/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-ပိုးသတ်ဆေး-ပေးတော့မယ်ဆိုရင်

ကလေးတွေကို ပိုးသတ်ဆေး ပေးတော့မယ်ဆိုရင်

Category
ကလေးများနှင့်ကျန်းမာရေး

    ကလေးတွေဖျားတိုင်း ကိုယ့်သဘောနဲ့ကိုယ် ပိုးသတ်ဆေးတိုက်တိုက်နေကြတဲ့ မေမေ၊ ဖေဖေတို့ကို ပြောပြချင်တာလေး ရှိပါတယ်။ တကယ်မသောက်သင့်ဘဲ ပိုးသတ်ဆေးတွေတိုက်တာဟာ ကောင်းကျိုးမရဘဲ ဆိုးကျိုးတောင်ဖြစ်စေနိုင်တယ် ဆိုတာပါပဲ။
    ပိုးသတ်ဆေးဆိုတာဟာ ဘက်တီးရီးယားတွေကို ပစ်မှတ်ထား တိုက်ခိုက်တတ်တာဖြစ်ပြီး ဗိုင်းရပ်စ်ပိုးတွေကို မသတ်နိုင်ပါဘူး။ ပိုးသတ်ဆေးမတိုက်ခင်မှာ ကလေးကို တကယ်တိုက်သင့်၊ မတိုက်သင့် ဆရာဝန်က ကြည့်ပါလိမ့်မယ်။

>>    မေးလေ့မေးထရှိတဲ့ မေးခွန်း ၁၀ ခုကို ဖြေပေးပါ့မယ်နော်။
၁။    ကလေး တအားဖျားနေတာကို ဆရာဝန်က ဘာလို့ပိုးသတ်ဆေး မတိုက်တာလဲ?
    အအေးမိ ဖျားနာတာဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဖျားနာခြင်းမျိုးမှာသာပေးရတဲ့ ဆေးတစ်မျိုးပါ။ ယေဘုယျအားဖြင့် နှာစေးတာ၊ ချောင်းဆိုးတာ၊ ရင်ကြပ်တာ စသဖြင့် အအေးမိဖျားနာတဲ့ လက္ခဏာတွေဟာ သိပ်ဆိုးလေ့မရှိတာကြောင့် ဘာဆေးမှသောက်စရာမလိုဘဲ ပျောက်သွားပါလိမ့်မယ်။

၂။    အအေးမိတုပ်ကွေးတချို့က ဘက်တီးရီးယားပိုးအဖြစ်ကို ပြောင်းလဲမသွားနိုင်ဘူးလား? ပိုးသတ်ဆေးပေးဖို့ကို ဘာလို့စောင့်နေမှာလဲ?
    များသောအားဖြင့်တော့ ဗိုင်းရပ်စ်ဖျားနာပြီးနောက် ဘက်တီးရီးယားပိုးဝင်တာမျိုး မရှိတတ်ပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာကို ပိုးသတ်ဆေး တိုက်လိုက်မယ်ဆိုရင် နောက်ပိုင်းမှာ ပိုးသတ်ဆေးကိုယဉ်ပါးတဲ့ ဘက်တီးရီးယားတွေ ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် ဝမ်းလျှောတာလို တခြားနောက်ဆက်တွဲတွေလည်း ဖြစ်လာတတ်ပါသေးတယ်။ တကယ်လို့ ပိုးသတ်ဆေးသောက်နေရင်းနဲ့ ဝမ်းလျှောတယ်၊ ဝမ်းထဲသွေးပါတယ်၊ တခြားနောက်ဆက်တွဲတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။

၃။    အဝါရောင်၊ အစိမ်းရောင်နှာရည်တွေ ကျတာဟာ ဘက်တီးရီးယားပိုး ဝင်တဲ့လက္ခဏာ မဟုတ်ဘူးလား?
    အအေးမိဖျားနာနေစဉ်မှာ နှာရည်တွေ ပျစ်ခဲလာပြီး အဝါရောင်၊ အစိမ်းရောင်အဖြစ် ပြောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ၁၀ ရက်လောက်ထိ ကြာတတ်ပါတယ်။
    နှာခေါင်းနဲ့ဦးခေါင်းခွံတွင်း လေပေါက်တွေရဲ့ အတွင်းသားတွေ ရောင်ရမ်းတာကို ထိပ်ကပ်နာလို့ ခေါ်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်သော်လည်းကောင်း၊ ဓာတ်မတည့်တာကြောင့်သော်လည်းကောင်း၊ တစ်ခါတလေ ဘက်တီးရီးယားပိုးကြောင့်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။
    အသက်ရှူလမ်းကြောင်းမှာ ဘက်တီးရီးယားပိုးဝင်တဲ့ လက္ခဏာတွေရှိပါတယ်။ ၁၀ ရက်ထက်ပိုပြီး ချောင်းဆိုးမယ်၊ နှာရည်စိမ်းစိမ်းတွေ ကျမယ်ဆိုရင်၊ အဝါရောင်၊ အစိမ်းရောင်ချွဲတွေကျပြီး အနည်းဆုံး ၃ ရက်၊ ၄ ရက်လောက် အဖျား ၁၀၂°F (၃၉°C) ထက် တက်နေမယ်ဆိုရင် ဘက်တီးရီးယားကြောင့် ထိပ်ကပ်နာဖြစ်နေပါပြီ။
    ဒီလို ဘက်တီးရီးယား ထိပ်ကပ်နာဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးသောက်ဖို့ လိုနိုင်ပါတယ်။ ပိုးသတ်ဆေး မသောက်ခိုင်းခင်မှာတော့ ပိုးသတ်ဆေးသောက်ဖို့ လို/မလိုကို ဆရာဝန်က စမ်းသပ်မေးမြန်းပါလိမ့်မယ်။

၄။    နားပိုးဝင်ရင် ပိုးသတ်ဆေးသောက်ဖို့ မလိုဘူးလား?
    နားပိုးဝင်တိုင်းကို ပိုးသတ်ဆေးတိုက်စရာ မလိုပါဘူး။ အနည်းဆုံး နားပိုးဝင်တာ တစ်ဝက်လောက်က ပိုးသတ်ဆေးမလိုဘဲ သူ့ဟာသူ ပျောက်သွားတတ်ပါတယ်။ အဖျားမကြီးဘူး၊ နားအရမ်းနာမနေဘူးဆိုရင် ဆရာဝန်က အစပိုင်းမှာ စောင့်ကြည့်စေပါလိမ့်မယ်။
    နားပိုးဝင်တဲ့အခါ နာတာက ပိုဆိုးတတ်တာမို့ နာတာ သက်သာအောင်တော့ ဆေးပေးပါလိမ့်မယ်။ ပါရာစီတမောတို့၊ အိုင်ဗျူပရိုဖန်တို့ စတဲ့ဆေးတွေဟာ ဆေးဆိုင်တွေမှာ ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ အနာသက်သာစေတဲ့ ဆေးတွေပါ။ ကလေးအသက်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ဆေးပမာဏ မှန်ကန်ဖို့တော့ လိုပါတယ်။ များသောအားဖြင့်တော့ ၁ ရက်၊ ၂ ရက်လောက်မှာတင် ဖျားတာ၊ နာတာ သက်သာသွားမှာပါ။
    နားနာတာ ခဏတစ်ဖြုတ် သက်သာစေတဲ့ နားအစက်ချဆေးတွေလည်း ရှိပါသေးတယ်။ ဒီဆေးတွေ သုံးလို့ ရ/မရကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
    ကလေးမှာ အဖျား တရိပ်ရိပ် တက်လာတယ်၊ နား တအားနာနေတယ်၊ နားစည်နှစ်ဖက်လုံး ပိုးဝင်နေတယ်ဆိုရင်တော့ ပိုးသတ်ဆေးပေးပါလိမ့်မယ်။

Biogesic for kids IA 1

၅။    လည်ချောင်းနာတိုင်း ပိုးသတ်ဆေးသောက်ဖို့ လိုသလား?
    မလိုပါဘူး။ လည်ချောင်းနာတာ ၈၀% လောက်က ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာပါ။ ကလေးမှာ လည်ချောင်းနာ၊ နှာစေး၊ တခွပ်ခွပ်နဲ့ ချောင်း တောက်လျှောက်ဆိုးနေတယ်ဆိုရင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာများပြီး Strep ဘက်တီးရီးယားပိုးကို စစ်စရာမလိုပါဘူး။
    Group A Streptococci ကြောင့်ဖြစ်တဲ့ လည်ချောင်းနာတာကိုပဲ ပိုးသတ်ဆေးပေးဖို့ လိုပါတယ်။ ဒီဘက်တီးရီးယားကြောင့် လည်ချောင်းနာခဲ့ရင် Strep throat လို့ခေါ်ပါတယ်။ အသက် ၃ နှစ်အောက် အရွယ်တွေမှာ မဖြစ်တတ်ဘဲ ကျောင်းနေအရွယ်ကလေးတွေမှာ ဖြစ်တာများပါတယ်။
    ကလေးရဲ့ လက္ခဏာတွေကိုကြည့်ပြီး strep throat လို့ ထင်ခဲ့ရင် strep ဟုတ်/မဟုတ် စစ်ဆေးကြည့်ရပါမယ်။ စစ်ဆေးကြည့်လို့ Strep throat ဟုတ်တယ်ဆိုရင်တော့ ပိုးသတ်ဆေးပေးဖို့ လိုလာပြီပေါ့။

၆။    ပိုးသတ်ဆေးကြောင့် နောက်ဆက်တွဲတွေ ဖြစ်လာနိုင်ပါသလား?
    ပိုးသတ်ဆေးကြောင့် နောက်ဆက်တွဲတွေ အနေနဲ့ကတော့ အနီကွက်တွေထွက်တာ၊ ဓာတ်မတည့်တဲ့ လက္ခဏာတွေပြတာ၊ ပျို့တာ၊ ဝမ်းလျှောတာ၊ ဗိုက်နာတာတွေ ဖြစ်လာတတ်ပါတယ်။ ကလေးမှာ ပိုးသတ်ဆေးနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေလိုမျိုး ပေါ်လာပြီဆိုရင် ဆရာဝန်နဲ့ပြန်ပြပါ။
    တစ်ခါတလေ ကလေး ပိုးသတ်ဆေးသောက်နေရင်းနဲ့ ပေါ်လာနိုင်ပါတယ်။ အနီကွက်တွေ ပေါ်လာတိုင်းလည်း ဓာတ်မတည့်တာ မဟုတ်ပါဘူး။ အင်ပြင်လိုမျိုး အနီကွက်တွေ ပေါ်လာပြီဆိုရင် ဓာတ်မတည့်တာ ဖြစ်နိုင်ပါတယ်။ အနီကွက်တွေ၊ အင်ပြင်တွေထပြီး ဓာတ်မတည့်ဖြစ်လာခဲ့ရင် မတည့်တဲ့အကြောင်းကို ရောဂါမှတ်တမ်းမှာ ထည့်ရေးထားဖို့ လိုပါတယ်။

၇။    ပိုးသတ်ဆေးအာနိသင်ပြဖို့ အချိန်ဘယ်လောက်ကြာနိုင်ပါသလဲ?
    များသောအားဖြင့်တော့ ပိုးသတ်ဆေးသောက်ပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်း ဘက်တီးရီးယားပိုး အများစုက သက်သာသွားတတ်ကြပါတယ်။ ၇၂ နာရီအတွင်းမှာမှ ပိုဆိုးလာတယ်၊ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ပြန်ပြပါ။ ပိုးသတ်ဆေးကို ဆေးပတ်မလည်ဘဲ ရပ်လိုက်ရင်လည်း ပိုးကိုသေချာမကုနိုင်တဲ့အတွက် ရောဂါလက္ခဏာတွေ ပြန်ပေါ်လာနိုင်တာပေါ့။

၈။    ပိုးသတ်ဆေးကြောင့် ဘက်တီးရီးယား ဆေးယဉ်ပါးတာတွေ ဖြစ်လာနိုင်သလား?
    ပိုးသတ်ဆေးကို အကြိမ်ကြိမ် အသုံးပြုမယ်၊ လွဲမှားစွာ အသုံးပြုနေမယ်ဆိုရင် ဆေးယဉ်ပါးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဆေးယဉ်ပါးတယ်ဆိုတာ ဘက်တီးရီးယားပိုးဟာ ပိုးသတ်ဆေးနဲ့ မသတ်နိုင်တော့တာကို ဆိုလိုပါတယ်။ ဒီပိုးဟာ တခြားကလေးတွေရော၊ လူကြီးတွေကိုပါ ပြန့်လာနိုင်ပါတယ်။
    ဒါကြောင့် ပိုးအားလုံးကိုနိုင်တဲ့ဆေးထက် ဖြစ်စေတဲ့ ပိုးကိုနိုင်မယ့် ပိုးသတ်ဆေးမျိုးကိုသာ ရွေးချယ်ပေးစေလိုပါတယ်။
    ဆေးယဉ်ပါးပိုးဝင်လာရင် ပိုပြီးထူးခြားတဲ့ပိုးသတ်ဆေးမျိုးကို ပေးဖို့လိုလာပါတယ်။ တစ်ခါတလေ ပိုးသတ်ဆေး ထိုးဆေးတောင်ပေးဖို့ လိုလာတတ်ပါတယ်။

၉။    ဗိုင်းရပ်စ်ပိုးသေဆေးဆိုတာ ဘာလဲ?
    တုပ်ကွေးပိုးဆိုတာ အအေးမိလက္ခဏာတွေဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပေါ့။ ဗိုင်းရပ်စ်ပိုးသေဆေးနဲ့ ကုနိုင်ပါတယ်။ တုပ်ကွေးမိရင် အရမ်းဆိုးတဲ့အခြေအနေမျိုးကို ရောက်သွားစေနိုင်တဲ့ ကလေးမျိုးတွေမှာ ပေးပါတယ်။ ရိုးရိုး တခြားဖျားနာကိုက်ခဲစေတဲ့ ဗိုင်းရပ်စ်ဖျားနာခြင်းတွေအတွက်တော့ ဆေးမရှိပါဘူး။

၁၀။    ပိုးသတ်ဆေးကို ဘယ်လိုနည်းမှန်သောက်မလဲ?
●    ကလေးဖျားနာနေတဲ့အခါ ပိုးသတ်ဆေးက အမြဲတမ်းအဖြေမဟုတ်ပါဘူး။ ကလေးအတွက် အကောင်းဆုံးဆေးက ဘာလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
●    ကလေးရဲ့ဘက်တီးရီးယားပိုးအတွက် အသင့်တော်ဆုံး ပိုးသတ်ဆေးကို ဆရာဝန်နဲ့တိုင်ပင်ပါ။
●    ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားပိုးအတွက်ပဲ သုံးလို့ရပါတယ်။ အအေးမိ၊ တုပ်ကွေးတွေအတွက် အသုံးမဝင်ပါဘူး။
●    ညွှန်ကြားထားတဲ့အတိုင်း ဆေးကို သေချာတိုက်ပါ။
●    တစ်ယောက်ကို တိုက်တဲ့ဆေးက တခြားမောင်နှမတွေ၊ သူငယ်ချင်းတွေအတွက် သင့်တော်ချင်မှ သင့်တော်မှာပါ။ ဆေးမှားပေးပြီး ပိုဒုက္ခရောက်စေနိုင်ပါတယ်။
●    မသုံးတဲ့ ပိုးသတ်ဆေးတွေကို ပစ်လိုက်ပါ။ နောက်ပိုင်း သောက်ဖု့ိလိုမယ်ဆိုပြီး သိမ်းမထားပါနဲ့။ ရက်လွန်နေတဲ့ဆေးတွေကလည်း ဘေးဖြစ်တတ်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Biogesic for kids IA 2

(Zawgyi)

    ကေလးေတြဖ်ားတိုင္း ကိုယ့္သေဘာနဲ႔ကိုယ္ ပိုးသတ္ေဆးတိုက္တိုက္ေနၾကတဲ့ ေမေမ၊ ေဖေဖတို႔ကို ေျပာျပခ်င္တာေလး ရွိပါတယ္။ တကယ္မေသာက္သင့္ဘဲ ပိုးသတ္ေဆးေတြတိုက္တာဟာ ေကာင္းက်ိဳးမရဘဲ ဆိုးက်ိဳးေတာင္ျဖစ္ေစႏိုင္တယ္ ဆိုတာပါပဲ။
    ပိုးသတ္ေဆးဆိုတာဟာ ဘက္တီးရီးယားေတြကို ပစ္မွတ္ထား တိုက္ခိုက္တတ္တာျဖစ္ၿပီး ဗိုင္းရပ္စ္ပိုးေတြကို မသတ္ႏိုင္ပါဘူး။ ပိုးသတ္ေဆးမတိုက္ခင္မွာ ကေလးကို တကယ္တိုက္သင့္၊ မတိုက္သင့္ ဆရာဝန္က ၾကည့္ပါလိမ့္မယ္။

>>    ေမးေလ့ေမးထရွိတဲ့ ေမးခြန္း ၁၀ ခုကို ေျဖေပးပါ့မယ္ေနာ္။
၁။    ကေလး တအားဖ်ားေနတာကို ဆရာဝန္က ဘာလို႔ပိုးသတ္ေဆး မတိုက္တာလဲ?
    အေအးမိ ဖ်ားနာတာဟာ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာပါ။ ပိုးသတ္ေဆးဆိုတာ ဘက္တီးရီးယားေၾကာင့္ျဖစ္တဲ့ ဖ်ားနာျခင္းမ်ိဳးမွာသာေပးရတဲ့ ေဆးတစ္မ်ိဳးပါ။ ေယဘုယ်အားျဖင့္ ႏွာေစးတာ၊ ေခ်ာင္းဆိုးတာ၊ ရင္ၾကပ္တာ စသျဖင့္ အေအးမိဖ်ားနာတဲ့ လကၡဏာေတြဟာ သိပ္ဆိုးေလ့မရွိတာေၾကာင့္ ဘာေဆးမွေသာက္စရာမလိုဘဲ ေပ်ာက္သြားပါလိမ့္မယ္။

၂။    အေအးမိတုပ္ေကြးတခ်ိဳ႕က ဘက္တီးရီးယားပိုးအျဖစ္ကို ေျပာင္းလဲမသြားႏိုင္ဘူးလား? ပိုးသတ္ေဆးေပးဖို႔ကို ဘာလို႔ေစာင့္ေနမွာလဲ?
    မ်ားေသာအားျဖင့္ေတာ့ ဗိုင္းရပ္စ္ဖ်ားနာၿပီးေနာက္ ဘက္တီးရီးယားပိုးဝင္တာမ်ိဳး မရွိတတ္ပါဘူး။ ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာကို ပိုးသတ္ေဆး တိုက္လိုက္မယ္ဆိုရင္ ေနာက္ပိုင္းမွာ ပိုးသတ္ေဆးကိုယဥ္ပါးတဲ့ ဘက္တီးရီးယားေတြ ဝင္လာႏိုင္ပါတယ္။ ဒါ့အျပင္ ဝမ္းေလွ်ာတာလို တျခားေနာက္ဆက္တြဲေတြလည္း ျဖစ္လာတတ္ပါေသးတယ္။ တကယ္လို႔ ပိုးသတ္ေဆးေသာက္ေနရင္းနဲ႔ ဝမ္းေလွ်ာတယ္၊ ဝမ္းထဲေသြးပါတယ္၊ တျခားေနာက္ဆက္တြဲေတြ ျဖစ္လာတယ္ဆိုရင္ ဆရာဝန္နဲ႔ ျပဖို႔လိုပါတယ္။

၃။    အဝါေရာင္၊ အစိမ္းေရာင္ႏွာရည္ေတြ က်တာဟာ ဘက္တီးရီးယားပိုး ဝင္တဲ့လကၡဏာ မဟုတ္ဘူးလား?
    အေအးမိဖ်ားနာေနစဥ္မွာ ႏွာရည္ေတြ ပ်စ္ခဲလာၿပီး အဝါေရာင္၊ အစိမ္းေရာင္အျဖစ္ ေျပာင္းတာမ်ိဳး ျဖစ္တတ္ပါတယ္။ ၁၀ ရက္ေလာက္ထိ ၾကာတတ္ပါတယ္။
    ႏွာေခါင္းနဲ ႔ဦးေခါင္းခြံတြင္း ေလေပါက္ေတြရဲ႕ အတြင္းသားေတြ ေရာင္ရမ္းတာကို ထိပ္ကပ္နာလို႔ ေခၚပါတယ္။ ဗိုင္းရပ္စ္ပိုးေၾကာင့္ေသာ္လည္းေကာင္း၊ ဓာတ္မတည့္တာေၾကာင့္ေသာ္လည္းေကာင္း၊ တစ္ခါတေလ ဘက္တီးရီးယားပိုးေၾကာင့္ေသာ္လည္းေကာင္း ျဖစ္တတ္ပါတယ္။
    အသက္႐ွဴလမ္းေၾကာင္းမွာ ဘက္တီးရီးယားပိုးဝင္တဲ့ လကၡဏာေတြရွိပါတယ္။ ၁၀ ရက္ထက္ပိုၿပီး ေခ်ာင္းဆိုးမယ္၊ ႏွာရည္စိမ္းစိမ္းေတြ က်မယ္ဆိုရင္၊ အဝါေရာင္၊ အစိမ္းေရာင္ခြၽဲေတြက်ၿပီး အနည္းဆုံး ၃ ရက္၊ ၄ ရက္ေလာက္ အဖ်ား ၁၀၂°F (၃၉°C) ထက္ တက္ေနမယ္ဆိုရင္ ဘက္တီးရီးယားေၾကာင့္ ထိပ္ကပ္နာျဖစ္ေနပါၿပီ။
    ဒီလို ဘက္တီးရီးယား ထိပ္ကပ္နာျဖစ္ၿပီဆိုရင္ေတာ့ ပိုးသတ္ေဆးေသာက္ဖို႔ လိုႏိုင္ပါတယ္။ ပိုးသတ္ေဆး မေသာက္ခိုင္းခင္မွာေတာ့ ပိုးသတ္ေဆးေသာက္ဖို႔ လို/မလိုကို ဆရာဝန္က စမ္းသပ္ေမးျမန္းပါလိမ့္မယ္။

၄။    နားပိုးဝင္ရင္ ပိုးသတ္ေဆးေသာက္ဖို႔ မလိုဘူးလား?
    နားပိုးဝင္တိုင္းကို ပိုးသတ္ေဆးတိုက္စရာ မလိုပါဘူး။ အနည္းဆုံး နားပိုးဝင္တာ တစ္ဝက္ေလာက္က ပိုးသတ္ေဆးမလိုဘဲ သူ႔ဟာသူ ေပ်ာက္သြားတတ္ပါတယ္။ အဖ်ားမႀကီးဘူး၊ နားအရမ္းနာမေနဘူးဆိုရင္ ဆရာဝန္က အစပိုင္းမွာ ေစာင့္ၾကည့္ေစပါလိမ့္မယ္။
    နားပိုးဝင္တဲ့အခါ နာတာက ပိုဆိုးတတ္တာမို႔ နာတာ သက္သာေအာင္ေတာ့ ေဆးေပးပါလိမ့္မယ္။ ပါရာစီတေမာတို႔၊ အိုင္ဗ်ဴပ႐ိုဖန္တို႔ စတဲ့ေဆးေတြဟာ ေဆးဆိုင္ေတြမွာ ေဆးစာမလိုဘဲ ဝယ္လို႔ရတဲ့ အနာသက္သာေစတဲ့ ေဆးေတြပါ။ ကေလးအသက္နဲ႔ ကိုယ္အေလးခ်ိန္ေပၚ မူတည္ၿပီး ေဆးပမာဏ မွန္ကန္ဖို႔ေတာ့ လိုပါတယ္။ မ်ားေသာအားျဖင့္ေတာ့ ၁ ရက္၊ ၂ ရက္ေလာက္မွာတင္ ဖ်ားတာ၊ နာတာ သက္သာသြားမွာပါ။
    နားနာတာ ခဏတစ္ျဖဳတ္ သက္သာေစတဲ့ နားအစက္ခ်ေဆးေတြလည္း ရွိပါေသးတယ္။ ဒီေဆးေတြ သုံးလို႔ ရ/မရကို ဆရာဝန္နဲ႔ တိုင္ပင္ပါ။
    ကေလးမွာ အဖ်ား တရိပ္ရိပ္ တက္လာတယ္၊ နား တအားနာေနတယ္၊ နားစည္ႏွစ္ဖက္လုံး ပိုးဝင္ေနတယ္ဆိုရင္ေတာ့ ပိုးသတ္ေဆးေပးပါလိမ့္မယ္။

၅။    လည္ေခ်ာင္းနာတိုင္း ပိုးသတ္ေဆးေသာက္ဖို႔ လိုသလား?
    မလိုပါဘူး။ လည္ေခ်ာင္းနာတာ ၈၀% ေလာက္က ဗိုင္းရပ္စ္ပိုးေၾကာင့္ျဖစ္တာပါ။ ကေလးမွာ လည္ေခ်ာင္းနာ၊ ႏွာေစး၊ တခြပ္ခြပ္နဲ႔ ေခ်ာင္း ေတာက္ေလွ်ာက္ဆိုးေနတယ္ဆိုရင္ ဗိုင္းရပ္စ္ပိုးေၾကာင့္ ျဖစ္တာမ်ားၿပီး Strep ဘက္တီးရီးယားပိုးကို စစ္စရာမလိုပါဘူး။
    Group A Streptococci ေၾကာင့္ျဖစ္တဲ့ လည္ေခ်ာင္းနာတာကိုပဲ ပိုးသတ္ေဆးေပးဖို႔ လိုပါတယ္။ ဒီဘက္တီးရီးယားေၾကာင့္ လည္ေခ်ာင္းနာခဲ့ရင္ Strep throat လို႔ေခၚပါတယ္။ အသက္ ၃ ႏွစ္ေအာက္ အ႐ြယ္ေတြမွာ မျဖစ္တတ္ဘဲ ေက်ာင္းေနအ႐ြယ္ကေလးေတြမွာ ျဖစ္တာမ်ားပါတယ္။
    ကေလးရဲ႕ လကၡဏာေတြကိုၾကည့္ၿပီး strep throat လို႔ ထင္ခဲ့ရင္ strep ဟုတ္/မဟုတ္ စစ္ေဆးၾကည့္ရပါမယ္။ စစ္ေဆးၾကည့္လို႔ Strep throat ဟုတ္တယ္ဆိုရင္ေတာ့ ပိုးသတ္ေဆးေပးဖို႔ လိုလာၿပီေပါ့။

၆။    ပိုးသတ္ေဆးေၾကာင့္ ေနာက္ဆက္တြဲေတြ ျဖစ္လာႏိုင္ပါသလား?
    ပိုးသတ္ေဆးေၾကာင့္ ေနာက္ဆက္တြဲေတြ အေနနဲ႔ကေတာ့ အနီကြက္ေတြထြက္တာ၊ ဓာတ္မတည့္တဲ့ လကၡဏာေတြျပတာ၊ ပ်ိဳ႕တာ၊ ဝမ္းေလွ်ာတာ၊ ဗိုက္နာတာေတြ ျဖစ္လာတတ္ပါတယ္။ ကေလးမွာ ပိုးသတ္ေဆးနဲ႔ ဓာတ္မတည့္တဲ့ လကၡဏာေတြလိုမ်ိဳး ေပၚလာၿပီဆိုရင္ ဆရာဝန္နဲ႔ျပန္ျပပါ။
    တစ္ခါတေလ ကေလး ပိုးသတ္ေဆးေသာက္ေနရင္းနဲ႔ ေပၚလာႏိုင္ပါတယ္။ အနီကြက္ေတြ ေပၚလာတိုင္းလည္း ဓာတ္မတည့္တာ မဟုတ္ပါဘူး။ အင္ျပင္လိုမ်ိဳး အနီကြက္ေတြ ေပၚလာၿပီဆိုရင္ ဓာတ္မတည့္တာ ျဖစ္ႏိုင္ပါတယ္။ အနီကြက္ေတြ၊ အင္ျပင္ေတြထၿပီး ဓာတ္မတည့္ျဖစ္လာခဲ့ရင္ မတည့္တဲ့အေၾကာင္းကို ေရာဂါမွတ္တမ္းမွာ ထည့္ေရးထားဖို႔ လိုပါတယ္။

၇။    ပိုးသတ္ေဆးအာနိသင္ျပဖို႔ အခ်ိန္ဘယ္ေလာက္ၾကာႏိုင္ပါသလဲ?
    မ်ားေသာအားျဖင့္ေတာ့ ပိုးသတ္ေဆးေသာက္ၿပီး ၄၈ နာရီကေန ၇၂ နာရီအတြင္း ဘက္တီးရီးယားပိုး အမ်ားစုက သက္သာသြားတတ္ၾကပါတယ္။ ၇၂ နာရီအတြင္းမွာမွ ပိုဆိုးလာတယ္၊ မသက္သာဘူးဆိုရင္ ဆရာဝန္နဲ႔ျပန္ျပပါ။ ပိုးသတ္ေဆးကို ေဆးပတ္မလည္ဘဲ ရပ္လိုက္ရင္လည္း ပိုးကိုေသခ်ာမကုႏိုင္တဲ့အတြက္ ေရာဂါလကၡဏာေတြ ျပန္ေပၚလာႏိုင္တာေပါ့။

၈။    ပိုးသတ္ေဆးေၾကာင့္ ဘက္တီးရီးယား ေဆးယဥ္ပါးတာေတြ ျဖစ္လာႏိုင္သလား?
    ပိုးသတ္ေဆးကို အႀကိမ္ႀကိမ္ အသုံးျပဳမယ္၊ လြဲမွားစြာ အသုံးျပဳေနမယ္ဆိုရင္ ေဆးယဥ္ပါးတာေတြ ျဖစ္လာႏိုင္ပါတယ္။ ေဆးယဥ္ပါးတယ္ဆိုတာ ဘက္တီးရီးယားပိုးဟာ ပိုးသတ္ေဆးနဲ႔ မသတ္ႏိုင္ေတာ့တာကို ဆိုလိုပါတယ္။ ဒီပိုးဟာ တျခားကေလးေတြေရာ၊ လူႀကီးေတြကိုပါ ျပန႔္လာႏိုင္ပါတယ္။
    ဒါေၾကာင့္ ပိုးအားလုံးကိုႏိုင္တဲ့ေဆးထက္ ျဖစ္ေစတဲ့ ပိုးကိုႏိုင္မယ့္ ပိုးသတ္ေဆးမ်ိဳးကိုသာ ေ႐ြးခ်ယ္ေပးေစလိုပါတယ္။
    ေဆးယဥ္ပါးပိုးဝင္လာရင္ ပိုၿပီးထူးျခားတဲ့ပိုးသတ္ေဆးမ်ိဳးကို ေပးဖို႔လိုလာပါတယ္။ တစ္ခါတေလ ပိုးသတ္ေဆး ထိုးေဆးေတာင္ေပးဖို႔ လိုလာတတ္ပါတယ္။

၉။    ဗိုင္းရပ္စ္ပိုးေသေဆးဆိုတာ ဘာလဲ?
    တုပ္ေကြးပိုးဆိုတာ အေအးမိလကၡဏာေတြျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးေပါ့။ ဗိုင္းရပ္စ္ပိုးေသေဆးနဲ႔ ကုႏိုင္ပါတယ္။ တုပ္ေကြးမိရင္ အရမ္းဆိုးတဲ့အေျခအေနမ်ိဳးကို ေရာက္သြားေစႏိုင္တဲ့ ကေလးမ်ိဳးေတြမွာ ေပးပါတယ္။ ႐ိုး႐ိုး တျခားဖ်ားနာကိုက္ခဲေစတဲ့ ဗိုင္းရပ္စ္ဖ်ားနာျခင္းေတြအတြက္ေတာ့ ေဆးမရွိပါဘူး။

၁၀။    ပိုးသတ္ေဆးကို ဘယ္လိုနည္းမွန္ေသာက္မလဲ?
●    ကေလးဖ်ားနာေနတဲ့အခါ ပိုးသတ္ေဆးက အၿမဲတမ္းအေျဖမဟုတ္ပါဘူး။ ကေလးအတြက္ အေကာင္းဆုံးေဆးက ဘာလဲဆိုတာ ဆရာဝန္နဲ႔ တိုင္ပင္ပါ။
●    ကေလးရဲ႕ဘက္တီးရီးယားပိုးအတြက္ အသင့္ေတာ္ဆုံး ပိုးသတ္ေဆးကို ဆရာဝန္နဲ႔တိုင္ပင္ပါ။
●    ပိုးသတ္ေဆးဆိုတာ ဘက္တီးရီးယားပိုးအတြက္ပဲ သုံးလို႔ရပါတယ္။ အေအးမိ၊ တုပ္ေကြးေတြအတြက္ အသုံးမဝင္ပါဘူး။
●    ၫႊန္ၾကားထားတဲ့အတိုင္း ေဆးကို ေသခ်ာတိုက္ပါ။
●    တစ္ေယာက္ကို တိုက္တဲ့ေဆးက တျခားေမာင္ႏွမေတြ၊ သူငယ္ခ်င္းေတြအတြက္ သင့္ေတာ္ခ်င္မွ သင့္ေတာ္မွာပါ။ ေဆးမွားေပးၿပီး ပိုဒုကၡေရာက္ေစႏိုင္ပါတယ္။
●    မသုံးတဲ့ ပိုးသတ္ေဆးေတြကို ပစ္လိုက္ပါ။ ေနာက္ပိုင္း ေသာက္ဖု႔ိလိုမယ္ဆိုၿပီး သိမ္းမထားပါနဲ႔။ ရက္လြန္ေနတဲ့ေဆးေတြကလည္း ေဘးျဖစ္တတ္ပါတယ္။

Dr. Mya Phoo Ngon (www.drmyanmar.com)