/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေကို-အချက်အပြုတ်-သင်ပေးတာက-သူတို့်ကို-ပိုမိုကျန်းမာ-သွက်လက်စေသလား

ကလေးတွေကို အချက်အပြုတ် သင်ပေးတာက သူတို့်ကို ပိုမိုကျန်းမာ သွက်လက်စေသလား?

Category
ကလေးများနှင့်ကျန်းမာရေး

          နုနယ်ငယ်ရွယ်တဲ့ အရွယ်မှာကတည်းက ကလေးတွေကို အချက်အပြုတ် သင်ပေးထားတာက နောက်ပိုင်း ကျန်းမာသွက်လက်တဲ့ လူကြီးအဖြစ် ကြီးပြင်းလာဖို့ လမ်းစလေလား။

          ၂၀၀၂ ခုနှစ်မှာပြုလုပ်တဲ့ သုတေသနတစ်ခုအရ အသက် ၁၈ နှစ်နဲ့ ၂၅ နှစ်အတွင်း ကျန်းမာရေးရဲ့ ညီညွတ်တဲ့ အချက်အပြုတ် သင်ကြားပေးခံရသူ ဆယ်ကျော်သက်တွေဟာ  ပိုမိုပြီး အသီးအနှံတွေ များများစားလာကြပါတယ်တဲ့။

          ပြီးတော့ စောစောစီးစီး ရိုးရာဟင်းပွဲတွေ ဒေသထွက်အသီးအနှံတွေနဲ့ ကလေးတွေကို စာသင်ခန်းမှာ သေချာသင်ကြား ပြသပေးခြင်းဖြင့် သစ်သီးဝလံနဲ့ ပန်းမန်များကို တန်ဖိုးထားတတ်လာပြီး သဘာဝကရတဲ့ အစားအစာတွေကို မက်မောလာတတ်မှာ ဖြစ်ပါတယ်။

          ကျောင်းခန်းထဲမှာ အသီးဗန်းလေးတွေ၊ အရွက်အလက်ပုံတွေ ထားပေးခြင်း သူတို့ကို ကူးဆွဲစေခြင်းဖြင့် သဘာဝပစ္စည်းနဲ့ ရင်းနှီးအောင် ကြိုးစားကြည့်သင့်ပါတယ်။

          ကျောင်းဝင်းအတွင်းမှာ ပန်းခြံတွေ၊ ကစားကွင်းတွေအပြင် အသီးအနှံ စိုက်ခင်းလေးတွေထားပြီး ကလေးတွေကို အချိန်တစ်ချိန် သတ်မှတ်ကာ စိုက်ခင်းကို သွားရောက်လည်ပတ်စေခြင်း ပြုစုထိန်းသိမ်းစေခြင်းတွေ ပြုလုပ်စေသင့်ပါတယ်။ အထိရောက်ဆုံးတစ်ခုကတော့ စားလို့ရတဲ့ အသီးအရွက်တွေကို ကိုယ်တိုင်ခူးဆွတ်စေတာ ဖြစ်ပါတယ်။

          သဘာသစ်သီးဝလံ ပန်းမန်တွေနဲ့ ဘဝမှာ စောစောထိတွေ့ ကြီးပြင်းလာသူ ကလေးသူငယ်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သဘာဝအစားအစားကို ပိုမိုတွယ်တာကြပါတယ်။ ဒါ့အပြင် မိသားစု ထမင်းဝိုင်းမှာလည်း တက်ကြွစွာ ပါဝင်တတ်ကြပါတယ်။ အပြင်စာတွေထက် အိမ်က ချက်ပြုတ်တာကို နှစ်နှစ်ခြိုက်ခြိုက် စားလာကြပါတယ်။

●        ဟင်းသီးဟင်းရွက် ကူသင်စေတာ

●        အသီးအနှံပုံတွေ သူ့အိပ်ရာနားမှာ ချိတ်ဆွဲပေးတာ

●        အသင့်စား အစားအစာတွေရဲ့ အာဟာရမဖြစ်ဘဲ ရောဂါသယ်ဆောင်လာပုံတွေကို ကွန်ပျုတာဇာတ်ကားများ၊ ကာတွန်းတိုများ၊ ဇာတ်လမ်းလေးတွေနဲ့ စနစ်တကျ ပြောပြကြတာ

●        အသီးအနှံတွေကို ကိုယ်တိုင်ရွေးချယ်စေပြီး အာဟာရတန်ဖိုးလေးတွေ ရောင်စုံကားချပ်လေးတွေနဲ့ ရှင်းပြမှတ်သားစေတာ

●        မိခင်ဖခင်တွေကိုပါ ဖိတ်ခေါ်ပြီး အတူတကွ ဟင်းချက်ကြတာ

●        ကလေးကိုလည်း အခြေခံလွယ်ကူတဲ့ ဟင်းချက်နည်းလေးတွေ သင်ကြားပေးတာတွေ လုပ်ဆောင်ပေးကြပါ

          ကလေးတွေကို ဦးနှောက်ဖွံ့ဖြိုးစေဖို့ သဘာဝအစားအစားကို အလေးအနက်ရှိစေဖို့ ကြီးပြင်းလာရတဲ့ ဘဝတစ်လျှောက် ကျန်းမာသန်စွမ်းတဲ့ ရောဂါကင်းတဲ့ အစားအစာတွေကို ရွေးချယ်စားသောက်နိုင်ဖို့ စောနိုင်သမျှ စောစော သင်ပြပေးသင့်ပါတယ်။ ဒါမှသာ သွက်လက်ထက်မြက်ပြီး ရောဂါကင်းတဲ့ လူငယ်လေးတွေအဖြစ် ကြီးပြင်းလာကြမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)