ကလေးတွေမှာ ဖြစ်တတ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအကြောင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ကလေးတွေမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတစ်မျိုးပါ။ ဒီလိုနွေရာသီမှာဆိုရင် ပိုလို့တောင် သတိထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကလေးက ရေသောက်နည်းနေရင် ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ ရှိလို့ပါပဲ။ ဒါ့ကြောင့် ဒီလိုပူပြင်းတဲ့ရာသီဥတုရောက်ရင် ကလေးတွေကို သတိထားပြီး ရေများများ သောက်ခိုင်းဖို့ကို မမေ့ပါနဲ့။
ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင် ကလေးတွေမှာ ဆီးသွားရင် နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် ဒီရောဂါကို မကုဘဲထားရင် ရောဂါပိုးက ကျောက်ကပ်ထိ ပြန့်သွားနိုင်ပြီး မလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါအကြောင်းကို သေသေချာချာသိဖို့ လိုအပ်ပါတယ်။
>> ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ဘာလဲ?
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ ဆီးနှင့်ကျောက်ကပ်အဖွဲ့အစည်းကို ရောဂါပိုးဝင်ရောက်ခြင်း ဖြစ်ပါတယ်။ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှိုရောဂါပိုးတွေ ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးတွေဟာ ဆီးသွားတဲ့လမ်းကြောင်းတစ်လျှောက်ဖြစ်တဲ့ ကျောက်ကပ်၊ ဆီးပြွန်၊ ဆီးအိမ်၊ စတာတွေကို ဝင်ရောက်နိုင်ပါတယ်။
>> ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ
● ဆီးသွားချင်တဲ့အချိန် မသွားဘဲ အောင့်ထားခြင်း
● ရေသောက်နည်းခြင်း
● မွေးရာပါ ဆီးလမ်းကြောင်း ချို့ယွင်းခြင်း
● ဆီးအိမ်ကနေ ကျောက်ကပ်ဆီကို ဆီးတွေ ပြန်စီးသွားခြင်း
● အစာခြေအဖွဲ့အစည်းက ရောဂါပိုးတွေက ဆီးလမ်းကြောင်းကို ကူးစက်ခြင်း
● ဝမ်းချုပ်ခြင်း
>> ကလေးငယ်တွေ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ကြုံရတဲ့ရောဂါလက္ခဏာများ
● ဆီးခဏခဏသွားခြင်း
● ဆီးသွားလျှင် နာကျင်ခြင်း
● ဗိုက်အောင့်ခြင်း
● ချမ်းတုန်ပြီး ဖျားခြင်း
● ခါးနာခြင်း
● ဂျီကျနေခြင်း
● ဆီးသွားတိုင်းငိုခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ဒီရောဂါလက္ခဏာတွေ ဖြစ်လာခဲ့ရင်တော့ သင့်ကလေးကို ဆရာဝန်နဲ့ စောစောစီးစီး သွားရောက် ကုသဖို့ လိုအပ်ပါတယ်။
Biogesic for kids IA 1
>> ကုသခြင်း
ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသရာမှာတော့ ဘက်တီးရီးယားပိုးသတ်ဆေးတွေက အဓိကဖြစ်ပါတယ်။ ဒါ့ကြောင့် ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိတိကျကျသောက်ဖို့၊ ကိုယ့်သဘောနဲ့ကိုယ် ဆေးမရပ်လိုက်ဖို့ အရေးကြီးပါတယ်။
● ဘက်တီးရီးယားပိုးသတ်ဆေး စနစ်တကျသောက်ခြင်း
● အရည်ရွှမ်းသောသစ်သီးများ၊ ရေများများသောက်ခြင်း ကတော့ အဓိကကုသတဲ့နည်းလမ်းတွေ ဖြစ်ပါတယ်။
>> ကာကွယ်ခြင်း
● ကလေးတွေကို ဆီးသွားချင်တဲ့အချိန် အောင့်မထားဖို့ သင်ပေးပါ။
● ရေများများသောက်ဖို့၊ ကျောင်းမှာလည်း ဆီးသွားချင်ရင် ဆရာမကို ပြောဖို့၊ မကြောက်ဖို့ သင်ပေးပါ။
● ကလေးတွေကို အသားတွေ၊ သရေစာတွေအပြင် အသီးအနှံတွေကိုလည်း များများစားဖို့ တိုက်တွန်းပါ။
● မိန်းကလေးများကို ဝမ်းသွားပြီးတိုင်း သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့ကနေအနောက်ကိုသာ သုတ်ရန် သင်ကြားပေးပါ။
● လေဝင်လေထွက်ကောင်းပြီး ကြပ်မနေတဲ့ အတွင်းခံများကိုသာ ဝတ်ဆင်ပေးပါ။
● ကလေးသေးခံများကိုလည်း မကြာခဏ လဲလှယ်ပေးပါ။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်တဲ့အခါ ဆေးကုသလို့ ပျောက်ကင်းနိုင်တယ် ဆိုပေမယ့် ဘက်တီးရီးယား ပိုးသတ်ဆေးတွေ၊ တခြားဆေးတွေလည်း သောက်ရတဲ့အတွက် ကလေးတွေကို ဆေးတိုက်ရာမှာ အခက်အခဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးကြောင့် မလိုလားအပ်တဲ့ဆိုးကျိုးတွေလည်း တချို့ကလေးတွေမှာ ကြုံနိုင်တဲ့အတွက် အပေါ်မှာ ပြောပြခဲ့တဲ့ ကာကွယ်နည်းတွေနဲ့ ကလေးတွေကို ဆီးလမ်းကြောင်းပိုးဝင်ခြင်းကနေ ကာကွယ်ကြပါ။
ဒေါက်တာအောင် (www.drmyanmar.com)
Biogesic for kids IA 2
(Zawgyi)
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းဆိုတာ ကေလးေတြမွာ ျဖစ္ေလ့ရွိတဲ့ ေရာဂါတစ္မ်ိဳးပါ။ ဒီလိုေႏြရာသီမွာဆိုရင္ ပိုလို႔ေတာင္ သတိထားသင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးက ေရေသာက္နည္းေနရင္ ဆီးလမ္းေၾကာင္းပိုးဝင္ႏိုင္ေျခ ရွိလို႔ပါပဲ။ ဒါ့ေၾကာင့္ ဒီလိုပူျပင္းတဲ့ရာသီဥတုေရာက္ရင္ ကေလးေတြကို သတိထားၿပီး ေရမ်ားမ်ား ေသာက္ခိုင္းဖို႔ကို မေမ့ပါနဲ႔။
ဆီးလမ္းေၾကာင္းပိုးဝင္ၿပီဆိုရင္ ကေလးေတြမွာ ဆီးသြားရင္ နာက်င္ျခင္း၊ ဗိုက္ေအာင့္ျခင္းေတြကို ခံစားရႏိုင္ပါတယ္။ ဒါ့အျပင္ ဒီေရာဂါကို မကုဘဲထားရင္ ေရာဂါပိုးက ေက်ာက္ကပ္ထိ ျပန္႔သြားႏိုင္ၿပီး မလိုလားအပ္တဲ့ဆိုးက်ိဳးေတြျဖစ္လာႏိုင္တဲ့အတြက္ ဒီေရာဂါအေၾကာင္းကို ေသေသခ်ာခ်ာသိဖို႔ လို္အပ္ပါတယ္။
>> ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းဆိုတာ ဘာလဲ?
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းဆိုတာ ဆီးႏွင့္ေက်ာက္ကပ္အဖြဲ႕အစည္းကို ေရာဂါပိုးဝင္ေရာက္ျခင္း ျဖစ္ပါတယ္။ ဘက္တီးရီးယား၊ ဗိုင္းရပ္စ္၊ မႈိေရာဂါပိုးေတြ ျဖစ္ႏိုင္ပါတယ္။ ဒီေရာဂါပိုးေတြဟာ ဆီးသြားတဲ့လမ္းေၾကာင္းတစ္ေလွ်ာက္ျဖစ္တဲ့ ေက်ာက္ကပ္၊ ဆီးႁပြန္၊ ဆီးအိမ္၊ စတာေတြကို ဝင္ေရာက္ႏိုင္ပါတယ္။
>> ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ျဖစ္ေစတဲ့ အေၾကာင္းအရင္းမ်ား
● ဆီးသြားခ်င္တဲ့အခ်ိန္ မသြားဘဲ ေအာင့္ထားျခင္း
● ေရေသာက္နည္းျခင္း
● ေမြးရာပါ ဆီးလမ္းေၾကာင္း ခ်ိဳ႕ယြင္းျခင္း
● ဆီးအိမ္ကေန ေက်ာက္ကပ္ဆီကို ဆီးေတြ ျပန္စီးသြားျခင္း
● အစာေျခအဖြဲ႕အစည္းက ေရာဂါပိုးေတြက ဆီးလမ္းေၾကာင္းကို ကူးစက္ျခင္း
● ဝမ္းခ်ဳပ္ျခင္း
>> ကေလးငယ္ေတြ ဆီးလမ္းေၾကာင္းပိုးဝင္တဲ့အခါ ႀကဳံရတဲ့ေရာဂါလကၡဏာမ်ား
● ဆီးခဏခဏသြားျခင္း
● ဆီးသြားလွ်င္ နာက်င္ျခင္း
● ဗိုက္ေအာင့္ျခင္း
● ခ်မ္းတုန္ၿပီး ဖ်ားျခင္း
● ခါးနာျခင္း
● ဂ်ီက်ေနျခင္း
● ဆီးသြားတိုင္းငိုျခင္း စတာေတြပဲ ျဖစ္ပါတယ္။
ဒီေရာဂါလကၡဏာေတြ ျဖစ္လာခဲ့ရင္ေတာ့ သင့္ကေလးကို ဆရာဝန္နဲ႔ ေစာေစာစီးစီး သြားေရာက္ ကုသဖို႔ လိုအပ္ပါတယ္။
>> ကုသျခင္း
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကို ကုသရာမွာေတာ့ ဘက္တီးရီးယားပိုးသတ္ေဆးေတြက အဓိကျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေဆးေတြကို ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း တိတိက်က်ေသာက္ဖို႔၊ ကိုယ့္သေဘာနဲ႔ကိုယ္ ေဆးမရပ္လိုက္ဖို႔ အေရးႀကီးပါတယ္။
● ဘက္တီးရီးယားပိုးသတ္ေဆး စနစ္တက်ေသာက္ျခင္း
● အရည္ရႊမ္းေသာသစ္သီးမ်ား၊ ေရမ်ားမ်ားေသာက္ျခင္း ကေတာ့ အဓိကကုသတဲ့နည္းလမ္းေတြ ျဖစ္ပါတယ္။
>> ကာကြယ္ျခင္း
● ကေလးေတြကို ဆီးသြားခ်င္တဲ့အခ်ိန္ ေအာင့္မထားဖို႔ သင္ေပးပါ။
● ေရမ်ားမ်ားေသာက္ဖို႔၊ ေက်ာင္းမွာလည္း ဆီးသြားခ်င္ရင္ ဆရာမကို ေျပာဖို႔၊ မေၾကာက္ဖို႔ သင္ေပးပါ။
● ကေလးေတြကို အသားေတြ၊ သေရစာေတြအျပင္ အသီးအႏွံေတြကိုလည္း မ်ားမ်ားစားဖို႔ တိုက္တြန္းပါ။
● မိန္းကေလးမ်ားကို ဝမ္းသြားၿပီးတိုင္း သန႔္ရွင္းေရးလုပ္တဲ့အခါ အေရွ႕ကေနအေနာက္ကိုသာ သုတ္ရန္ သင္ၾကားေပးပါ။
● ေလဝင္ေလထြက္ေကာင္းၿပီး ၾကပ္မေနတဲ့ အတြင္းခံမ်ားကိုသာ ဝတ္ဆင္ေပးပါ။
● ကေလးေသးခံမ်ားကိုလည္း မၾကာခဏ လဲလွယ္ေပးပါ။
ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းျဖစ္တဲ့အခါ ေဆးကုသလို႔ ေပ်ာက္ကင္းႏိုင္တယ္ ဆိုေပမယ့္ ဘက္တီးရီးယား ပိုးသတ္ေဆးေတြ၊ တျခားေဆးေတြလည္း ေသာက္ရတဲ့အတြက္ ကေလးေတြကို ေဆးတိုက္ရာမွာ အခက္အခဲျဖစ္ႏိုင္ပါတယ္။ ဒါ့အျပင္ ေဆးေၾကာင့္ မလိုလားအပ္တဲ့ဆိုးက်ိဳးေတြလည္း တခ်ိဳ႕ကေလးေတြမွာ ႀကဳံႏိုင္တဲ့အတြက္ အေပၚမွာ ေျပာျပခဲ့တဲ့ ကာကြယ္နည္းေတြနဲ႔ ကေလးေတြကို ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းကေန ကာကြယ္ၾကပါ။
ေဒါက္တာေအာင္ (www.drmyanmar.com)






























