/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-ရာသီတုပ်ကွေးကာကွယ်ဆေး-ထိုးပေးသင့်သလား

ကလေးတွေကို ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးပေးသင့်သလား

Category
ကလေးများနှင့်ကျန်းမာရေး

အခုဆိုရင် မိုးတွင်းကာလလည်း ရောက်လာပြီဖြစ်လို့ သားသားမီးမီးလေးတွေကို ရောဂါပေါင်းစုံအန္တရာယ်ကနေ ကာကွယ်ပေးဖို့ လိုအပ်လာပါပြီ။ ရာသီအကူးအပြောင်းမှာ တုပ်ကွေးအန္တရာယ်ကလည်း ရှိနေပါသေးတယ်။

ဒီအချိန်မှာ မိဘတွေအနေနဲ့ မိမိတို့ကလေးကို ရာသီတုပ်ကွေးအန္တရာယ်က ကာကွယ်ဖို့ ကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့် တွေဝေနေကြတယ်ဆိုရင် ဒီဆောင်းပါးလေးကို တစ်ခေါက်လောက်ဖတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

Solmux Kids 1

ကာကွယ်ဆေးအကြောင်းမပြောခင် အရင်ဆုံးတော့ ရာသီတုပ်ကွေးဆိုတာဘာလဲ ရှင်းပြပေးပါမယ်။ ရာသီတုပ်ကွေးဆိုတာ Influenza ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပါ။ ရာသီအကူးအပြောင်းကာလမှာ အဖြစ်များပြီးတော့ ပြင်းထန်တဲ့နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။

ရာသီတုပ်ကွေးကို ကာကွယ်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ တုပ်ကွေးကာကွယ်ဆေးထိုးတာပါပဲ။ ကမ္ဘာ့ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအဖွဲ့အစည်း (CDC) အနေနဲ့ အသက်ခြောက်လနဲ့အထက် ကလေးတိုင်းကို ရာသီတုပ်ကွေးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းထားပါတယ်။

တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ရောဂါမကူးစက်အောင် ကာကွယ်ပေးတဲ့အပြင် တကယ်လို့ ရောဂါကူးစက်ခဲ့ရင်လည်း မပြင်းထန်အောင် ကာကွယ်ပေးပြီး ရောဂါကြောင့် အသက်သေဆုံးနိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကာကွယ်ဆေးထိုးသင့်သလားလို့ မေးလာရင် ထိုးပေးသင့်တယ်လို့ပဲ ဖြေရမှာပါ။။ ကလေးအသက်ခြောက်လကျော်တာနဲ့ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါတယ်။

Solmux Kids 2

>>  ဒီတော့ ရာသီတုပ်ကွေးကာကွယ်ဆေးကို ဘယ်နှကြိမ်ထိုးရမလဲ?

အသက် (၉) နှစ်အောက်ကလေးတွေမှာ ပထမဆုံးအကြိမ် စထိုးမယ်ဆိုရင် စထိုးတဲ့နှစ်မှာ နှစ်ကြိမ်ထိုးပေးဖို့ လိုအပ်ပါတယ်။ ပထမအကြိမ်ကို စောနိုင်သမျှစောစော ထိုးပေးပြီးတော့ အနည်းဆုံး လေးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်ထိုးပေးရပါမယ်။ ဒါပြီးရင်တော့ တစ်နှစ်တစ်ကြိမ်နှုန်းနဲ့ နှစ်စဉ်ထိုးပေးဖို့ လိုအပ်ပါတယ်။ အသက် (၉) နှစ်နဲ့အထက် ဆိုရင်တော့ စထိုးတဲ့နှစ်မှာ တစ်ကြိမ်ဆိုရင် လုံလောက်ပါတယ်။

ကာကွယ်ဆေးထိုးတဲ့အခါ အမေးများတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ဒါကတော့ “ကာကွယ်ဆေးကြောင့် တုပ်ကွေးရောဂါ ကူးစက်နိုင်သလား” ဆိုတာပါပဲ။ ကာကွယ်ဆေးဟာ ရောဂါမဖြစ်စေလို့ စိတ်ချလက်ချထိုးလို့ရပါတယ်။ အထူးသိသင့်တာတစ်ခုက ကာကွယ်ဆေးအာနိသင်ဟာ ဆေးထိုးပြီးနှစ်ပတ်အကြာမှ ပြတတ်လို့ ဒီကြားထဲမှာ တုပ်ကွေးမကူးစက်အောင် သားသားမီးမီးလေးတို့ကို သေချာဂရုစိုက်သင့်ပါတယ်နော်။

Dr. Aye Hsu Mon (www.drmyanmar.com)