/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာပေါက်တဲ့-ဒက်ပြဿနာကို-ဘယ်လိုဖြေရှင်းကြမလဲ

ကလေးတွေမှာပေါက်တဲ့ ဒက်ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ

Category
ကလေးများနှင့်ကျန်းမာရေး

        လူကြီးတွေမှာဆိုရင် ခေါင်းပေါ်မှာ ဘောက်တွေထပြီးတော့ ကလေးတွေမှာတော့ ဒက်တွေ ထတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ကြည့်ရတာ ဆိုးရုံ၊ ရှက်စရာဖြစ်ရုံကလွဲပြီးတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ ကလေးအများစုမှာ အသက် တစ်လနဲ့ သုံးလအရွယ်တွေမှာ ဒက်ပေါက်တာ များပါတယ်။

 

>>    ဒက် ဘာကြောင့်ပေါက်ရသလဲ?

        ဒက် ဘာကြောင့်ပေါက်ရလဲဆိုတာ ဘယ်သူမှ အတိအကျ မသိပေမယ့်လည်း ဖြစ်နိုင်ချေရှိတဲ့ အချက်တွေတော့ ရှိပါတယ်။ ဒက်တွေက အဆီဂလင်းတွေ အများကြီးရှိတဲ့ နေရာတွေဖြစ်တဲ့ ဦးရေပြား၊ မျက်နှာ၊ ရင်ဘတ်အပေါ်ပိုင်းတွေနဲ့ နောက်ကျောအပေါ်ပိုင်းမှာ ပေါက်တာ များပါတယ်။ ပြီးတော့ တစ်နှစ်အောက်ကလေးတွေမှာ ဟော်မုန်းပမာဏမြင့်တော့ အဆီဂလင်းတွေက ပိုပြီးတက်ကြွပါတယ်။

 

>>    ဆရာဝန်ပြဖို့ လိုလား?

          ဒက်နဲ့ နှင်းခူနဲ့ မှားတတ်ပါတယ်။ နှင်းခူက ယားပေမယ့် ဒက်ကတော့ မယားပါဘူး။ ခေါင်းပေါ်က အကွက်တွေက အဖြူရောင် (သို့) အဝါရောင်ဖြစ်ပြီးတော့ ခြောက်ခြောက် (သို့) အဆီတွေနဲ့ ဖြစ်တတ်ပါတယ်။ ဒက်ဆိုတာ မကူးစက်တတ်သလို တစ်ကိုယ်ရည် သန့်ရှင်းရေးမကောင်းလို့လည်း မဟုတ်ပါဘူး။ အဓိက ကတော့ အလှကုန်တွေကြောင့် ဖြစ်ပြီးတော့ အပတ် အနည်းငယ်ကြာရင် (သို့) လအနည်းငယ်အတွင်းမှာ သူ့ဟာသူ ပြန်ပျောက်သွားပါတယ်။ အချိန်ကြာတဲ့အထိ မပျောက်ရင် (သို့) ဦးရေပြားမှာ သာမကဘဲ တခြားနေရာတွေမှာလည်းဖြစ်ရင် (သို့) ကလေးက နေမကောင်း၊ ဖျားရင် ဆရာဝန် ပြသင့်ပါတယ်။ ဒက်ဆိုရင် သွေးထွက်လွယ်တာ (သို့) အလွန်အကျွံ ယားတာတွေ မရှိတတ်သလို နေမကောင်းလည်း မဖြစ်တတ်ပါဘူး။ ရောဂါလက္ခဏာတွေက သက်သာမသွားဘဲ ဆက်ရှိနေရင် ဆေးကုပေမယ့်လည်း သက်သာမလာရင် ဆရာဝန် ပြသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကုရခက်တဲ့ ဒက်တွေက ကိုယ်ခံအားပြဿနာတွေနဲ့ ဆက်စပ်နေနိုင်လို့ပါ။ ဖြစ်တော့ ဖြစ်ခဲပါတယ်။

 

>>    ဒက်ကို ပျောက်အောင် ဘယ်လိုလုပ်မလဲ?

          ဒက်တွေက သူ့ဟာသူ ပြန်ပျောက်သွားတတ်ပါတယ်။ ကလေးငယ်တွေမှာ ဆိုရင်တော့ -

1.      ခေါင်း ပုံမှန်လျှော်ပေးပါ။

          ကလေးကို နေ့တိုင်း ခေါင်းလျှော်ပေးတာက ဒက်ကိုကုသရာမှာနဲ့ ကာကွယ်ရာမှာ အကူအညီ ဖြစ်နိုင်ပါတယ်။ ကလေး ခေါင်းလျှော်ရည်နဲ့ပဲ လျှော်ပေးပါ။

 

2.      ဆီ လိမ်းပေးပါ။

          Baby oil/ mineral oil စတာတွေက ကလေးရဲ့ ဦးရေပြားကို ပျော့ပြောင်းစေပါတယ်။ ဆီနည်းနည်းကို ဒက်အကွက်တွေပေါ်မှာ ပွတ်လိမ်းပေးပါ။ သံလွင်ဆီ မလိမ်းပါနဲ့။ သံလွင်ဆီက ဉီးရေပြားရဲ့ သဘာဝ ကာကွယ်နိုင်စွမ်းကို ပျက်စီးစေပါတယ်။ အုန်းဆီ၊ နေကြာဆီတွေက သဘာဝအဆီ သုံးချင်တဲ့သူတွေအတွက် ကောင်းပါတယ်။

 

3.      ကလေးရဲ့ ဦးရေပြားကို ပွတ်တိုက်ပေးပါ။

          ဉီးရေပြားပေါ်မှာ တင်ကျန်နေတဲ့ချေးတွေကို ပြောင်စေဖို့အတွက် ကလေးရဲ့ ဦးရေပြားလေးကို ကလေးသုံး ဘရပ်ချ် (သို့) ဘီးနဲ့ ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ အဆီလိမ်းပြီး နာရီဝက်၊ တစ်နာရီအတွင်း ပွတ်တိုက်ပေးတာက ကောင်းပါတယ်။ ဒက်ကွက်တွေကို ကုတ်တာ၊ ဖဲ့တာတွေက ပိုဆိုးစေနိုင်လို့ လုံးဝမလုပ်ပါနဲ့။

 

4.      အပေါ်ကအချက်တွေ လုပ်ကြည့်ပြီးလို့မှ မသက်သာရင်တော့ -

          အပေါ်က နည်းတွေနဲ့ မသက်သာရင်တော့ ဆရာဝန်က Ketoconazole လို့ခေါ်တဲ့ မှိုသတ်တဲ့ ခေါင်းလျှော်ရည်ကို corticosteroid အပျော့စားပါတဲ့ လိမ်းဆေးနဲ့တွဲပြီး ညွှန်တတ်ပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)