ကလေးတွေဘာကြောင့်အကြာကြီးအိပ်တာလဲ
• ခန္ဓာကိုယ်ကြီးထွားမှုအတွက် အားဖြည့်ဖို့
• အာရုံကြောနဲ့ အာရုံခံစားမှုတွေဖွံ့ဖြိုးတိုးတက်လာတာကို အထောက်အကူဖြစ်စေဖို့
• ဦးနှောက်ဖွံ့ဖြိုးမှုကိုကူညီဖို့
• ပိုမိုကောင်းမွန်စွာသင်ယူနိုင်ဖို့ ဆိုတဲ့အချက်တွေကြောင့် ကလေးတွေအကြာကြီးအိပ်ဖို့လိုပါတယ်။
ကလေးငယ်လေးတွေက တစ်နေ့ကို ၁၁-၁၇ နာရီလောက်အိပ်ဖို့လိုပြီးတော့ ဒီလို အိပ်စက်တာက သူတို့ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရမ်းကိုအရေးကြီးပါတယ်။
ကလေးအိပ်နေတယ်ဆိုတာ အနားယူနေရုံသက်သက်မဟုတ်ပါဘူး။ အသက်တစ်နှစ်အောက်ကလေးငယ်လေးတွေအနေနဲ့ သူတို့ရဲ့ ပထမတစ်နှစ်ရဲ့တစ်ဝက်လောက်ကို အိပ်စက်ကြပါတယ်။
Ceelin Plus 1

1.ခန္ဓာကိုယ်ကြီးထွားမှုအတွက်အားဖြည့်ဖို့ အိပ်စက်ပါတယ်။
အိပ်စက်တာက ကလေးရဲ့ခန္ဓာကို်ယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့အစိတ်အပိုင်းပါပဲ။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေချိန်မှာ ကြီးထွားဖွံ့ဖြိုးမှုနဲ့ဆိုင်တဲ့ဟော်မုန်းတွေအများကြီးထွက်လာပါတယ်။ ကလေးတွေရဲ့ဖွံ့ဖြိုးမှုနဲ့အိပ်စက်တာကြားဆက်စပ်မှုကိုလေ့လာကြည့်တဲ့အခါမှာ ပိုအိပ်လေ ကလေးက အရပ်ထွက်လာသလို ကိုယ်အလေးချိန်ပိုတက်လာလေပါပဲ။
2.အိပ်စက်ခြင်းက အာရုံကြောနဲ့ အာရုံခံစားမှုတွေဖွံ့ဖြိုးလာဖို့လည်းအထောက်အကူပြုပါတယ်။
မွေးပြီး ပထမ ၂ နှစ်မှာ ကလေးတွေရဲ့ပင်မအာရုံကြောစနစ်အများစုတဖြည်းဖြည်းချင်းဖွံ့ဖြိုးလာပြီးတော့ အိပ်စက်ခြင်းက ဒီဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေပါတယ်။ အိပ်စက်ခြင်းက ကလေးရဲ့အာရုံခံစားမှုအတွက်လည်း အရေးပါပါတယ်။ အိပ်ပျော်နေချိန်မှာ ကလေးရဲ့အာရုံခံစားမှုစနစ်ကိုလှုံ့ဆော်မှုတွေရှိနေပြီးတော့ ဒီအချိန်မှာ alludes ဆိုတဲ့အရာတွေထွက်လာပါတယ်။ ဒီလိုထွက်လာတာက အမြင်၊ အကြား၊ ထိတွေ့မှုနဲ့ ဟန်ချက်ထိန်းနိုင်မှု စတဲ့ အာရုံခံစားမှုစနစ်ပုံမှန်ဖွံ့ဖြိုးလာဖို့အတွက် အရေးကြီးပါတယ်။
3.ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကူညီပေးတယ်။
ရုပ်ပိုင်းဆိုင်ရာ (သို့) အာရုံကြောဖွံ့ဖြိုးမှုပိုင်းဆိုင်ရာချို့ယွင်းချက်ရှိတဲ့ကလေးငယ်တွေကိုကြည့်လိုက်ရင် သူတို့ရဲ့အိပ်စက်မှုပုံစံတွေက တခြားကလေးတွေနဲ့မတူတာကိုတွေ့ရပါတယ်။ တခြားကလေးတွေမှာမဖြစ်တဲ့ အိပ်စက်ခြင်းဆိုင်ရာပြသနာတွေသူတို့မှာရှိပါတယ်။ ဒါကြောင့်အိပ်စက်မှုမရှိတာနဲ့ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာပြသနာတွေကဆက်စပ်နေပါတယ်။
အိပ်စက်ခြငး်နဲ့ပတ်သက်နေတဲ့နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဦးနှောက်ဖွံ့ဖြိုးမှုပါ။ ဦးနှောက်ရင့်သန်လာမှုမှာအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုကတော့ ဦးနှောက်က သူ့ရဲ့ပုံစံနဲ့လုပ်ငန်းဆောင်တာတွေကို အပြောင်းအလဲလုပ်ြ့ီးတော့ ပတ်ဝန်းကျင်ကိုတုန့်ပြန်နိုင်စွမ်းပါ။ တိရိစၧာန်တွေမှာလေ့လာကြည့်တဲ့အခါမှာ အိပ်စက်မှုမရှိခြင်းက ဒီအစွမ်းကိုကျဆင်းစေပြီးတော့ သင်ယူနိုင်စွမ်း၊ မကောင်းတဲ့အပြုအမူတွေနဲ့ ဦးနှောက်သေးတာကို တွေ့ရပါတယ်။
Ceelin Plus 2

4.အိပ်စက်ခြင်းက ကလေးတွေရဲ့လေ့လာသင်ယူနိုင်မှုကိုပိုမိုအားကောင်းစေတယ်။
ကလေးတွေက အိပ်နေတုန်းမှာတောင်မှ သင်ယူနေတယ်ဆိုတာကိုသိကြပါသလား။ လေ့လာမှုအရ ကလေးတွေအိပ်နေချိန်မှာတောင်မှ ထပ်ခါထပ်ခါဖွင့်ထားတဲ့အသံကိုထိတွေ့မှုရှိပြီးတော့ ထူးဆန်းတဲ့အသံအဖြစ်ဖော်ပြပါတယ်။ အိပ်စက်ခြင်းက မှတ်ဉာဏ်တွေပြန်လည်စုစည်းစေးပြီးတော့ကလေးရဲ့လေ့လာသင်ယူမှုကို အားကောင်းစေပါတယ်။
5.စိတ်ခံစားချက်တွေပေါ်မှာလည်းသက်ရောက်မှုရှိစေပါတယ်။
ကလေးငယ်လေးက အနှောင့်အယှက်မရှိဘဲ သက်တောင့်သက်သာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ခြင်းက သူ့ရဲ့အမူအကျင့်တွေနဲ့ စိတ်ခံစားမှုတွေကို ပိုမိုကောင်းမွန်စေပါတယ်။ ပြီးတော့ ပိုပြီးတော့ တက်ကြွပြီးတော့ ရုပ်ပိုင်းဆိုင်ရာလုပ်ငန်းတွေကိုလည်းကောင်းစေပါတယ်။ ဒါကတော့အံ့သြစရာမရှိပါဘူးလေ။ ကလေးဘဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ် အိပ်ရေးမဝရင် စိတ်မကြည်ကြပါဘူး။ လေ့လာမှုတွေအရ အိပ်ချိန်နည်းတဲ့ကလေးငယ်တွေမှာ စိတ်ခံစားချက်တွေမှာအခက်အခဲတွေရှိတာကိုတွေ့ရပါတယ်။
ကလေးရဲ့အသက်အရွယ်အပေါ်မူတည်ပြီးတော့ တစ်နေ့ကို ၁၁-၁၇ နာရီလောက်အိပ်စက်ဖို့လိုပါတယ်။
နေ့ဘက်မှာဆိုရင် ကလေးက ၂-၃ နာရီထက်ပိုအိပ်နေရင် ငြင်ငြင်သာသာလေးနှိုးပြီးတော့ နို့တိုက်၊ အစာကျေွးပေးပါ။ ပြီးရင်ပြန်သိပ်ပါ။ မွေးကင်းစကလေးငယ်တွေကပိုအိပ်ဖို့လိုပြီးတော့ ကြီးလာတာနဲ့အမျှ အိပ်ချိန်လည်းနည်းလာပါတယ်။ မွေးကင်းစကလေးငယ်တွေက နေ့ဘက်မှာ ၈-၉ နာရီလောက်အိပ်လေ့ရှိပြီးတော့ ညဘက်မှာ ၈ နာရီလောက်အိပ်ပါတယ်။ ကလေးတွေဘယ်လောက်အိပ်သင့်လဲဆိုရင် -
• မွေးကင်းစမှ ၃ လအရွယ်အထိ - တစ်နေ့ကို ၁၄-၁၇ နာရီ
• ၄ လမှ ၁၁ လအထိ - တစ်နေ့ကို ၁၂-၁၆ နာရီ
• အသက် ၁၂ လမှ ၃၅ လအထိ တွားသွားအရွယ်ကလေးငယ်တွေ - တစ်နေ့ကို ၁၁- ၁၄ နာရီ အိပ်ဖို့လိုပါတယ်။
မွေးကင်းစတွေက အိပ်ချိန်များတယ်ဆိုပေမယ့် တစ်ခါအိပ်ရင် ၁-၃ နာရီလောက်ပဲကြာတတ်ပါတယ်။ နိုးလာပြီးရင်လညး် နာရီဝက်တစ်နာရီလောက်နေရင် ပြန်အိပ်ပျော်လွယ်ကြပါတယ်။ ကြီးလာတာနဲ့အမျှ တစ်ခါအိပ်ရင်ကြာတဲ့အချိန်များလာပြီးတော့ နေ့ဘက်အိပ်ချိန်နည်းလာပါတယ်။ ကလေးအသက် ၃ လလောက်နေရင် ညဘက်တွေတစ်လျှောက်လုံးစပြီး အိပ်တတ်လာပါတယ်။ ဒီတော့ ညဘက်တွေအရမ်းထရတယ်ဆိုရင်လည်းအားတင်းထားပါမေမေတို့။ ဒါက လနည်းနညး်ကြာရင် ပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။
>> ဘယ်လိုဆိုရင် ဆရာဝန်ပြဖို့လိုလဲ
အိပ်ဖို့က ကလေးအတွက် အရမ်းအရေးကြီးတယ်ဆိုပေမယ့် အပေါ်ကပြောထားတဲ့အချိန်တွေထက် ကလေးကပိုပြီးအိပ်နေပြီးတော့ ကိုယ်အလေးချိန်လည်းပုံမှန်တက်မလာဘူးဆိုရင်တော့ ဒါက ပြဿနာတစ်ခုခုရှိနိုင်ပါတယ်။ ဥပမာ အသားဝါခြင်း၊ ရောဂါပိုးဝင်ခြင်းစတာတွေကြောင့်အရမ်းအိပ်စေတတ်ပါတယ်။ ဒါကြောင့်ကလေးက ပုံမှန်မဟုတ်ဘဲ အရမ်းအိပ်နေတယ်ဆိုရင်၊ မရွှင်ဘူးဆိုရင်၊ အရမး်အီရင် (သို့) ကိုယ်ပူတာစတဲ့လက္ခဏာတွေပြရင် ကလေးအထူးကုဆရာဝန်နဲ့သွားပြပါ။
Dr. Mya Myo Myo Swe (www.drmyanmar.com)
(Unicode)
• ခန်ဓာကိုယျကွီးထှားမှုအတှကျ အားဖွည့ျဖို့
• အာရုံကွောနဲ့ အာရုံခံစားမှုတှဖှေံ့ဖွိုးတိုးတကျလာတာကို အထောကျအကူဖွဈစဖေို့
• ဦးနှောကျဖှံ့ဖွိုးမှုကိုကူညီဖို့
ကလေးအိပျနတေယျဆိုတာ အနားယူနရေုံသကျသကျမဟုတျပါဘူး။ အသကျတဈနှဈအောကျကလေးငယျလေးတှအေနနေဲ့ သူတို့ရဲ့ ပထမတဈနှဈရဲ့တဈဝကျလောကျကို အိပျစကျကွပါတယျ။
1.ခန်ဓာကိုယျကွီးထှားမှုအတှကျအားဖွည့ျဖို့ အိပျစကျပါတယျ။
Dr. Mya Myo Myo Swe (www.drmyanmar.com)






























