/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာဖြစ်တတ်တဲ့ဗောက်

ကလေးတွေမှာဖြစ်တတ်တဲ့ဗောက်

Category
ကလေးများနှင့်ကျန်းမာရေး

        က​လေး​သေး​သေး​လေး​တွေ၊ အထူးသဖြင်​့ တစ်​လ၊နှစ်​လအရွယ်​က​လေး​တွေရဲ့​ခေါင်​းမှာ အဖတ်​​တွေကွာ​နေတာ၊ အဝါ​ရောင်​ချွဲချွဲကြီး​တွေဖြစ်​​နေတာ၊ အညို​ရောင်​အလွှာအလွှာ​တွေဖြစ်​​နေတာ​တွေကို ​တွေ့ရတတ်​ပါတယ်​။ ဒီ​ရောဂါဟာ နှင်​းခူ​ရောဂါတစ်​မျိုးဖြစ်​​ပေမယ်​့ ယားယံခြင်​း၊ နာကျင်​ခြင်​း​တွေ မရှိတတ်​ပါဘူး။ က​လေး​ကို​ခေါင်​း​လျော်​တဲ့အခါ ​ဗောက်​​တွေလိုပဲ အဖတ်​အဖတ်​​တွေ ကွာကျလာတတ်​ပါတယ်​။ ဒါကို infantile seborrheic dermatitis သို့မဟုတ်​ seorrheic eczemaလို့​ခေါ်ပါတယ်​။

        ဒါ့အပြင်​ နား၊ မျက်​ခုံး၊ မျက်​ခွံ၊ ချိုင်​းကြားနဲ့ အခြားအဆီထွက်​တတ်​တဲ့​နေရ​ာ​တွေမှာလညး်​ အဖတ်​ဖတ်​​တွေကွာ​နေတာ ​တွေ့ရတတ်​ပါတယ်​။ ကြည်​့ရဆိုးတတ်​​ပေမယ်​့ ဒီ​နှင်​းခူအမျိုးအစားဟာ ကြီးလာလို့အချိန်​တန်​ရင် သူ့အလိုလို​ပျောက်​သွားပါလိမ်​့မယ်​။ အသက်​၁၂နှစ်​​ကျော်​တဲ့အခါ စိုးရိမ်​စရာမလို​တော့ပါဘူး။ ဒီနှင်​းခူအမျိုးအစားဟာ မကူးစက်​နိုင်​သလို က​လေးမသန်​့ရှင်​းလို့လည်​း မဟုတ်​ပါဘူး။ ဓာတ်​မတည်​့တာ​ကြောင်​့လည်​း မဟုတ်​ပါဘူး။

Ceelin 1

>> ​ရောဂါလက္ခဏာများ

 

မွေးကင်​းစက​လေး​တွေမှာ အဓိကဖြစ်​တတ်​ပြီး တစ်​နှစ်​​ကျော်​ချိန်​မှာဖြစ်​တာ ရှားပါတယ်​။ ၈လက​နေ၁၂လ​ကျော်​အတွင်​းမှာတင်​ ​ပျောက်​သွားတတ်​ပါတယ်​။

​ရောဂါလက္ခဏာ​တွေက​တော့

• ဦး​ခေါင်​း၊ မျက်​ခုံး၊ နား၊ မျက်​ခွံ၊ နှာ​ခေါင်​းနဲ့ ​ပေါင်​ခြံ​တွေမှာ ကြွပ်​ထူလိုက်​​တွေ၊ အ​ကြေးခွဲလိုအဖတ်​ဖတ်​တွေဖြစ်​​နေခြင်​း

• ​ဗောက်​ထသလို အချပ်​လွှာ​တွေ ဖြစ်​​နေခြင်​း

• အနည်​းငယ်​နီရဲ​နေခြင်​း

• အဆီပြန်တတ်​တဲ့အ​ရေပြား​ပေါ်မှာအဝါ​ရောင်​​သို့မဟုတ်အဖြူ​ရောင်​အ​ကြေးခွံလွှာ​တွေဖြစ်​​နေခြင်​း

ဒီနှင်​းခူ​ရောဂါဟာ အဆီပြန်​တဲ့ ဦး​​ရေပြား၊ မျက်​ခုံးနဲ့မျက်​ခွံ၊ နား​နောက်​၊ နှာ​ခေါင်​းကြား၊ ရင်​ဘတ်​၊ ​ပေါင်​ခြံနဲ့ အခြား​နေရာ​တွေမှာ ဖြစ်​​လေ့ရှိပါတယ်​။

က​လေးဆရာဝန်ဟာ စမ်​းသပ်​ကြည်​့ရုံမျှနဲ့ ​ဗောက်​နှင်​းခူ​ရောဂါကို သိနိုင်​ပြီး ကုသနည်​းအမျိုးမျိုးနဲ့ ကုသနိုင်​ပါတယ်​။

Ceelin 2

>> ဘာ​ကြောင်​့ဖြစ်​ရတာလဲ?

 

ဘာ​ကြောင်​့ဖြစ်​ရတယ်​အတိအကျမသိ​ပေမယ်​့ ယူဆချက်​အ​မြောက်​အများရှိပါတယ်​။ ​သေချာတာတစ်​ခုက​တော့ ဓာတ်​မတည်​့တာ၊ ညစ်​ပတ်​တာ​တွေ​ကြောင်​့ ဖြစ်​ရတာမဟုတ်​ဘူးဆိုတာပါပဲ။

အ​ကြောင်​းရင်​းအများကြီး​ကြောင်​့ ဖြစ်​နိုင်​ပြီး ဒီထဲကတစ်​ချက်​က​တော့ က​လေးမ​မွေးမီ သ​နေ္ဓသားဘဝမှာ မိခင်​ဆီက​နေရရှိလာတဲ့ ​ဟော်​မုန်​း​တွေ​ကြောင်​့ က​လေးအသားမှာအဆီ​တွေအများကြီးထွက်​လာတာလို့ ဆရာဝန်​အများစုက ယူဆကြပါတယ်​။

​နောက်​အ​ကြောင်​းရပ်​တစ်​ခုက​တော့ အဆီထဲမှာ ဘတ်​တီးရီးယားပိုးနဲ့အတူ ကြီးထွားတဲ့ Malasseziaလို့​ခေါ်တဲ့မှိုပိုးတစ်​မျိုး​ကြောင်​့လို့ ယူဆကြပြီး မိသားစုမျိုးရိုး​ကြောင်​့လည်​း ဖြစ်​နိုင်​ပါတယ်​။

ဘာ​ကြောင်​့ဖြစ်​သလဲအတိအကျမ​ပြောနိုင်​​ပေမယ်​့ မကူးစက်​နိုင်​သလို က​လေးအတွက်​လည်​း အ​နှောင်​့အယှက်​မဖြစ်​ပါဘူး။ ပြင်​းထန်​တဲ့​ရောဂါမှာ​တော့ ယားယံနိုင်​​ပေမယ်​့ ​ရောဂါ​ပျော့​ပျော့က​တော့ မယားတတ်​ပါဘူး။

 

>> ဘယ်​လိုကုသမလဲ?

 

သူ့အလိုလို​ပျောက်​သွားတတ်​တာ​ကြောင်​့ ဘာမှကုသဖို့ မလိုအပ်​ပါဘူး။ ဒါ​ပေမယ်​့ မြင်​ရတာစိတ်​မချမ်​းသာရင်​ ဒီနည်​းလမ်​း​လေး​တွေလုပ်​ကြည်​့နိုင်​ပါတယ်​။

• က​လေးဦး​ရေပြားကို က​လေးသုံးဆီ​လေးနည်​းနည်​းနဲ့ နှိပ်​နယ်​​ပေးပါ။ ဆီ​တွေက ကြွပ်​ထူထူအ​ဖတ်​​တွေကို ​​ပျော့သွား​စေဖို့ ၁၀မိနစ်​မှ၁၅မိနစ်​ခန်​့​စောင်​့ပါ။ လက်​နဲ့ သို့မဟုတ်​ အဝတ်​​ခြောက်​​လေးနဲ့ သို့မဟုတ်​ ဘရပ်​ချ်​ပါးပါး​လေးနဲ့ အဖတ်​​လေး​တွေကို ခွာ​ပေးပါ။ ပြီး​နောက်​ က​လေးကို​ခေါင်​း​လျော်​​ပေးပါ။

• က​လေးကိုတစ်​​နေ့တစ်​ကြိမ်​​ခေါင်​း​လျော်​​ပေးပြီး ​ခေါင်​းကိုစင်​​အောင်​​ဆေးပါ။ ပြီးမှ တဘတ်​အ​ခြောက်​ သို့မဟုတ်​ ဘရပ်​ချ်​အ​ပျော့​​​လေးနဲ့ အဖတ်​​လေး​တွေကို ရှင်​း​ပေးပါ။

• က​လေးရဲ့နှင်း​ခူ​ဗောက်​ဖတ်​​လေး​တွေက ထင်​ရှား​နေပြီး က​လေးအသက်​၆လ​ကျော်​လာပါက ဒီ​အ​ခြေအ​နေကိုကုသဖို့ ထုတ်​ထားတဲ့ ​ခေါင်​း​လျော်​ရည်​နဲ့​လျော်​​ပေးနိုင်​ပါတယ်​။ သတိထားဖု့ိက ဒီ​ခေါင်​း​လျော်​ရည်​​တွေမှာ salicylic acid, selenium နဲ့ ကတ္တရာ​တွေပါနိုင်​တာ​ကြောင်​့ က​လေးမျက်​လုံးထဲဝင်​ရင်​ စပ်​နိုင်​ပါတယ်​။

 

အထက်​ပါနည်​း​တွေက မသက်​သာ​စေဘူးဆိုရင်​ က​လေးဆရာဝန်​နဲ့ ပြသသင်​့ပါတယ်​။ ဆရာဝန်​က ပိုပြီးထိရောက်မှုဖြစ်စေမယ့် ​ခေါင်​း​လျော်​ရည​်​​ပေးပါလိမ်​့မယ်​။ ဒါမှမဟုတ်​ ​ရောဂါ​နောက်​တစ်​ခုရှိမရှိ ရှာ​ဖွေပါလိမ်​့ မယ်​။ တစ်​ခါတစ်​ရံ ​ဦး​ရေပြားသန်​​ကောင်​ကလည်း ဒီလိုပုံစံနဲ့ လာနိုင်​တဲ့အတွက်​ မှိုပိုးသတ်​​ဆေးပါတဲ့ ​ခေါင်​း​လျော်​ရည်​နဲ့ ကုသဖို့လိုနိုင်​ပါတယ်​။

 

Dr. Mya Phoo Ngon (www.drmyanmar.com)