/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားဖြစ်အောင်

ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားဖြစ်အောင် ဘယ်လိုဆွဲဆောင်ကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

တချိန်လုံး သကြားလုံး ဂျယ်လီနဲ့ ဘီစကစ်ကွတ်ကီးတွေပဲတောင်းနေတဲ့ သားသားမီးမီးတွေ ကို ကျန်းမာရေးနဲ့ညီညီညွတ်ညွတ်လေးတွေ ပိုစားဖြစ်အောင် ဘယ်လိုဆွဲဆောင်ကြမလဲ။

သူလေးကို ဖြည့်စွက်စာစကျွေးကတည်းက ပေါင်မုန့်ကိတ်မုန့် ပီဇာတွေအစား ဒါလေးတွေ စကျွေးကြည့်ရင်အရသာသစ်ကိုစမ်းစားရင်းစားရင်းနဲ့ သူတို့လေးတွေက အသီးအနှံနဲ့ အသားငါးတွေကို နှစ်နှစ်ခြိ်ုက်ခြိုက်စားတတ်သွားပါသတဲ့။

• ပဲလေးတွေကို ထမင်းဖြူ နဲ့ရောပြီးချေပြီးကျွေးတာ

• မုန်လာဥနီလေးကိုနူးမြည့်နေအောင်ပြုတ်ပီး ကျွေးတာ

• ကန်ဇွန်းဥလေးကိုချေကျွေးတာတွေက ကလေးတွေကိုအသီးအနှံရဲ့အရသာကို ကနဦးမြည်းစမ်းမိစေပါတယ်၊ အချိုရည်တွေ ဘီစကစ်တွေ ဘာဂါတွေကို ကလေးတွေကို လုံးဝ စမ်းမကျွေးသင့်ပါဘူး။ ငယ်ရွယ်စဉ်မှာ ပြုပြင်ပြောင်းလဲထားတဲ့ အချိုအရသာနဲ့ စောစီးစွာ ထိတွေ့ထားကြသူ သားသားမီးမီးတွေဟာ အချိုအရသာကို အလွန်စွဲလမ်းသွားပြီး ကျန်တဲ့အရသာအသစ်တွေကိုငြင်းဆန်လာလေ့ရှိပါတယ်။

ကိုယ်ကျွေးတိုင်းမစားတဲ့ သားသားမီးမီးကို မဆူပါနဲ့။ပန်းကန်ထဲမှထည့်ပေးသမျှ မကုန်တာကိုလည်းပြသနာမလုပ်ပါနဲ့၊ အစားအစာတွေကို အရသာအသစ်အဆန်းတွေကို စထိတွေ့ရတဲ့ကလေးတွေဟာ လူကြီးတွေလိုပဲ အချိန်ကြာကြာပေးပြီး ကြိုးစားမြည်းစမ်းကျွေးကြည့်ဖို့ အထူးလိုအပ်ပါတယ်နော်။

Ceelin Plus 1

♦ သူတို့ဆော့ပြီးချိန် မောချိန်မှာစားဖို့ စားစရာကို စားပွဲပေါ်မှာ အဆင်သင့်ပြင်ဆင်ထားပါ၊ သူတို့တကယ်ဆာလာရင် သိပ်မငြင်းဆန်တော့ဘဲ ကျွေးသမျှကို စားတတ်လာပါလိမ့်မယ်။

 

♦ နောက်ပြီး ကလေးတွေကိုအစားပြင်ဆင်ရာမှာ အတူပါဝင်ခိုင်းပါ။ သူတို့စိတ်ကြိုက်အသီးအနှံကိုရွေးခိုင်းပါ။ ဈေးကိုခေါ်သွားပါ။ ခြံထွက်သီးနှံတွေကိုပြသပါ။ အိပ်ခန်းဧည့်ခန်းမှာ သစ်သီးဝလံရောင်စုံပုံလေးတွေကို ဝေဝေဆာဆာ ချိတ်ဆွဲပြသထားပါ။ သူ့ကို အခါအားလျော်စွာပြသ အခေါ်အဝေါ်လေးတွေ သင်ကြားပေးပါ။ သဘာဝအစားအစာကို စိတ်ဝင်စားလာတဲ့ကလေးတွေဟာ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ်စားတတ်လာပါတယ်၊ ဒီတော့ အလေ့အကျင့် နဲ့ စိတ်ဝင်စားမှုကို စိတ်ရှိလက်ရှိ ပျိူးထောင်ပေးခြင်းဖြင့် သူတို့လေးတွေကြီးလာတဲ့အခါ ပြောရမခက်တော့ဘူးပေါ့နော်။

♦ ပန်းချီရေးဆွဲစေတာကလည်း အလွန်ထိရောက်တဲ့အစားအစာပညာပေးနည်းပါ။ တကယ့်အသီးအနှံတွေကို ချပေးပြီးရေးဆွဲပါစေ။ စိတ်ကြိုက်ချယ်မှုန်းရင်း မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ထားလေးကို မြှင့်တင်ပေးနိုင်ပါတယ်။

 

♦ ကျောင်းမှာ အိမ်မှာ မုန့်တွေမထားပါနဲ့၊အချိုရည်တွေ ရေခဲသေတ္တာထဲမထားပါနဲ့။ ရေဆာတဲ့အခါ သဘာဝရေသန့်ကိုသာ သောက်သုံးပါစေ။ ညစာမစားမှီ ဆာနေတဲ့အခါ အသီးစိတ်ပေးပါ။အလွယ်တကူ ဘီစကစ်တွေမုန့်ထုပ်တွေ မပေးလိုက်ပါနဲ့။

 

ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားဖို့ ဆွဲဆောင်နိုင်မယ့် တကယ့်ပုဂ္ဂိုလ်က မိဘကိုယ်တိုင်ကလွဲလို့တခြားမဖြစ်နိုင်ပါဘူးနော်။ မိမိသာလျင်မိမိကလေးအတွက် စံပြမိဘဖြစ်စေသင့်ပါတယ်။ကလေးကိုကျ ပိတ်ပင်ပြီး သူ့ရှေ့မှာ ကွတ်ကီးတွေ ကိုလာတွေ တမေ့တမော တဂွတ်ဂွတ်စားသောက်နေမယ့်မေမေတော့မဖြစ်စေနဲ့ပေါ့။ 

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

Ceelin Plus 2

(Unicode)







 


 



 


 

