ကလေးတစ်ယောက်အတွက် တစ်နေ့တာအာဟာရ လိုအပ်ချက်
ကလေးတစ်ယောက်ရဲ့ တစ်နေ့တာအာဟာရ လိုအပ်ချက်ဟာ ကလေးရဲ့အသက်၊ ယောက်ျားလေး၊ မိန်းကလေး၊ အရွယ်အစား၊ ကြီးထွားမှုနဲ့ ကလေးရဲ့လှုပ်ရှားမှုပမာဏပေါ် မူတည်ပါတယ်။
ကျွမ်းကျင်သူတွေအဆိုအရ ပျမ်းမျှအားဖြင့် အသက် ၂-၈ နှစ်အတွင်း ကလေးတစ်ယောက်ဟာ တစ်ရက်ကို ၁၀၀၀-၁၄၀၀ ကယ်လိုရီ လိုအပ်ပြီး အသက် ၉-၁၃ နှစ်အတွင်း ကလေးတစ်ယောက်မှာတော့ တစ်ရက်ကို ၁၈၀၀-၂၂၀၀ ကယ်လိုရီ လိုအပ်ပါတယ်။
Ceelin 1
လိုအပ်တဲ့ကယ်လိုရီပမာဏအပြင် တစ်နေ့တာအတွက် အောက်ဖော်ပြပါ အာဟာရလိုအပ်ချက်တွေလည်း ပြည့်မီဖို့ လိုအပ်ပါတယ်။
>> အသက် ၁ - ၃ နှစ်အတွင်း တစ်နေ့တာလိုအပ်ချက်
● ကယ်လ်စီယမ် - 700 mg
● သံဓာတ် - 7 mg
● ဗီတာမင် A - 300 mcg
● ဗီတာမင် B12 – 0.9 mcg
● ဗီတာမင် C - 15 mg
● ဇင့်ဓာတ် - 3 mg
● ဗီတာမင် D - 600 IU (15 mcg)
>> အသက် ၄ - ၈ နှစ်အတွင်း တစ်နေ့တာလိုအပ်ချက်
● ကယ်လ်စီယမ် - 1000 mg
● သံဓာတ် - 10 mg
● ဗီတာမင် A - 400 mcg
● ဗီတာမင် B12 - 1.2 mcg
● ဗီတာမင် C - 25 mg
● ဇင့်ဓာတ် - 5 mg
● ဗီတာမင် D - 600 IU (15 mcg)
Ceelin 2
နာမည်ကြီးတဲ့ အာဟာရဓာတ်တချို့ကို ဖော်ပြထားတာဖြစ်ပေမယ့် တခြားလိုအပ်တဲ့အာဟာရဓာတ်တွေလည်း ကျန်ပါသေးတယ်။
ကလေးတွေဟာ ပုံမှန်အတိုင်း ကြီးထွားဖွံ့ဖြိုးနိုင်ဖို့ ဗီတာမင်နဲ့သတ္တုဓာတ်အားလုံးကို အချိုးညီညီ လိုအပ်ပါတယ်။ ဥပမာအားဖြင့် အရိုးတွေ ကောင်းကောင်းကြီးထွားနိုင်ဖို့ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ၊ ဦးနှောက်ဖွံ့ဖြိုးမှုကောင်းစေဖို့ ဗီတာမင်အေ၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် ဘီ ၁၂ နဲ့ ဗီတာမင် ဒီ၊ ကိုယ်ခံအားကောင်းစေဖို့ ဗီတာမင် စီ နဲ့ ဇင့်ဓာတ် စတာတွေ နေ့စဉ်လိုအပ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























