/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-မပေးသင့်တဲ့ဆေးများ

ကလေးတွေကို မပေးသင့်တဲ့ဆေးများ

Category
ကလေးများနှင့်ကျန်းမာရေး

          က​လေး​ငယ်​​လေး​တွေဟာ နုနယ်​လွန်​းကြတဲ့အတွက်​ လူကြီး​တွေထက်​စာရင်​ ​ဆေးမတည့်​တာမျိုး ပိုဖြစ်​နိုင်​တာ​ကြောင်​့ ​ဆေးမ​ပေးခင်​မှာ ဆရာဝန်​နဲ့ တိုင်​ပင်​​ဆွေး​နွေးဖို့ အထူးလိုအပ်​ပါတယ်​။ က​လေးမှာ ​ဆေး​သောက်​ပြီးချိန်​ အန်​တာ၊ အနီကွက်​​တွေအင်​ပြင်​​တွေထတာ ဖြစ်​လာခဲ့ရင်​ ဆရာဝန်​ထံ​ပြေးသင်​့ပါတယ်​။

 

က​လေးငယ်​များ​သောက်​သုံးဖို့ မသင်​့​တော်​တဲ့ ​ဆေး​တွေက​တော့

 

၁။ Aspirin အကိုက်​အခဲ​ပျောက်​​ဆေး

 

       က​လေး​လေး​တွေ ဖျားနာကိုက်​ခဲတဲ့အခါ Aspirin နဲ့ အခြားaspirinပါဝင်​တဲ့ အကိုက်​အခဲ​ပျောက်​​ဆေး​တွေ မ​ပေးသင်​့ပါဘူး။ Aspirinဟာ က​လေးငယ်​​တွေမှာ Reye’s syndromeလို့​ခေါ်တဲ့ ဦး​နှောက်​နဲ့ အသည်​းကို ထိခိုက်​​စေတတ်​တဲ့ ​ရောဂါစုတစ်​မျိုးကို ဖြစ်​​စေနိုင်​ပါတယ်​။ ဒီ​ရောဂါစုဟာ ရှားပါး​ပေမယ်​့ ဖြစ်​လာခဲ့ရင​်​​တော့ ​သေ​စေနိုင်​​လောက်​တဲ့အထိ ဆိုးပါတယ်​။ ဒါ​ကြောင်​့ မိဘ​တွေအ​နေနဲ့ က​လေး​နေမ​ကောင်​းဖြစ်​ရင်​ ကိုယ်​့သ​ဘောနဲ့ကိုယ်​ မ​သောက်​ပဲ ဆရာဝန်​နဲ့တိုင်​ပင်​ကာ အခြား acetaminophan သို့မဟုတ်​ ibuprofen အမျိုးအစား ဖျားနာကိုက်​ခဲ​ပျောက်​​ဆေး​တွေကို တိုက်​​သင်​့ပါတယ်​။

 

၂။ ​ဆေးဆိုင်​မှာအလွယ်​တကူဝယ်​ယူရရှိနိုင်​တဲ့ ​ချောင်​းဆိုး၊ အ​အေးမိ​ပျောက်​​ဆေးများ

 

     က​လေး​တွေကို ​ဆေးဆိုင်​က​နေ ချောင်​းဆိုး၊ အ​အေးမိ​ပျောက်​​ဆေး​တွေ လွယ်​လင်​့တကူ ဝယ်​မတိုက်​သင်​့ပါဘူး။ ဒီ​ဆေး​တွေဟာ က​လေး​တွေရဲ့ ​ချောင်​းဆိုးအ​အေးမိတာ​တွေကို တကယ်​​ပျောက်​ကင်​းသက်​သာ​စေခြင်​းမရှိသလို တိုက်​သင်​့တဲ့ပမာဏထက်​ ပိုတိုက်​မိခဲ့ရင်​ ​ဘေးအန္တရာယ်​ ရှိ​စေနိုင်​ပါတယ်​။

      အိပ်​ချင်​ငိုက်​မျဉ်​းတာ၊ ဗိုက်​နာတာ၊ အနီကွက်​​တွေ၊ အင်​ပြင်​​တွေထတာ​တွေအပြင်​ ဒီ့ထက်​ပိုဆိုးတဲ့ နှလုံးခုန်​မြန်​လာတာ၊ တက်​တာ​တွေပါရတတ်​ပြီး ​နောက်​ဆုံးအသက်​​သေဆုံးတဲ့အထိ အန္တရာယ်​ရှိပါတယ်​။ နှစ်​စဉ်​နှစ်​တိုင်​း ဒီ​ဆေး​တွေ​အလွန်​အကျွံ​သောက်​သုံးမိတဲ့ က​လေး​ထောင်​​ပေါင်​းများစွာဟာ အ​ရေး​ပေါ်ဌာနကို ​ရောက်​လာတတ်​ကြပါတယ်​။

       ဒါ​ကြောင်​့ က​လေး​လေးဟာ အ​အေးမိပြီး ဖျားနာ​နေတယ်​ဆိုရင်​ အိမ်​မှာ ​ရေ​နွေး​ငွေ့ရှုတာ စတဲ့ အိမ်​တွင်​းကုသမှု​တွေနဲ့ အရင်​ဆုံးကုသကြည်​့နိုင်​ပါတယ်​။

၃။ အအန်​​ပျောက်​​ဆေး

 

      က​လေးကို ဆရာဝန်​မညွှန်​ကြားပါပဲ ကိုယ်​သ​ဘောနဲ့ကိုယ်​ အအန်​​ပျောက်​​ဆေး​တွေ မတိုက်​သင်​့ပါဘူး။ အအန်​​ပျောက်​​ဆေးဟာ က​လေး​တွေမှာ ဆိုးကျိုး​မြောက်​များ​စွာ ဖြစ်​​စေနိုင်​ပါတယ်​။ က​လေး​တွေဟာ ခဏတဖြုတ်​သာ အန်​တတ်​ပြီး ​ဆေး​သောက်​စရာမလိုပဲ ​ပျောက်​ကင်​းသွားတတ်​ပါတယ်​။ ဒါ​ပေမယ်​့ ဆက်​တိုက်​အန်​ပြီး ခန္ဓာကိုယ်​တွင်​း ​ရေဓာတ်​ဆုံးရှုံးမှု​တွေ ဖြစ်​​ပေါ်လာပါက ​ဆေးရုံ​ဆေးခန်​းမှာ ပြသသင်​့ပါတယ်​။

 

၄။ လူကြီး​ဆေးများ

 

       လူကြီး​တွေအတွက်​ ထုတ်​ထားတဲ့​ဆေး​တွေကို ကိုယ်​အ​လေးချိန်​နဲ့ အသက်​အလိုက်​​သောက်​သင်​့တဲ့ ​ဆေးညွှန်​းမပါပါက က​လေး​တွေကို လုံးဝမတိုက်​သင်​့ပါဘူး။

၅။ အခြားက​လေး၊ အခြား​ရောဂါအတွက်​ ​ပေးထားတဲ့​ဆေးများ

 

      အခြားက​လေးကိုတိုက်​တဲ့​ဆေး၊ အခြား​ရောဂါအ​ခြေအ​နေတစ်​ခုအတွက်​ ​ပေးထားတဲ့​ဆေး ​တွေကို တိုက်​ခြင်​းက က​လေးမှာ အကျိုးမရှိသလို အခန်​့မသင်​့ရင်​ ​ဘေး​တောင်​ဖြစ်​​စေနိုင်​ပါတယ်​။ ဒါ​ကြောင်​့ က​လေးမှာ ဖြစ်​တဲ့​ရောဂါ​ပေါ်မူတည်​ပြီး က​လေးအတွက်​ သီးသန်​့​ပေးတဲ့​ဆေးကိုသာ တိုက်​ရပါမယ်​။

 

၆။ ဒိတ်​လွန်​​ဆေးများ

 

       ဒိတ်​လွန်​​နေတဲ့​ဆေး​တွေ၊ စဝယ်​ခါစနဲ့မတူပဲ အ​ရောင်​​ပြောင်​း၊ ပုံစံ​ပြောင်​း​နေတဲ့​ဆေး​တွေကို လွှင်​့ပစ်​လိုက်​ပါ။ ဒီ​ဆေး​တွေကို တိုက်​ခဲ့ရင်​ ​ဘေးဥပါဒ်​တစ်​စုံတစ်​ရာ ဖြစ်​​စေနိုင်​ပါတယ်​။

 

၇။ ပါရာစီတ​မောလွန်​ခြင်​း

 

      တစ်​ချို့​ဆေး​တွေမှာ အဖျားကျ၊ အနာသက်​သာ​စေဖို့အတွက်​ ပါရာစီတ​မော တစ်​ပါတည်​းထည်​့ထားတတ်​ကြပါတယ်​။ ဒါကိုမသိပဲ ပါရာစီတ​မောထပ်​တိုက်​မယ်​ဆိုရင်​ ​ဆေးပမာဏလွန်​ကဲပြီး ဒုက္ခ​ရောက်​တတ်​ပါတယ်​။ ဒါ​ကြောင်​့ ဆရာဝန်​ကို ​မေးမြန်​းကြည်​့ပြီးမှသာ ပါရာစီတ​မောကို ထပ်​တိုက်​ပါ။

 

၈။ ဝါးစားလို့ရတဲ့​ဆေးများ

 

     ဝါးစားလို့ရတဲ့​ဆေး​တွေဟာ က​လေးငယ်​​လေး​တွေမှာ နင်​​စေတတ်​ပါတယ်​။ ဒါ​ကြောင်​့ က​လေးကို ​ဆေးလုံး​တွေတိုက်​မယ်​ဆိုရင်​ ​ဆေးကိုကြိတ်​တိုက်​လို့ရမရ ဆရာဝန်​ကို ကြိုတင်​​မေးမြန်​းပြီး ဒိန်​ချဉ်​၊ ယိုစတဲ့ အစာ​ပျော့​ပျော့တစ်​ဇွန်​းနဲ့ ​ရော​ကျွေးနိုင်​ပါတယ်​။ ဒါ​ပေမယ်​့ ​ဆေးပမာဏအပြည်​့ဝင်​​အောင်​ တစ်​ဇွန်​းလုံးစားခိုင်​းဖို့​တော့ လိုပါလိမ်​့မယ်​။

 

၉။ Ipecac အရည်​အန်​​ဆေး

 

      Ipecac အန်​​ဆေးကို အဆိပ်​သင်​့ခြင်​းအတွက်​ အရင်​ကအသုံးပြုခဲ့ပါတယ်​။ ဒါ​ပေမယ်​့ ​နောက်​ပိုင်​းမှာ​တော့ ဘာအကျိုးမှမထူးဘူးလို့ ယူဆတဲ့အတွက်​ ဆရာဝန်​များ အသုံးမပြု​တော့ပါဘူး။ တကယ်​တမ်​း​တော့ တစ်​ချို့အဆိပ်​သင်​့ခြင်​းများဟာ ပြန်​အန်​ခဲ့ရင်​ ပိုအန္တရာယ်​ရှိတတ်​ပါတယ်​။ ဒါ့အပြင်​ က​လေးအတွက်​အကျိုးရှိမယ်​့ ​ဆေးတိုက်​ပြီးချိန်​အထိ အန်​​နေခဲ့မယ်​ဆိုရင်​ ​ကောင်​းကျိုးထက်​ဆိုးကျိုး ပိုများ​စေနိုင်​ပါတယ်​။

       ဒါ​ကြောင်​့ အိမ်​မှာIpecacအန်​​ဆေးရှိ​နေရင်​ လွှင်​့ပစ်​လိုက်​ပါ။ အဆိပ်​မသင်​့​စေဖို့ အ​ကောင်​းဆုံးနည်​းက ​ဆေး​တွေ၊ အဆိပ်​သင်​့​စေနိုငိတဲ့အရာ​တွေကို က​လေး​တွေလက်​လှမ်​းမမီနိုင်​တဲ့​နေရာ​တွေမှာ ထားခြင်​းပဲဖြစ်​ပါတယ်​။ အကယ်​၍ က​လေး အန္တရာယ်​ရှိတာတစ်​ခုခု စားမိတယ်​ဆိုရင်​ အ​ရေး​ပေါ်ဌာနကို ချက်​ချင်​း​ပြေးသင်​့ပါတယ်​။

 

 

Dr. Mya Phoo Ngon (www.drmyanmar.com)