/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-သစ်သီးဖျော်ရည်-ဘယ်လောက်တိုက်လို့ရသလဲ

ကလေးတွေကို သစ်သီးဖျော်ရည် ဘယ်လောက်တိုက်လို့ရသလဲ

Category
ကလေးများနှင့်ကျန်းမာရေး

          သစ်သီးဖျော်ရည်တွေဟာ ဗီတာမင်ကြွယ်ဝတာကြောင့် ကလေးတွေကို တိုက်ကျေွးသင့်ပေမယ့် အဝလွန်ခြင်းကို ဖြစ်စေနိုင်တာကြောင့် ဘယ်လောက်တိုက်ကျေွးသင့်သလဲလို့ မိဘတော်တော်များများက သိချင်ကြပါတယ်။

          လူတို့ပြုလုပ်ထားတဲ့ အမြှုပ်တစီစီထနေတဲ့ ဖျော်ရည်တွေထက်စာရင် လတ်လတ်ဆတ်ဆတ်ဖျော် ထားတဲ့ သစ်သီးဖျော်ရည်တွေက ကလေးငယ်တွေအတွက် ပိုကောင်းပါတယ်။ ဒါပေမယ့် သစ်သီးဖျော်ရည်သောက်သုံးခြင်းမှာလည်း ချွင်းချက်တော့ရှိပါတယ်။

          သစ်သီးဖြင့်ဖျော်စပ်ထားတဲ့ သစ်သီးဖျော်ရည်အသင့်အတင့်သောက်သုံးခြင်းက ကလေးငယ်ရဲ့ကိုယ်အလေးချိန်ပေါ်မှာ သက်ရောက်မှုမရှိပေမယ့် အလွန်အကျွံသောက်သုံးပါက အခြားသော အစားအစာတွေနည်းတူ ကိုယ်အလေးချိန်တိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် အလွန်အကျွံသောက် သုံးခြင်းမဖြစ်ရလေအောင် ပမာဏတစ်ခုသတ်မှတ်ပြီးတော့ တိုက်ကျေွးသင့်ပါတယ်။

          The American Academy of Pediatrics က သတ်မှတ်ပေးထားတာကတော့ -

မွေးကင်းစမှ အသက် 6 လ အောက် ကလေးများ - မိခင်နို့တစ်မျိုးတည်းသာတိုက်ပါ။ သစ်သီးဖျော်ရည်မတိုက်ရပါ။

6 လမှ 1 နှစ် - 4 အောင်စမှ 6 အောင်စ၊ သွားပိုးစားခြင်းမှ ကာကွယ်နိုင်ရန် ခွက်ဖြင့်သာတိုက်ကျေွးပါ။

1 နှစ်မှ 6 နှစ် - တစ်နေ့လျှင် သစ်သီးဖျော်ရည် 6 အောင်စ (180 ml)အထိ တိုက်ကျေွးနိုင်ပါတယ်။

7 နှစ် နှင့် အထက် - တစ်နေ့လျှင် 12 အောင်စ (360 ml)အထိ တိုက်ကျေွးနိုင်ပါတယ်။

          သစ်သီးဖျော်ရည်စစ်စစ် 6 အောင်စက သစ်သီးတစ်ပန်ကန်နှင့်ညီမျှပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com