/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာဖြစ်တတ်တဲ့-အဆစ်ရောင်ရောဂါ

ကလေးတွေမှာဖြစ်တတ်တဲ့ အဆစ်ရောင်ရောဂါ

Category
ကလေးများနှင့်ကျန်းမာရေး

အဆစ်အမြစ်တွေကိုက်နေတယ် ရောင်တယ်ဆိုတာ လူကြီးတွေတင်မှာတင် ဖြစ်တာမဟုတ်ပါဘူး။ ကလေးငယ်တွေမှာလည်း ဖြစ်နိုင်ပါသတဲ့။ အကြောင်းအရင်းမသိရတဲ့ ကလေးအဆစ်အမြစ်ရောင်ရောဂါဆိုတာ တကယ်ရှိနေပါတယ်။

ကလေးတွေ အဆစ်ရောင်တဲ့အခါ …….

- နီမယ်ပူမယ်နာမယ်

- အကွေးအဆန့်ခက်မယ်.

- မနက်မိုးလင်းတဲ့အခါ တောင့်တင်းနေမယ်

- ဒူးဆစ်နာ လက်ကောက်ဝတ် တွေရောင်မယ်

ကလေးကြီးတွေက အငယ်လေးတွေထက် ပိုခံရသတဲ့။ အငယ်လေးတွေက နိုးတာနဲ့ဆော့လိုက်ပြေးလိုက်နဲ့သွေးပူသွားပေမယ့် ကလေးကြီးတွေကျ ရောင်တာနာတာကို သိသိသာသာ ပိုမိုခံစားနေရတတ်ပါတယ်။

သိပ်ရောင်တဲ့နာတဲ့အခါ ဆရာဝန်က ဆေးတစ်မျိုးပေးပြီး ကုသပါလိမ့်မယ်။ အဆစ်ရောင်တာတွေကျသွားစေပြီး ကိုယ်ခံအားကိုဖိနှိပ်လိုက်တဲ့ဆေးပေါ့။ Methotrexate လို့ခေါ်ပါတယ်။

တကယ်တော့ ကလေးငယ်တွေမှာ အဆစ်အမြစ်ရောင်တာဟာ ဘာကြောင့်မှန်းမသိရသလို ကုသစရာလည်းဆေးတိတိပပမရှိသေးပါဘူး။

အဓိကကတော့ ကုသတယ်ဆိုတာထက် ဒီအဆစ်အမြစ်ရောင်တတ်တဲ့ပြဿနာကို ရင်ဆိုင်ရင်း ကျန်းကျန်းမာမာဘယ်လိုနေမလဲဆိုတာကိုသာ အာရုံစိုက်ဖို့  ပညာရှင်များက အကြံပြုထားပါတယ် …

အဆစ်အမြစ်တွေ ရောင်တဲ့အခါ နားခိုင်းတာရေနွေးကပ်တာ အကိုက်အခဲပျောက်ဆေးအပျော့စားတွေနဲ့ ကလေးကို သက်သာအောင်လုပ်ပေးသင့်ပါတယ်။

 ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)

(Unicode)

 







 





