ကလေးတွေနဲ့ အအေးမိဖျားနာခြင်း
ကလေးလေးတွေဟာ တစ်နှစ်ကို ၈ ကြိမ်နဲ့အထက် အအေးမိတတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘေးပတ်ဝန်း ကျင်မှာ ရာနဲ့ချီတဲ့ အအေးမိဗိုင်းရပ်စ်တွေရှိနေပြီးတော့ ကလေးလေးတွေမှာ ခုခံအားစနစ်ကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့်ပဲဖြစ်ပါတယ်။
တဖြည်းဖြည်းနဲ့ ခုခံအားစနစ်ကောင်းလာတာနဲ့အမျှ အအေးမိတာနည်းလာတတ်တယ်။ အများစုကတော့ အအေးမိရင် ၅ ရက်ကနေ ၇ ရက်အတွင်းမှာ ပြန်ပျောက်သွားတတ်ပေမယ့် အရမ်းငယ်သေးရင်တော့ ၂ ပတ်လောက်အထိကို ကြာတတ်တယ်။
ဒီလိုအအေးမိလက္ခဏာတွေသက်သာစေဖို့
• အရည်များများသောက်ပါ။
• နှာခေါင်းပိတ်နေရင် ဆားရည်လေးထည့်ပေးလိုက်ရုံနဲ့ သက်သာသွားလိမ်မယ်။
• ဖျားနေရင်၊ နာနေရင် Biogesic for Kids လို ပါရာစီတမောပါ၀င်တဲ့ ဆေးတွေ တိုက်ပေးနိုင်တယ်။
• အအေးမိတာမကူးစက်ရလေအောင် တစ်အိမ်လုံး မှန်မှန်လက်ဆေးဖို့လိုပါတယ်နော်။
>> ကလေးတွေအတွက် အအေးမိချောင်းဆိုးပျောက်ဆေး
အသက် ၆ လ အောက်ကလေးတွေကတော့ ဆေးဆိုင်ကနေ အလွယ်တကူဆေးဝယ်မတိုက်သင့်ဘူးနော်။
>> ကလေးတွေနဲ့ လည်ချောင်းနာခြင်း
အအေးမိတုပ်ကွေးဗိုင်းရပ်စ်ပိုးတွေကြောင့် လည်ချောင်းနာတာများတယ်။ အအေးမမိခင် ၁ရက်၂ရက်လောက်အလိုကတည်းကကို လည်ချောင်းတွေခြောက်သွေ့ကွဲအက်နေတတ်တယ်။ နာတာသက်သာအောင် ပါရာစီတမောပါ၀င်တဲ့ ဆေးတွေ တိုက်နိုင်ပါတယ်။
အများစုကတော့ သူ့အလိုလိုပဲ ရက်ပိုင်းလောက်နေရင် ပျောက်သွားတတ်တယ်။
၄ရက်ထက်ပိုပြီးနာနေရင်၊ အဖျားကြီးနေရင်၊ ကလေးနွမ်းနေရင် ဆရာဝန်နဲ့ပြကြည့်သင့်တယ်။ အရည်တွေ၊ တံတွေးတွေတောင် မမြိုနိုင်လောက်အောင် နာနေပြီဆိုရင်တော့ အရေးပေါ်ကိုခေါ်သွားသင့်ပါပြီ။
(Unicode)
ဒီလိုအအေးမိလက်ခဏာတှသေကျသာစဖေို့






























