ကလေးငယ်လေးတွေကို ဘာကြောင့် ၀မ်းလျားမှောက်ပေးသင့်သလဲ
ကလေးရဲ့ ဦးခေါင်း၊ ပုခုံးနဲ့ လည်ပင်းကြွက်သားတွေသန်မာစေပြီး ခန္ဓာကိုယ်လှုပ်ရှားမှုစွမ်းရည်ကို အထောက်အကူပြုနိုင်ဖို့အတွက် ကလေးငယ်လေးတွေဟာ ၀မ်းလျားမှောက်ပေးဖို့လိုအပ်ပါတယ်။ ထို့အပြင် ၀မ်းလျားမှောက်ခြင်းဖြင့် ပက်လက်အကြာကြီးအိပ်လျှင်ဖြစ်တတ်တဲ့ ဦးခေါင်းပြားခြင်းမှလဲ ကာကွယ်ပေးနိုင်ပါတယ်။
၀မ်းလျားမှောက််တာ စောစောကျွမ်းကျင်လာတဲ့ကလေးဟာ အမှီမပါဘဲ တစ်ယောက်တည်း ထိုင်တာကိုလည်း စောစောပြုလုပ်နိုင်လာတာ တွေ့ရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်လေး ကျန်းမာသန်စွမ်းလာအောင် တနေ့မှာ 2-3 ကြိမ်လောက် မိမိပေါင်ပေါ်မှာ မိနစ်ပိုင်းကြာမျှ မှောက်တာကိုလေ့ကျင့်ပေးသင့်ပြီး မှောက်တတ်တဲ့အကျင့်ရသွားပြီး နောက်ပိုင်းမှာလည်း ၀မ်းလျားထိုးသွားစေရန် ၎င်းတို့ရဲ့ ကစားစရာများကို နေရာပြောင်းရွှေ့ပေးကာ အားပေးလှုံ့ဆော်သင့်ပါတယ်။
အရေးကြီးတာက အိပ်ယာပေါ်မှာ (သို့) ကြမ်းပြင်ပေါ်မှာ ၀မ်းလျားမှောက်နေတဲ့ ကလေးကိုတစ်ယောက်တည်းမထားသင့်ပါဘူး။ ကလေးတွေဟာ ၀မ်းလျားမှောက်ရင်း အိပ်ပျော်သွားရင် အသက်ရှုကျပ်နိုင်တဲ့အတွက် အမြဲအနီးကပ်စောင့်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။
CMS





























