ကလေးတွေကို အာဟာရပြည့်ဝအောင် ဘယ်လိုကျွေးမွေးကြမလဲ
အာဟာရဓာတ်တွေ ပြည့်ဝစွာ စားသောက်သော ကလေးငယ်တွေဟာ ဦးနှောက်၊ အမြင်အာရုံနှင့် ကြီးထွားမှုများမှာ အခြားကလေးငယ်များထက် သာလွန်ကောင်းမွန်တတ်ကြပါတယ်။
၆ လအောက် ကလေးငယ်တွေအတွက် မိခင်နို့ကိုသာ တိုက်ကျွေးခြင်းဖြင့် အာဟာရဓာတ်တွေ လုံလောက်စွာ ရရှိစေမှာ ဖြစ်ပါတယ်။
၆ လအထက် ကလေးငယ်များကိုတော့ မိခင်နို့အပြင် ဗီတာမင်နှင့် သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အသား၊ ငါး၊ အသီးအရွက်၊ နို့ စသည်တို့ကို နေ့စဉ်ကျွေးမွေးဖို့ လိုအပ်ပါတယ်။
>> အာဟာရပြည့်ဝစွာ မစားသောက်ခြင်းရဲ့ နောက်ဆက်တွဲများ
● ပိန်လွန်းခြင်း၊ ဝခြင်း၊ အဝလွန်ခြင်း
● ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း
● ဖြူဖျော့ခြင်း၊ ဂျီကျခြင်း
● သွားပိုးစားခြင်း
● သေးကွေးကျုံလှီခြင်း
>> ဘာကြောင့် အာဟာရချို့တဲ့ခြင်း ဖြစ်ပေါ်ရသလဲ?
(၁) သရေစာ အစားများခြင်း
အာဟာရဓာတ်တွေ သိပ်မပါတဲ့ သရေစာတွေကို အစားများပြီး ဗိုက်ပြည့်နေတတ်တာမို့ အခြားအာဟာရရှိတဲ့ အစားအစာတွေကို မစားဖြစ်တော့တဲ့အတွက် ဗီတာမင်နှင့် သတ္တုဓာတ်တွေလည်း နည်းပါးနေတတ်ပါတယ်။
(၂) သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ မစားခြင်း
● အမျှင်ဓာတ်တွေက အစာချေစနစ်နှင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။
● အမျှင်ဓာတ် လုံလောက်စွာ မစားပါက ဝမ်းချုပ်ခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုဖြစ်နိုင်ချေ များပြားပါတယ်။
(၃) ဓာတ်မတည့်ခြင်းများ
အချို့ကလေးငယ်တွေမှာ မြေပဲ၊ ကြက်ဥ၊ နွားနို့၊ ဂျုံ၊ ငါး အစရှိတဲ့ အာဟာရပြည့်ဝသော အစားအစာတွေနှင့် ဓာတ်မတည့်ခြင်းများ ရှိတတ်ကြပါတယ်။ တကယ်လို့ အဲဒီအစားအသောက်တွေနဲ့ ဓာတ်မတည့်တာမျိုးရှိရင် အာဟာရချို့တဲ့တာမျိုး မဖြစ်ရလေအောင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး အာဟာရဓာတ် ပါဝင်တာချင်းတူတဲ့ အခြားအစားအသောက်တွေကို ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။
Nutrilin IA 1

>> မေမေတို့ ဘယ်လိုဂရုတစိုက်ကျွေးမွေးမလဲ?
● အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ ကလေးကိုလည်း မေးပါ။ သူ စားချင်စိတ်ရှိတဲ့ အစားအသောက်ကိုမှ အာဟာရပြည့်ဝအောင် ထပ်မံဖြည့်စွက် ချက်ပြုတ်ကျွေးမွေးပါ။
● ထမင်းစားချိန် တစ်ခုနှင့်တစ်ခုအကြား ဗိုက်ဆာပါက ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများကိုသာ ပြင်ဆင်ကျွေးမွေးပါ။
● အချိုနှင့် သကြားလုံးများ ကျွေးတာကို လျှော့ချပါ။
● ကလေးအစားအစာများ ရွေးချယ်ဝယ်ယူရာတွင် ပါဝင်သောပစ္စည်းများကို သေချာဖတ်ရှုပါ။
>> ဘယ်အချိန်မှာ ဆရာဝန်နှင့် တိုင်ပင်သင့်လဲ?
ကလေးဟာ အစာတစ်ခုခုနှင့် ဓာတ်မတည့်တဲ့အခါမျိုး၊ အစာ ချေးများခြင်းကြောင့် အာဟာရစုံလင်စွာ ကျွေးမရတာမျိုး၊ ကလေး မထွားတာမျိုးနှင့် ကြုံကြိုက်ပါက အာဟာရဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။
ရင်သွေးလေးများ ကျန်းမာကြံ့ခိုင်ဖို့နှင့် ကြီးထွားဖို့အတွက် အာဟာရပြည့်ဝစွာ စားသောက်ခြင်းက အရေးကြီး လှပါတယ်။ ဗီတာမင်များ ချို့တဲ့ခြင်းကိုလည်း အသား၊ ငါး၊ အသီးအရွက်များ စုံလင်စွာ စားသောက်ခြင်းဖြင့် ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါကြောင့် ရင်သွေးလေးတွေကို အာဟာရများ ကြွယ်ဝစွာပါဝင်တဲ့ အစားအစာမျိုးစုံကို နေ့စဉ်ကျွေးမွေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
Nutrilin IA 2

(Zawgyi)
အာဟာရဓာတ္ေတြ ျပည့္ဝစြာ စားေသာက္ေသာ ကေလးငယ္ေတြဟာ ဦးေႏွာက္၊ အျမင္အာ႐ုံႏွင့္ ႀကီးထြားမႈမ်ားမွာ အျခားကေလးငယ္မ်ားထက္ သာလြန္ေကာင္းမြန္တတ္ၾကပါတယ္။
၆ လေအာက္ ကေလးငယ္ေတြအတြက္ မိခင္ႏို႔ကိုသာ တိုက္ေကြၽးျခင္းျဖင့္ အာဟာရဓာတ္ေတြ လုံေလာက္စြာ ရရွိေစမွာ ျဖစ္ပါတယ္။
၆ လအထက္ ကေလးငယ္မ်ားကိုေတာ့ မိခင္ႏို႔အျပင္ ဗီတာမင္ႏွင့္ သတၱဳဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့ အသား၊ ငါး၊ အသီးအ႐ြက္၊ ႏို႔ စသည္တို႔ကို ေန႔စဥ္ေကြၽးေမြးဖို႔ လိုအပ္ပါတယ္။
>> အာဟာရျပည့္ဝစြာ မစားေသာက္ျခင္းရဲ႕ ေနာက္ဆက္တြဲမ်ား
● ပိန္လြန္းျခင္း၊ ဝျခင္း၊ အဝလြန္ျခင္း
● ဝမ္းခ်ဳပ္ျခင္း၊ ဝမ္းပ်က္ျခင္း
● ျဖဴေဖ်ာ့ျခင္း၊ ဂ်ီက်ျခင္း
● သြားပိုးစားျခင္း
● ေသးေကြးက်ံဳလွီျခင္း
>> ဘာေၾကာင့္ အာဟာရခ်ိဳ႕တဲ့ျခင္း ျဖစ္ေပၚရသလဲ?
(၁) သေရစာ အစားမ်ားျခင္း
အာဟာရဓာတ္ေတြ သိပ္မပါတဲ့ သေရစာေတြကို အစားမ်ားၿပီး ဗိုက္ျပည့္ေနတတ္တာမို႔ အျခားအာဟာရရွိတဲ့ အစားအစာေတြကို မစားျဖစ္ေတာ့တဲ့အတြက္ ဗီတာမင္ႏွင့္ သတၱဳဓာတ္ေတြလည္း နည္းပါးေနတတ္ပါတယ္။
(၂) သစ္သီးႏွင့္ ဟင္းသီးဟင္းရြက္မ်ား မစားျခင္း
● အမွ်င္ဓာတ္ေတြက အစာေခ်စနစ္ႏွင့္ ကိုယ္ခံအားစနစ္ကို အားေကာင္းေစပါတယ္။
● အမွ်င္ဓာတ္ လုံေလာက္စြာ မစားပါက ဝမ္းခ်ဳပ္ျခင္း၊ အဝလြန္ျခင္းႏွင့္ ဆီးခ်ိဳျဖစ္ႏိုင္ေခ် မ်ားျပားပါတယ္။
(၃) ဓာတ္မတည့္ျခင္းမ်ား
အခ်ိဳ႕ကေလးငယ္ေတြမွာ ေျမပဲ၊ ၾကက္ဥ၊ ႏြားႏို႔၊ ဂ်ဳံ၊ ငါး အစရွိတဲ့ အာဟာရျပည့္ဝေသာ အစားအစာေတြႏွင့္ ဓာတ္မတည့္ျခင္းမ်ား ရွိတတ္ၾကပါတယ္။ တကယ္လို႔ အဲဒီအစားအေသာက္ေတြနဲ႔ ဓာတ္မတည့္တာမ်ိဳးရွိရင္ အာဟာရခ်ိဳ႕တဲ့တာမ်ိဳး မျဖစ္ရေလေအာင္ အာဟာရဆရာဝန္နဲ႔ တိုင္ပင္ၿပီး အာဟာရဓာတ္ ပါဝင္တာခ်င္းတူတဲ့ အျခားအစားအေသာက္ေတြကို ေကြၽးေမြးေပးဖို႔ လိုအပ္ပါတယ္။
>> ေမေမတို႔ ဘယ္လိုဂ႐ုတစိုက္ေကြၽးေမြးမလဲ?
● အစားအစာေတြကို ျပင္ဆင္ခ်က္ျပဳတ္ရာမွာ ကေလးကိုလည္း ေမးပါ။ သူ စားခ်င္စိတ္ရွိတဲ့ အစားအေသာက္ကိုမွ အာဟာရျပည့္ဝေအာင္ ထပ္မံျဖည့္စြက္ ခ်က္ျပဳတ္ေကြၽးေမြးပါ။
● ထမင္းစားခ်ိန္ တစ္ခုႏွင့္တစ္ခုအၾကား ဗိုက္ဆာပါက က်န္းမာေရးႏွင့္ ညီၫြတ္ေသာ သေရစာမ်ားကိုသာ ျပင္ဆင္ေကြၽးေမြးပါ။
● အခ်ိဳႏွင့္ သၾကားလုံးမ်ား ေကြၽးတာကို ေလွ်ာ့ခ်ပါ။
● ကေလးအစားအစာမ်ား ေရြးခ်ယ္ဝယ္ယူရာတြင္ ပါဝင္ေသာပစၥည္းမ်ားကို ေသခ်ာဖတ္ရႈပါ။
>> ဘယ္အခ်ိန္မွာ ဆရာဝန္ႏွင့္ တိုင္ပင္သင့္လဲ?
ကေလးဟာ အစာတစ္ခုခုႏွင့္ ဓာတ္မတည့္တဲ့အခါမ်ိဳး၊ အစာ ေခ်းမ်ားျခင္းေၾကာင့္ အာဟာရစုံလင္စြာ ေကြၽးမရတာမ်ိဳး၊ ကေလး မထြားတာမ်ိဳးႏွင့္ ႀကဳံႀကိဳက္ပါက အာဟာရဆရာဝန္ႏွင့္ တိုင္ပင္သင့္ပါတယ္။
ရင္ေသြးေလးမ်ား က်န္းမာႀကံ့ခိုင္ဖို႔ႏွင့္ ႀကီးထြားဖို႔အတြက္ အာဟာရျပည့္ဝစြာ စားေသာက္ျခင္းက အေရးႀကီး လွပါတယ္။ ဗီတာမင္မ်ား ခ်ိဳ႕တဲ့ျခင္းကိုလည္း အသား၊ ငါး၊ အသီးအရြက္မ်ား စုံလင္စြာ စားေသာက္ျခင္းျဖင့္ ျပန္လည္ေကာင္းမြန္ေစပါတယ္။ ဒါေၾကာင့္ ရင္ေသြးေလးေတြကို အာဟာရမ်ား ႂကြယ္ဝစြာပါဝင္တဲ့ အစားအစာမ်ိဳးစုံကို ေန႔စဥ္ေကြၽးေမြးၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။
ေလေျပႏုေသြး (ေဆး-၂) (www.drmyanmar.com)






























