရင္ အကူအညီယူဖို႔ မတြန႔္ဆုတ္ပါနဲ႔။ ကိုယ့္ရဲ့ဆရာဝန္၊ မိသားစုဝန္ေတြကို ေျပာျပၿပီးေတာ့ အကူအညီရယူပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























