ကလေးငယ်လေးများနဲ့ အူရောင်ငန်းဖျား
ကလေးလေးမှာ အဖျားတက်ပြီး ရင်ဘက်မှာ အနီကွက်တွေ ပေါ်နေသလား? ဒါဆိုရင်တော့ အူရောင်ငန်းဖျားရောဂါ ဖြစ်နေနိုင်ပါတယ်။ အူရောင်ငန်းဖျားရဲ့ လက္ခဏာရပ်တွေ၊ ဖြစ်စေတတ်တဲ့ အကြောင်းရင်းတွေ၊ ကုသနည်းတွေနဲ့ ဘယ်လိုရှောင်ကြဉ်ရမယ်ဆိုတာတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> အူရောင်ငန်းဖျားရောဂါဆိုတာ ဘာလဲ?
အူရောင်ငန်းဖျားရောဂါပိုးဟာ ရောဂါရှိသူရဲ့ ဆီးတွေ၊ ဝမ်းတွေမှာပါတတ်ပြီး အစားအသောက်ကနေတစ်ဆင့် ကူးစက်နိုင်တာကြောင့် အရမ်းပျံ့နှံ့လွယ်တဲ့ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ အူရောင်ငန်းဖျားရောဂါဖြစ်တဲ့အခါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာပြီး အမြန် ဆရာဝန်၊ ဆရာမတွေနဲ့ ပြသဖု့ိလိုတတ်ပါတယ်။
>> ကလေးငယ်တွေမှာ ဘာကြောင့်ဖြစ်တတ်သလဲ?
Salmonella typhi နဲ့ Salmonella paratyphi ဆိုတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်ပြီး လူလူချင်း အစားအသောက်ကနေ ကူးစက်နိုင်ပါတယ်။
>> ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေဟာ ရတ်တရက်ကြီး ပေါ်လာတာသော်လည်းကောင်း၊ ရက်သတ္တပတ်အတွင်း တဖြည်းဖြည်းချင်း ပေါ်လာတာသော်လည်းကောငး် ဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ ဖြစ်တတ်တဲ့ လက္ခဏာရပ်တွေကတော့ -
● ၁၀၄°F လောက်အထိ အဖျားကြီးတတ်ခြင်း
● ဝမ်းလျှောခြင်း
● ဝမ်းချုပ်ခြင်း
● နုံးနေခြင်း
● လည်ချောင်းနာခြင်း
● လျှာထူခြင်း
● ခေါင်းကိုက်ခြင်း
● အစားအသောက်ပျက်ခြင်း
● မလှုပ်ချင် မကိုင်ချင်ဖြစ်ခြင်း
● ဗိုက်နာခြင်း
● ကိုယ်အလေးချိန် ကျဆင်းခြင်း
● ဗိုက်ပူလာခြင်း
● ရင်ခေါင်းနားမှာ အနီစက်တွေ၊ အနီကွက်တွေ ပေါ်လာခြင်း စတာတွေပဲ ဖြစ်ပါတယ်။
>> အူရောင်ငန်းဖျားရောဂါကို သိရှိနိုင်ဖို့
ရောဂါလက္ခဏာကြည့်ရုံနဲ့ သိလွယ်ပေမယ့် သေချာအောင် စစ်ဆေးကြည့်ဖို့တော့ လိုပါတယ်။ သွေးဖောက်စစ်တာ၊ ရိုးတွင်းခြင်ဆီ ဖောက်စစ်တာမျိုး လုပ်နိုင်ပါတယ်။ ဝမ်းမှာ ပိုးရှာနိုင်သလို ပိုးသတ်ဆေး မသောက်ခင် သွေးထဲလည်း ပိုးရှာနိုင်ပါတယ်။
>> ကုသနည်းများ
စောစောသိ စောစောကုခြင်းက အမြန်ဆုံး သက်သာစေနိုင်ပါတယ်။
၁။ အရည်များများ တိုက်ပါ။
အဖျား၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျောတာ စတာတွေကြောင့် အရည်ဓာတ် ဆုံးရှုံးမှု များနိုင်တာကြောင့် ရေနဲ့အာဟာရပြည့်ဝတဲ့ အရည်တွေများများ တိုက်ရပါမယ်။ နေ့တိုင်း အနည်းဆုံး ရေ ၈ ခွက်ကနေ ၁၀ ခွက်လောက် သောက်သင့်ပါတယ်။ စွပ်ပြုတ်၊ ကျိုချက်ထားတဲ့နို့နဲ့ အခြားအရည်တွေလည်း တိုက်နိုင်ပါတယ်။ ဓာတ်ဆားရည်တိုက်ဖို့ လို၊ မလိုကိုတော့ ဆရာဝန်ကို မေးမြန်းပါ။
၂။ အနားယူပါစေ။
အူရောင်ငန်းဖျားဟာ လူကြီးတွေကိုတောင် နုံးသွားစေနိုင်တဲ့အတွက် ကလေးငယ်လေးတွေမှာဆို ပိုဆိုးတတ်ပါတယ်။ ဒါကြောင့် ဖျားနေစဉ်မှာရော၊ အဖျားကျပြီး ၁ ပတ်ထိတိုင်အောင် အနားယူစေပါ။ အခန်းကိုလည်း ရှင်းလင်းပြီး လေဝင်လေထွက်ကောင်းအောင် ထားပါ။
၃။ နေ့စဉ်သန့်စင်ပေးပါ။
ဖျားနေစဉ်မှာလည်း ရေပတ်ဝတ်နဲ့ တိုက်ပေးပါ။ အပူကိုလည်း ကျစေနိုင်ပါတယ်။ နေ့တ်ိုင်း သွားတိုက်ပေးပါ။
၄။ ပိုးသတ်ဆေး သောက်ပါ။
ပိုးတွေ သေစေဖို့ ဆရာဝန် တိုက်ခိုင်းတဲ့ ပိုးသတ်ဆေးကို ညွှန်ကြားချက်အတိုင်း ရက်ပြည့်အောင် တိုက်ရပါမယ်။
>> ကာကွယ်ရန်နည်းလမ်းများ
အူရောင်ငန်းဖျားရောဂါကို ကာကွယ်နိုင်ဖို့ -
● မစားခင်၊ မသောက်ခင်မှာ ခြေတွေ၊ လက်တွေ သေချာဆေးပေးပါ။
● ရေသန့်ပဲ တိုက်ပါ။ ရေကို အချိန်အတန်ကြာ ကျိုချက်အအေးခံပြီးမှ တိုက်ပါ။
● ကျန်းမာရေးနဲ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးပါ။ လမ်းဘေးစာတွေမှာ အူရောင်ငန်းဖျားရောဂါပိုး ပါနေနိုင်တဲ့အတွက် ရှောင်ကြဉ်ပါ။
● ပတ်ဝန်းကျင်ကို သန့်သန့်ရှင်းရှင်းထားပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
>> ရောဂါလက်ခဏာမြား
Dr. Mya Phoo Ngon (www.drmyanmar.com)





























