ကလေးတွေကို နေ့တိုင်း မနက်စာအတွက် ကြက်ဥကျေွးတာ စိတ်ချရပါသလား? တစ်နေ့မှာ ဘယ်နှလုံးကျေွးလို့ရသလဲ?
မေး - ကျွန်မရဲ့ 8 နှစ်သားအရွယ် သားလေးက ကြက်ဥကြိုက်ပါတယ်။ သူက ကိုယ်ကာယပိုင်းဆိုင်ရာ ကျန်းမာပြီး တက်ကြွပါတယ်။ ကလေးက နေ့တိုင်း တစ်နေ့ကို ကြက်ဥ 4 လုံး စားတယ်ဆိုရင် စိတ်ချရပါသလား? သူ့ရဲ့ သွေးတွင်းကိုလက်စထရောဓာတ်များမှာ မပူရဘဲ ကြက်ဥ ဘယ်လောက်များများ စားနိုင်ပါသလဲ?
Ceelin 1
ဖြေ - ကြက်ဥက အရည်အသွေးမြင့်တဲ့ ပရိုတင်းဓာတ်ကို ပေးစွမ်းနိုင်တဲ့ အရင်းအမြစ်ကောင်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကနေပြီး မထုတ်လုပ်နိုင်တဲ့ အစားအစာကနေသာ ရရှိနိုင်သော ပရိုတင်းဓာတ် တည်ဆောက်မှုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုင်အက်ဆစ်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A (မျက်လုံး၊ အရိုးနှင့် သွား ကျန်းမာရေးအတွက် အရေးပါသော)၊ ဗီတာမင် D (အရိုးနှင့် သွား ကျန်းမာရေး)၊ ကိုလင်း (ဦးနှောက် လှုံ့ဆော်မှုနှင့် နှလုံး ကျန်းမာရေးအတွက် အရေးကြီးသော)၊ စီလီမီယံ (သိုင်းရွိုက်လုပ်ဆောင်မှုအတွက် အရေးကြီး) စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံကိုလည်း ပေးစွမ်းနိုင်ပါတယ်။
ကြက်ဥမှာ ကောင်းကျိုးများစွာ ရှိသလို သူတို့က ကိုလက်စထရောနှင့် ပြည့်၀ဆီတို့ရဲ့ အရင်းအမြစ် ဖြစ်တဲ့အတွက်ကြောင့် နှလုံး ကျန်းမာရေးအတွက် ကြက်ဥကို အကန့်အသတ်နဲ့ စားသုံးသင့်ပါတယ်။ ကြက်ဥကြီးကြီး 1 လုံးမှာ ကိုလက်စထရော 186mg နဲ့ အဆီ 5g နီးပါး (ပြည့်၀ဆီ 1.5g) ပါ၀င်ပါတယ်။ အမေရိကန် နှလုံး ကျန်းမာရေး အဖွဲ့အစည်းက တစ်နေ့ကို အစားအစာမှ ရရှိသော ကိုလက်စထရော 300mg အောက် (နှလုံးရောဂါရှိသူ သို့မဟုတ် မကောင်းတဲ့ ကိုလက်စထရောဓာတ် များသူတွေမှာ 200mg အောက်) သာ စားသုံးသင့်တယ်လို့ ဆိုထားပါတယ်။ တွေ့ရှိချက်တွေက ကျန်းမာတဲ့အရွယ် ရောက်ပြီးသူတွေမှာ တစ်နေ့ကို ကြက်ဥတစ်လုံး စားခြင်းဖြင့် နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ဆက်စပ်မှုမရှိပေမယ့် တစ်ပတ်ကို ကြက်ဥ 1 လုံးထက် ပိုစားပါက ရောဂါဖြစ်နိုင်ခြေ ပိုများစေနိုင်ပါတယ်။
Ceelin 2
အခြေခံအချက်ကတော့ ကြက်ဥ သာမက ဘယ်အစားအစာမဆို လွန်ကဲရင် မကောင်းပါဘူး။ အာဟာရဓာတ် စုံညီစွာ ရရှိစေဖို့အတွက် အစားအစာအုပ်စု မျိုးစုံပါအောင် စားပေးရပါမယ်။ ပျမ်းမျှ တစ်နေ့ကို ကြက်ဥ 1 လုံးထက် ပိုမစားခြင်း (ကြက်ဥနဲ့ လုပ်ထားတဲ့ အစားအစာတွေကိုလည်း ထည့်တွက်ဖို့ မမေ့ပါနဲ့) နှင့် အဆီနည်းသော အသားများ စားသုံးခြင်းက ကလေးရဲ့ ကိုလက်စထရောနဲ့ ပြည့်၀ဆီ စားသုံးမှုကို အနည်းဆုံး ဖြစ်စေနိုင်တဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ကြီးထွားဖွံ့ဖြိုးဆဲအရွယ် ကလေးအတွက် အာဟာရဓာတ်မျိုးစုံ ပါ၀င်တဲ့ ပရိုတင်းဓာတ် ပေးနိုင်တဲ့ အခြားအစားအစာတွေကိုလည်း တစ်နေ့ နည်းနည်းဆီ ကျေွးပေးပါ။ ကြက်ဥအပြင် ပရိုတင်းဓာတ် ပါ၀င်တဲ့ အခြားအစားအစာများမှာ ပင်လယ်စာ၊ အိမ်ကြက်၊ အခွံမာသီးများ၊ အစေ့များ၊ ပဲဖြင့် ပြုလုပ်ထားသော အစားအစာများနှင့် အနီရောင် အသားတို့ ဖြစ်ကြပါတယ်။
ကလေးကို ကြက်ဥကျေွးတဲ့အခါမှာ ပိုများတဲ့ပုံဖြစ်အောင် ဥပမာ - မွှေကြော်လုပ်ပြီး ကျေွးပါ (သို့) ကြက်ဥတစ်လုံးနဲ့ ကြက်အကာများ (ကိ်ုလက်စထရော သို့မဟုတ် အဆီမပါဘဲ ပရိုတင်းသာ ပါသော) ကျေွးခြင်းက ပရိုတင်းများများရပြီး ကိုလက်စထရောနှင့် ပြည့်၀ဆီ နည်းနည်းပဲ ရစေတဲ့နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























