ကလေးတို့မေမေတွေ သိထားသင့်တဲ့ G6PD အင်ဇိုင်းချို့တဲ့ခြင်း
ကမ်ဘာပေါ်က လူပေါင်း သန်း ၄၀၀ မှာ G6PD ဓာတ်ချို့တဲ့တဲ့ရောဂါရှိပါတယ်။
G6PD ချို့တဲ့ခြင်းဆိုတာဘာလဲ
ခန္ဓာကိုယ်က G6PD ဆိုတဲ့ ဓာတ်ကူပစ္စည်းလုံလောက်စွာထုတ်မပေးနိုင်တာကို G6PD ချို့တဲ့တယ်လို့ခေါ်ပါတယ်။ G6PD က သွေးနီဥတွေကို အချို့သောအစားအစာတွေ၊ ဆေးဝါးတွေ၊ ရောဂါပိုးတွေကနေထွက်လာတဲ့ အန္တရာယ်ရှိတဲ့ ဘေးထွက်ပစ္စည်းတွေရဲ့ရန်ကနေ ကာကွယ်ပေးခြင်းဖြင့် သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့အတွက် မရှိမဖြစ်အရေးကြီးပါတယ်။ ဒီဓာတ်ချို့တဲ့ရင် သွေးနီဥတွေပေါက်ကွဲပြီး သွေးအားနည်းတဲ့လက္ခဏာတွေဖြစ်တဲ့ ဖြူဖတ်ဖြူလျော်ဖြစ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းစတာတွေကိုဖြစ်စေပါတယ်။ သွေးဥပေါက်ကွဲခြင်းကြောင့်ဖြစ်တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ပြီး ဆိုးရွားပါက အသက်သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။
G6PD ချို့တဲ့ခြင်းက ကုသလို့ရပါတယ်။ ကလေးမှာ ဒီရောဂါရှိမှန်းသိရင် ရောဂါကိုဆိုးရွားစေတဲ့အရာတွေကို ရှောင်ရှားခြင်းအားဖြင့် ကျန်းမာပျော်ရွှင်စွာဘဝကိုဖြတ်သန်းနိုင်ပါတယ်။
Ceelin 1
ရောဂါဖြစ်စေသောအကြောင်းအရင်းနှင့် ရောဂါအမည်ဖော်ထုတ်ခြင်း
G6PD ချို့တဲ့ခြင်းက မျိုးရိုးဗီဇအခြေအနေတစ်ခုဖြစ်ပြီး ဒီရောဂါမဖြစ်အောင် မကာကွယ်နိုင်ပါဘူး။ ဒါပေမယ့် ရောဂါကို စောစောသိဖို့ အလွန်အရေးကြီးပါတယ်။
ဒီရောဂါရှိတဲ့ကလေးတွေက ရောဂါပိုဆိုးစေတဲ့အရာတွေနဲ့ထိတွေ့မှုမရှိမခြင်း လက္ခဏာမပြပါဘူး။ ဒီရောဂါစစ်ဆေးကြည့်လို့ ရောဂါရှိတယ်ဆိုရင် သွေးပေါက်ကွဲပြီး ရောဂါပိုမဆိုးစေဖို့အတွက် ရှောင်ရမယ့်အရာတွွေရှိပါတယ်။ ကိုယ့်ကလေးမှာ ဒီရောဂါရှိတယ်ဆိုရင် ကလေးကိုကုတဲ့ဆရာဝန်တွေကို ပြောပြဖို့လိုပါတယ်။ တချို့ဆေးတွေက ရောဂါပိုဆိုးစေတဲ့အတွက် ေ၇ှာင်ဖို့လိုပါတယ်။
Ceelin 2
ရောဂါပိုဆိုးစေသောအရာများ
- ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့်နေမကောင်းဖြစ်ခြင်း (တုပ်ကွေး၊ အဆုတ်ရောင်ရောဂါ၊ အူရောင်ငန်းဖျား စသည်)
- ဆာလဖာအုပ်စုဝင်ပိုးသတ်ဆေးများ
- အဖျားရောဂါကုဆေးအချို့နှင့် အကိုက်အခဲပျောက်ဆေးအချို့
- ငှက်ဖျားဆေးများ
G6PD ချို့တဲ့သောကလေးတွေက အောက်ပါအရာတွေကို ရှောင်ရှားရပါမယ်။
- တောင်ကြီးပဲ
- ပဲတောင့်ရှည်များ၊ ပဲအမျိုးမျိုး
- ပဲပိစပ်ဖြင့်ပြုလုပ်သောအစားအစာများ၊ (တို့ဖူး၊ ပဲငံပြာရည်)
- ကြက်ဟင်းခါးသီး
- ဘလူးဘယ်ရီ
- ဝိုင်နီ
- ပရုတ်လုံး
- ပရုတ်အေး ( ခံတွင်းသန့်ဆေးရည်တွေနဲ့ အခြားအရာတွေမှာပါဝင်တဲ့ ပရုတ်အေး menthol ကိုလည်းရှောင်ရပါမယ်။)
ပဲနို့ပါဝင်တဲ့နို့တွေကြောင့် သွေးဥပေါက်ကွဲတာကိုတော့ မတွေ့ရသေးပါဘူး။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























