/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးငယ်-စိတ်ကျခြင်းဝေဒနာ-ခံစားနေရရင်

ကလေးငယ် စိတ်ကျခြင်းဝေဒနာ ခံစားနေရရင်

Category
ကလေးများနှင့်ကျန်းမာရေး

         စိတ်ကျခြင်း (depression) ဟာ လူကြီးများနဲ့သာ သက်ဆိုင်တယ်လို့ ထင်ကြလေ့ရှိပါတယ်။ တကယ်ကတော့ စိတ်ကျခြင်းဟာ ဆယ်ကျော်သက်အရွယ်နဲ့ ကလေးငယ်များကိုပင် ခြိမ်းခြောက်လေ့ရှိတဲ့ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။

>>    ကလေးများ ဘာလို့စိတ်ကျတတ်ကြသလဲ?
         ယနေ့ခေတ် ကလေးငယ်တွေဟာ အပြောင်းအလဲများကြားတွင် ရှင်သန်ကြီးပြင်းကြရတဲ့အတွက် စိတ်ဖိစီးမှုအနည်းအများမဆို ရှိလေ့ရှိကြပါတယ်။ ဒါတင်မကသေးပဲ တိုးတက်ပြောင်းလဲလာတဲ့ ပညာရေးစနစ်ကို အမှီလိုက်ရသေးတာမို့ ကျောင်းကပေးတဲ့ စိတ်ဖိစီးမှုများလည်း ရှိနိုင်ပါတယ်။
    ဒါကြောင့် ကလေးငယ်တွေအနေနဲ့ မိဘကို ရင်ဖွင့်ချင်တဲ့ကိစ္စတွေ ရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာ မိဘက မပြောဖို့ တားမြစ်တာမျိုး ဘယ်လိုရင်ဆိုင်လိုက်ပါလားဆိုပြီး အကြံပြုတာမျိုးထက်စာရင် သူတို့ပြောသမျှကို နားထောင်လိုက်ခြင်းက ပိုပြီးသင့်တော်ပါလိမ့်မယ်။

>>    သင့်ကလေးငယ် စိတ်ကျနေလား? အောက်ပါလက္ခဏာများ ရှိ၊ မရှိ လေ့လာပါ။
●       အမြဲလိုလို စိတ်အားငယ်ဝမ်းနည်းနေခြင်း
●       အရင်က တက်ကြွစွာပါဝင်ခဲ့သော လှုပ်ရှားမှုများကို စိတ်ဝင်စားခြင်းမရှိတော့ခြင်း၊ မိသားစုနဲ့ သူငယ်ချင်းများကို ခပ်ခွာခွာနေခြင်း
●       အစာမစားခြင်း၊ ပိန်လာခြင်း
●       ညမအိပ်ခြင်း သို့မဟုတ် လိုတာထက် ပိုအိပ်ခြင်း
●       ဂဏှာမငြိမ်ဖြစ်ခြင်း၊ စိတ်တိုလွယ်ခြင်း
●       ပင်ပန်းနွမ်းနယ်နေခြင်း
●       အာရုံမစိုက်နိုင်ခြင်း၊ ရှင်းလင်းစွာ မတွေးတောနိုင်ခြင်း၊ တွေဝေခြင်း
●       မိမိကိုယ်ကို အသုံးမကျဘူးလို့မြင်ခြင်း
●       သေကြောင်းကြံခြင်း
        စတဲ့ လက္ခဏာတွေ ရှိနေပါက စိတ်ကျရောဂါ စတင်နေပြီ ဖြစ်ပါတယ်။

EC Kidz IA 1

      သင့်ကလေးငယ်မှာ အဆိုပါလက္ခဏာတွေ ရှိနေပြီဆိုရင် သူနဲ့ စကားပြောပါ။ အရေးကြီးတဲ့အချက်က ဘယ်လိုဝေဖန်မှုမျိုးမှမလုပ်ဘဲ အောက်ပါစကားတွေကို ပြောပေးဖို့ပါပဲ။
●    သား/သမီး ဘယ်လိုခံစားနေရလဲ မေမေ သိပါတယ်။
●    လူတိုင်းလိုလိုဟာ တစ်ချိန်မဟုတ်တစ်ချိန် စိတ်ဓာတ်ကျတတ်တယ်နော်။
●    စိတ်ညစ်စရာတွေပဲ မတွေးပါနဲ့ သား/သမီးလေးရယ်။ ပျော်စရာတွေတွေး၊ သားရဲ့ အားသာချက်တွေ တွေးကြရအောင်နော်။
●    သား/သမီး စိတ်ညစ်နေတဲ့ကိစ္စက မကြာခင် ပြီးသွားမှာပါ။

      ဒီထက် တစ်ဆင့်တက်လိုပါက -
●    သား/သမီး တစ်ခုခု ခံစားနေရတာ ဖေဖေ သိတယ်။ ဖေဖေ့ကို ပြောပြပါလား၊ သား/သမီး မပျော်မှာ ဖေဖေစိုးရိမ်လို့ပါ စသော အကဲခတ်တဲ့မေးခွန်းမျိုး မေးနိုင်ပါတယ်။
      ကလေး စိတ်ပျော်စေမယ့်နေရာများကို ပို့ပေးခြင်း၊ လိုချင်တာလေးတွေ ဝယ်ပေးခြင်းတို့ ပြုလုပ်သင့်ပြီး စိတ်ရောဂါဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ ကလေးငယ်ကို အားပေးသင့်ပါတယ်။ ဒီလိုစိတ်ကျနေတာဟာ ကုသရင်ပျောက်မယ့်ဝေဒနာတစ်ရပ်ဖြစ်ကြောင်း ကလေး သိအောင် ပြောပေးဖို့ မမေ့ပါနဲ့။
      ဒါ့အပြင် ဗီတာမင် C က စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တဲ့အတွက် ကလေးတွေကို ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်များ ကျွေးမွေးခြင်း၊ Enervon-C Kidz လို ဗီတာမင် C ပါဝင်တဲ့ အားဆေးများ နေ့စဉ်မှန်မှန်တိုက်ကျွေးခြင်းတို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
      မေမေတို့ရေ ... စိတ်ကျခြင်းကို စောစီးစွာမကုသပါက ပိုမိုဆိုးရွားတဲ့ပြဿနာတွေကို သယ်ဆောင်လာမှာ ဖြစ်တာကြောင့် သားသားမီးမီးလေးတို့ရဲ့ စိတ်ခံစားမှုကို နေ့စဉ်အနီးကပ် အကဲခတ်ပေးကြပါနော်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)

EC Kidz IA 2

(Zawgyi)

         စိတ္က်ျခင္း (depression) ဟာ လူႀကီးမ်ားနဲ႔သာ သက္ဆိုင္တယ္လို႔ ထင္ၾကေလ့ရွိပါတယ္။ တကယ္ကေတာ့ စိတ္က်ျခင္းဟာ ဆယ္ေက်ာ္သက္အ႐ြယ္နဲ႔ ကေလးငယ္မ်ားကိုပင္ ၿခိမ္းေျခာက္ေလ့ရွိတဲ့ ျပႆနာတစ္ရပ္ျဖစ္ပါတယ္။

>>    ကေလးမ်ား ဘာလို႔စိတ္က်တတ္ၾကသလဲ?
         ယေန႔ေခတ္ ကေလးငယ္ေတြဟာ အေျပာင္းအလဲမ်ားၾကားတြင္ ရွင္သန္ႀကီးျပင္းၾကရတဲ့အတြက္ စိတ္ဖိစီးမႈအနည္းအမ်ားမဆို ရွိေလ့ရွိၾကပါတယ္။ ဒါတင္မကေသးပဲ တိုးတက္ေျပာင္းလဲလာတဲ့ ပညာေရးစနစ္ကို အမွီလိုက္ရေသးတာမို႔ ေက်ာင္းကေပးတဲ့ စိတ္ဖိစီးမႈမ်ားလည္း ရွိႏိုင္ပါတယ္။
    ဒါေၾကာင့္ ကေလးငယ္ေတြအေနနဲ႔ မိဘကို ရင္ဖြင့္ခ်င္တဲ့ကိစၥေတြ ရွိႏိုင္ပါတယ္။ ဒီလိုအခ်ိန္မွာ မိဘက မေျပာဖို႔ တားျမစ္တာမ်ိဳး ဘယ္လိုရင္ဆိုင္လိုက္ပါလားဆိုၿပီး အႀကံျပဳတာမ်ိဳးထက္စာရင္ သူတို႔ေျပာသမွ်ကို နားေထာင္လိုက္ျခင္းက ပိုၿပီးသင့္ေတာ္ပါလိမ့္မယ္။

>>    သင့္ကေလးငယ္ စိတ္က်ေနလား? ေအာက္ပါလကၡဏာမ်ား ရွိ၊ မရွိ ေလ့လာပါ။
●       အၿမဲလိုလို စိတ္အားငယ္ဝမ္းနည္းေနျခင္း
●       အရင္က တက္ႂကြစြာပါဝင္ခဲ့ေသာ လႈပ္ရွားမႈမ်ားကို စိတ္ဝင္စားျခင္းမရွိေတာ့ျခင္း၊ မိသားစုနဲ႔ သူငယ္ခ်င္းမ်ားကို ခပ္ခြာခြာေနျခင္း
●       အစာမစားျခင္း၊ ပိန္လာျခင္း
●       ညမအိပ္ျခင္း သို႔မဟုတ္ လိုတာထက္ ပိုအိပ္ျခင္း
●       ဂဏွာမၿငိမ္ျဖစ္ျခင္း၊ စိတ္တိုလြယ္ျခင္း
●       ပင္ပန္းႏြမ္းနယ္ေနျခင္း
●       အာ႐ုံမစိုက္ႏိုင္ျခင္း၊ ရွင္းလင္းစြာ မေတြးေတာႏိုင္ျခင္း၊ ေတြေဝျခင္း
●       မိမိကိုယ္ကို အသုံးမက်ဘူးလို႔ျမင္ျခင္း
●       ေသေၾကာင္းႀကံျခင္း
        စတဲ့ လကၡဏာေတြ ရွိေနပါက စိတ္က်ေရာဂါ စတင္ေနၿပီ ျဖစ္ပါတယ္။

      သင့္ကေလးငယ္မွာ အဆိုပါလကၡဏာေတြ ရွိေနၿပီဆိုရင္ သူနဲ႔ စကားေျပာပါ။ အေရးႀကီးတဲ့အခ်က္က ဘယ္လိုေဝဖန္မႈမ်ိဳးမွမလုပ္ဘဲ ေအာက္ပါစကားေတြကို ေျပာေပးဖို႔ပါပဲ။
●    သား/သမီး ဘယ္လိုခံစားေနရလဲ ေမေမ သိပါတယ္။
●    လူတိုင္းလိုလိုဟာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ စိတ္ဓာတ္က်တတ္တယ္ေနာ္။
●    စိတ္ညစ္စရာေတြပဲ မေတြးပါနဲ႔ သား/သမီးေလးရယ္။ ေပ်ာ္စရာေတြေတြး၊ သားရဲ႕ အားသာခ်က္ေတြ ေတြးၾကရေအာင္ေနာ္။
●    သား/သမီး စိတ္ညစ္ေနတဲ့ကိစၥက မၾကာခင္ ၿပီးသြားမွာပါ။

      ဒီထက္ တစ္ဆင့္တက္လိုပါက -
●    သား/သမီး တစ္ခုခု ခံစားေနရတာ ေဖေဖ သိတယ္။ ေဖေဖ့ကို ေျပာျပပါလား၊ သား/သမီး မေပ်ာ္မွာ ေဖေဖစိုးရိမ္လို႔ပါ စေသာ အကဲခတ္တဲ့ေမးခြန္းမ်ိဳး ေမးႏိုင္ပါတယ္။
      ကေလး စိတ္ေပ်ာ္ေစမယ့္ေနရာမ်ားကို ပို႔ေပးျခင္း၊ လိုခ်င္တာေလးေတြ ဝယ္ေပးျခင္းတို႔ ျပဳလုပ္သင့္ၿပီး စိတ္ေရာဂါဆရာဝန္နဲ႔ ေဆြးေႏြးတိုင္ပင္ဖို႔ ကေလးငယ္ကို အားေပးသင့္ပါတယ္။ ဒီလိုစိတ္က်ေနတာဟာ ကုသရင္ေပ်ာက္မယ့္ေဝဒနာတစ္ရပ္ျဖစ္ေၾကာင္း ကေလး သိေအာင္ ေျပာေပးဖို႔ မေမ့ပါနဲ႔။
      ဒါ့အျပင္ ဗီတာမင္ C က စိတ္ဖိစီးမႈေတြကို ေလ်ာ့က်ေစႏိုင္တဲ့အတြက္ ကေလးေတြကို ဗီတာမင္ C ႂကြယ္ဝတဲ့ အစားအေသာက္မ်ား ေကြၽးေမြးျခင္း၊ Enervon-C Kidz လို ဗီတာမင္ C ပါဝင္တဲ့ အားေဆးမ်ား ေန႔စဥ္မွန္မွန္တိုက္ေကြၽးျခင္းတို႔ကိုလည္း ျပဳလုပ္ေပးသင့္ပါတယ္။
      ေမေမတို႔ေရ ... စိတ္က်ျခင္းကို ေစာစီးစြာမကုသပါက ပိုမိုဆိုး႐ြားတဲ့ျပႆနာေတြကို သယ္ေဆာင္လာမွာ ျဖစ္တာေၾကာင့္ သားသားမီးမီးေလးတို႔ရဲ႕ စိတ္ခံစားမႈကို ေန႔စဥ္အနီးကပ္ အကဲခတ္ေပးၾကပါေနာ္။

ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)