ကလေးငယ်များအတွက် အန္တရာယ်ရှိသော ရေဓာတ်ဆုံးရှုံးမှု
>> ရေဓာတ်ဆုံးရှုံးခြင်းဆိုတာ ဘာလဲ?
ခန္ဓာကိုယ်ရဲ့ရေဓာတ်ဟာ ချွေး၊ မျက်ရည်၊ ဆီး၊ ဝမ်း စတဲ့ ပုံစံမျိုးစုံနဲ့ ခန္ဓာကိုယ်ပြင်ပသို့ ရောက်ရှိသွားပါတယ်။ အဲ့လို ဆုံးရှုံးသွားတဲ့ရေဓာတ်ကို နေ့စဉ်စားသောက်တဲ့ အစာအာဟာရတွေကနေ ပြန်လည်ဖြည့်တင်းရပါတယ်။ အပူချိန်လွန်ကဲခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ချွေးထွက်လွန်ခြင်းတို့က ရေဓာတ်ကို သာမန်ထက်ပိုပြီး ဆုံးရှုံးစေပါတယ်။
>> ရေဓာတ်ဆုံးရှုံးခြင်းက ကလေးငယ်တွေမှာ ဘာကြောင့်အဖြစ်များရတာလဲ?
ကလေးငယ်လေးတွေဟာ ရေဓာတ်ကို လူကြီးတွေမှာလောက် ထိန်းသိမ်းသိုလှောင်ထားနိုင်မှု မရှိပါဘူး။ ဒါကြောင့် ကလေးငယ်ဟာ ဆုံးရှုံးသွားတဲ့ရေဓာတ်ကို ကာမိအောင် ပြန်မသောက်နိုင်တဲ့အခါ၊ အစာလမ်းကြောင်း ပိုးဝင်တဲ့အခါ ရေဓာတ် ဆုံးရှုံးပါတယ်။
Atussin Kids 1
>> ရေဓာတ်ဆုံးရှုံးသောလက္ခဏာများ
● ဆီးနည်းသွားခြင်း (သေးခံတွင် အနည်းငယ်သာ စိုခြင်း)
● (၆) နာရီထက်ကြာအောင် ဆီးမသွားခြင်း
● ဆီးအရောင်ရင့်ခြင်း
● နုံးခွေနေခြင်း
● နှုတ်ခမ်းများခြောက်နေခြင်း
● ရေဆာသည့်လက္ခဏာပြခြင်း
● မျက်ရည်အထွက်နည်းလာခြင်း
● ခေါင်းကိုက်ခြင်း၊ ခေါင်းအုံခြင်း
>> အန္တရာယ်ရှိသော လက္ခဏာများ
● မျက်တွင်းများချိုင့်နေခြင်း
● တစ်ချိန်လုံး ဂျီကျနေခြင်း
● ငယ်ထိပ်ချိုင့်ဝင်နေခြင်း
● ခြေလက်များ အေးနေခြင်း
Atussin Kids 2
>> ရေဓာတ်ဆုံးရှုံးနေတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုကုသရမလဲ?
● အဓိကကတော့ ရေဓာတ် ပြန်လည်ဖြည့်တင်းပေးဖို့ဖြစ်တဲ့အတွက် ဓာတ်ဆားကို ဝင်သလောက်တိုက်ပေးပါ။ ရေဆာလျှင် ရေသီးသန့်လည်း တိုက်နိုင်ပါတယ်။
● အေးမြတဲ့နေရာမှာထားပါ။
>> ကလေးငယ်လေးတွေ ရေဓာတ်မဆုံးရှုံးအောင် ဘယ်လိုကာကွယ်မလဲ?
● ဖျားနာတဲ့အချိန် ရေပိုတိုက်ပေးပါ။ ရောဂါပိုးများကို ကာကွယ်နိုင်ရန် လက်ကို မကြာခဏ ဆေးကြောသန့်စင်ပေးပါ။ ကာကွယ်ဆေး ပုံမှန်ထိုးပါ။
● ပူအိုက်တဲ့ရာသီတွေမှာ ပေါ့ပါးတဲ့အဝတ်အစားများ ဝတ်ပေးပါ။ အေးမြတဲ့နေရာမှာထားပါ။ အိပ်နေစဉ် စောင်များ၊ ထူထဲသောအဝတ်များ ခြုံပေး၊ ဝတ်ပေးခြင်းတို့ကို ရှောင်ပါ။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)