ကလေးငယ်လေးတွေ နို့ပြန်အန်ထွက်ခြင်း
>> ဘာလို့ နို့ပြန်အန်ထွက်တာလဲ?
● အစာတွေ ပြန်မတက်လာအောင် တားပေးတဲ့ အစာအိမ်ရဲ့အဝမှာရှိနေတဲ့ အဆို့ရှင်လေးက ကောင်းကောင်း မဖွံဖြိုးသေးတာကြောင့်
● အစာအိမ်လေးက သေးတာကြောင့် နို့ကို လက်ခံနိုင်တာထက် ပိုသွားတာကြောင့်
● လေတက်လိုက်ရင် နို့တွေ ပြန်ပါလာတာ
● နို့စိုတဲ့အခါ လေတွေပါ ပါသွားရင် လေတွေပြန်ထွက်တဲ့ အခါမှာ နို့တွေပြန်ပါလာတာ
● နို့ကို များများနဲ့ မြန်မြန် စို့လိုက်တဲ့အခါ
● သွားစပေါက်တဲ့အချိန်၊ ဖြည့်စွက်စာ စကျွေးတဲ့အချိန်၊ လေးဘက်သွားတဲ့အချိန်တွေ
● ငိုတဲ့အခါ၊ ချောင်းဆိုးတဲ့အခါတွေမှာလည်း ဖြစ်တတ်ပါတယ်။
>> နို့တွေ ပြန်ထွက်တာ နည်းအောင် ဘယ်လိုလုပ်ပေးရမလဲ?
● နို့တိုက်ပြီး၊ အစာကျွေးပြီးတိုင်း ကလေးကို ၁၅ မိနစ်၊ နာရီဝက် ငြိမ်ငြိမ်လေး ထောင်ထားပေးပါ။ အစာစားပြီးပြီးချင်း မဆော့ခိုင်းပါနဲ့။
● လှဲနေရင်း နို့ဘူးတိုက်တာမျိုး မလုပ်ပါနဲ့။ နင်တာ၊ သီးတာမျိုး ဖြစ်တတ်ပါတယ်။
● နိ့တိုက်တဲ့ အချိန်မှာ ဆူညံသံတွေ၊ ကလေးကို အာရုံများစေမဲ့ အရာတွေ မရှိပါစေနဲ့။ နို့နဲ့ အတူလေတွေပါ ပါသွားနိုင်လို့ပါ။
● နို့ဘူးတိုက်တာဆိုရင် နို့သီးခေါင်းအပေါက်ဟာ ကလေးအရွယ်နဲ့ မကျဉ်းလွန်း၊ မကျယ်လွန်းတာကို ရွေးချယ်ပါ။
● ကလေးက နို့စို့ပြီးတိုင်း ပြန်ထွက်နေတယ်ဆို အလွန်အကျွံ တိုက်မိနေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နည်းနည်းနဲ့ ခဏခဏ တိုက်ပေးပါ။
● ကလေးကို နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။
● ဗိုက်ကို တင်းကျပ်စေတဲ့ သေးခံ (diaper), အဝတ်အစားတွေ ရှောင်ပါ။ လေထုတ်တဲ့ အချိန်မှာ ဗိုက်ကို ပခုံးနဲ့ မဖိမိပါစေနဲ့။ နို့တိုက်ပြီး ကားမစီးခိုင်းပါနဲ့။
● ကလေးကို ပက်လက်ပဲ သိပ်ပါ။
● အိပ်နေတုန်း နို့ပြန်ထွက်နေကျဆိုရင် ခေါင်းကို နည်းနည်းပိုမြင့်အောင် ထားပေးပါ။ သီးတာကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
● တကယ်လို့ မိခင်နို့ကို တိုက်နေတာဆိုရင် သင် စားနေတဲ့ အစားအစာက နို့ပြန်ထွက်တာကို ဖြစ်စေလားဆိုတာ အာဟုရ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဥပမာ - နို့နဲ့ နို့ထွက်ပစ္စည်းတွေ
● ချိုလိမ်စို့တာကလည်း လေတွေ ဗိုက်ထဲကို ပိုဝင်စေလို့ အကြာကြီး ပေးမစို့သင့်ပါဘူး။
● အအေးမိရင်လည်း ဖြစ်တတ်တာမို့ ကလေးကို စစ်ဆေးကုသပါ။
Ceelin 1
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ရမလဲ?
● ကိုယ်အလေးချိန်မတက်လာရင်
● နို့တွေ အားနဲ့ ပြန်ထွက်တာဆိုရင်
● သွေး ကော်ဖီရောင်အရည်တွေ ပါလာတာဆိုရင်
● အညိုရောင်၊ အစိမ်းရောင်ရှိတဲ့ အရည်တွေ ပါလာရင်
● နို့ထွက်ပြီးနောက် သီးတာ၊ နင်တာ ဖြစ်လာရင်
● ၆ လ နောက်ပိုင်းမှ စဖြစ်ရင်
● ဆီးသွားနည်းလာရင်
● ဝမ်းထဲမှာ သွေးပါရင်
● အသက်ရှူတာ ပုံမမှန် ဖြစ်လာရင်
>> ဘယ်အချိန်မှာ ရပ်သွားမလဲ?
၆ လ၊ ၇လ ဒါမှမဟုတ် စထိုင်နိုင်ရင် ရပ်သွားတတ်ပါတယ်။ တချို့ကလေးတွေကတော့ အသက် ၁ နှစ်လောက်ထိ ဆက်ဖြစ်နေတတ်ပါတယ်။
Dr. Htar (www.drmyanmar.com)
Ceelin 2
(Zawgyi)
>> ဘာလို႔ ႏို႔ျပန္အန္ထြက္တာလဲ?
● အစာေတြ ျပန္မတက္လာေအာင္ တားေပးတဲ့ အစာအိမ္ရဲ႕အဝမွာရွိေနတဲ့ အဆို႔ရွင္ေလးက ေကာင္းေကာင္း မဖြံၿဖိဳးေသးတာေၾကာင့္
● အစာအိမ္ေလးက ေသးတာေၾကာင့္ ႏို႔ကို လက္ခံႏိုင္တာထက္ ပိုသြားတာေၾကာင့္
● ေလတက္လိုက္ရင္ ႏို႔ေတြ ျပန္ပါလာတာ
● ႏို႔စိုတဲ့အခါ ေလေတြပါ ပါသြားရင္ ေလေတြျပန္ထြက္တဲ့ အခါမွာ ႏို႔ေတြျပန္ပါလာတာ
● ႏို႔ကို မ်ားမ်ားနဲ႔ ျမန္ျမန္ စို႔လိုက္တဲ့အခါ
● သြားစေပါက္တဲ့အခ်ိန္၊ ျဖည့္စြက္စာ စေကြၽးတဲ့အခ်ိန္၊ ေလးဘက္သြားတဲ့အခ်ိန္ေတြ
● ငိုတဲ့အခါ၊ ေခ်ာင္းဆိုးတဲ့အခါေတြမွာလည္း ျဖစ္တတ္ပါတယ္။
>> ႏို႔ေတြ ျပန္ထြက္တာ နည္းေအာင္ ဘယ္လိုလုပ္ေပးရမလဲ?
● ႏို႔တိုက္ၿပီး၊ အစာေကြၽးၿပီးတိုင္း ကေလးကို ၁၅ မိနစ္၊ နာရီဝက္ ၿငိမ္ၿငိမ္ေလး ေထာင္ထားေပးပါ။ အစာစားၿပီးၿပီးခ်င္း မေဆာ့ခိုင္းပါနဲ႔။
● လွဲေနရင္း ႏို႔ဘူးတိုက္တာမ်ိဳး မလုပ္ပါနဲ႔။ နင္တာ၊ သီးတာမ်ိဳး ျဖစ္တတ္ပါတယ္။
● နိ႔တိုက္တဲ့ အခ်ိန္မွာ ဆူညံသံေတြ၊ ကေလးကို အာ႐ုံမ်ားေစမဲ့ အရာေတြ မရွိပါေစနဲ႔။ ႏို႔နဲ႔ အတူေလေတြပါ ပါသြားႏိုင္လို႔ပါ။
● ႏို႔ဘူးတိုက္တာဆိုရင္ ႏို႔သီးေခါင္းအေပါက္ဟာ ကေလးအ႐ြယ္နဲ႔ မက်ဥ္းလြန္း၊ မက်ယ္လြန္းတာကို ေ႐ြးခ်ယ္ပါ။
● ကေလးက ႏို႔စို႔ၿပီးတိုင္း ျပန္ထြက္ေနတယ္ဆို အလြန္အကြၽံ တိုက္မိေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ နည္းနည္းနဲ႔ ခဏခဏ တိုက္ေပးပါ။
● ကေလးကို ႏို႔တိုက္ၿပီးတိုင္း ေလထုတ္ေပးပါ။
● ဗိုက္ကို တင္းက်ပ္ေစတဲ့ ေသးခံ (diaper), အဝတ္အစားေတြ ေရွာင္ပါ။ ေလထုတ္တဲ့ အခ်ိန္မွာ ဗိုက္ကို ပခုံးနဲ႔ မဖိမိပါေစနဲ႔။ ႏို႔တိုက္ၿပီး ကားမစီးခိုင္းပါနဲ႔။
● ကေလးကို ပက္လက္ပဲ သိပ္ပါ။
● အိပ္ေနတုန္း ႏို႔ျပန္ထြက္ေနက်ဆိုရင္ ေခါင္းကို နည္းနည္းပိုျမင့္ေအာင္ ထားေပးပါ။ သီးတာကို ကာကြယ္ၿပီးသား ျဖစ္ပါလိမ့္မယ္။
● တကယ္လို႔ မိခင္ႏို႔ကို တိုက္ေနတာဆိုရင္ သင္ စားေနတဲ့ အစားအစာက ႏို႔ျပန္ထြက္တာကို ျဖစ္ေစလားဆိုတာ အာဟုရ ဆရာဝန္နဲ႔ တိုင္ပင္ပါ။ ဥပမာ - ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြ
● ခ်ိဳလိမ္စို႔တာကလည္း ေလေတြ ဗိုက္ထဲကို ပိုဝင္ေစလို႔ အၾကာႀကီး ေပးမစို႔သင့္ပါဘူး။
● အေအးမိရင္လည္း ျဖစ္တတ္တာမို႔ ကေလးကို စစ္ေဆးကုသပါ။
>> ဘယ္အခ်ိန္မွာ ဆရာဝန္နဲ႔ တိုင္ပင္ရမလဲ?
● ကိုယ္အေလးခ်ိန္မတက္လာရင္
● ႏို႔ေတြ အားနဲ႔ ျပန္ထြက္တာဆိုရင္
● ေသြး ေကာ္ဖီေရာင္အရည္ေတြ ပါလာတာဆိုရင္
● အညိဳေရာင္၊ အစိမ္းေရာင္ရွိတဲ့ အရည္ေတြ ပါလာရင္
● ႏို႔ထြက္ၿပီးေနာက္ သီးတာ၊ နင္တာ ျဖစ္လာရင္
● ၆ လ ေနာက္ပိုင္းမွ စျဖစ္ရင္
● ဆီးသြားနည္းလာရင္
● ဝမ္းထဲမွာ ေသြးပါရင္
● အသက္႐ွဴတာ ပုံမမွန္ ျဖစ္လာရင္
>> ဘယ္အခ်ိန္မွာ ရပ္သြားမလဲ?
၆ လ၊ ၇လ ဒါမွမဟုတ္ စထိုင္ႏိုင္ရင္ ရပ္သြားတတ္ပါတယ္။ တခ်ိဳ႕ကေလးေတြကေတာ့ အသက္ ၁ ႏွစ္ေလာက္ထိ ဆက္ျဖစ္ေနတတ္ပါတယ္။
Dr. Htar (www.drmyanmar.com)






























