ကလေးငယ် ဘာလို့ချောင်းဆိုးတာလဲ
ချောင်းဆိုးခြင်းဟာ ကလေးငယ်များတွင် အဖြစ်များသည့် ကျန်းမာရေးပြဿနာတစ်ခုဆို မှားမယ်မထင်ပါဘူး။ ခဏတဖြုတ် ချောင်းဆိုးခြင်းဟာ အရေးမကြီးနိုင်ပေမယ့် ရက်ရှည်ချောင်းဆိုးခြင်း ဖြစ်ပေါ်ပါက အကြောင်းရင်းကို အဖြေရှာခြင်းဖြင့် မလိုလားအပ်သောဆိုးကျိုးများကို ကာကွယ်နိုင်ပါတယ်။
ကလေးငယ်များရဲ့ ချောင်းဆိုးသံပေါ် မူတည်ပြီး အကြောင်းရင်းများကို အောက်ပါအတိုင်း အဖြေရှာနိုင်ပါတယ်။
(၁) တစီစီသံမြည်ခြင်း (Wheezing)
ကလေးချောင်းဆိုးသည့်အခါ ပလတ်စတစ်ပိုက်ကို လေမှုတ်သောအသံကဲ့သို့ တစီစီမြည်နေပါက လေပြွန်ရောင်ခြင်း သို့မဟုတ် ပန်းနာရင်ကျပ်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။
(၂) ဖျံကဲ့သို့ အသံထွက်ခြင်း (Croup)
အသက်ရှူလမ်းကြောင်းတွင်းသို့ ဗိုင်းရပ်စ်ပိုး၀င်ခြင်းကြောင့်ဖြစ်ပြီး ဖျံကဲ့သို့ အသံမြည်ခြင်းနဲ့အတူ အသက်ရှူကြပ်ခြင်း၊ အသက်ပြင်းပြင်း ရှူရခြင်းကိုပါ တွေ့ရတတ်ပါတယ်။ ညဘက်တွင် ချောင်းပိုဆိုးပြီး ၆ လ မှ ၃ နှစ်တွင်း ကလေးငယ်များတွင် အဖြစ်များတတ်ပါတယ်။
Solmux Kids 1

(၃) လေပြွန်ပိတ်သောအသံမြည်ခြင်း (Stridor)
အသက်ကို ရှိုက်ကြီးတငင် ရှူနေရပြီး အသက်ရှူသွင်းတိုင်း အသံများ ထွက်ပေါ်နေတတ်ပါတယ်။
(၄) တဟုဟုနဲ့ဆိုးသော ဆုံဆို့ကြက်ညှာချောင်း (Whooping cough)
မျက်နှာပါ နီမြန်းသည်အထိ မရပ်မနား ချောင်းဆိုးနေပြီး တဟုဟုမြည်သံများပါ ကြားရပါက ကြက်ညှာချောင်းကို သတိမူသင့်ပါတယ်။ တရစပ် ချောင်းဆိုးခြင်းကြောင့် ကလေးငယ်မှာ မောပန်းကာ အသက်ရှူပင် ရပ်နိုင်ပါတယ်။ အသက်ကိုပါ ထိခိုက်စေနိုင်တာမို့ အမြန်ဆုံး ဆေးရုံသို့ သွားရောက်ရန် လိုပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Solmux Kids 2

(Unicode)





























