ကလေးတွေမှာ သတိထားရမယ့် နမိုးနီးယား အဆုတ်ရောင်ရောဂါ
နမိုးနီးယား (ခေါ်) အဆုတ်ရောင်ရောဂါဟာ ရောဂါပိုးကြောင့် အဆုတ်ရဲ့လေအိတ်လေးတွေက ရောင်ရမ်းလာပြီး ဆိုးလာရင် ပြည်တွေ၊ အရည်တွေနဲ့ ပြည့်လာတာမျိုးကို ခေါ်ပါတယ်။ ချောင်းဆိုးတာ၊ ဖျားတာ၊ အသက်ရှုခက်တာ စတဲ့ လက္ခဏာတွေနဲ့ လာတတ်ပါတယ်။ သူ့ကို ဖြစ်စေနိုင်တဲ့ပိုးမွှားတွေက အများကြီး ရှိပါတယ်။
>> သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ
အဖြစ်များဆုံးကတော့ ဗိုင်းရပ်စ်ကြောင့်ပါ။ ဘက်တီးရီးယားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မှိုပိုးတွေကြောင့်လည်း ဖြစ်နိုင်သလို အရမ်းသေးငယ်တဲ့ ပိုးမွှားလေးတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေ ဖုန်တွေ၊ တချို့ အငွေ့တွေ၊ အရည်တွေ ရှုမိရာကလည်း ဖြစ်ပါသေးတယ်။
Biogesic for kids IA 1
>> ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပိုးမွှားကြောင့်လည်း ဖြစ်နိုင်
တချို့ဗိုင်းရပ်တွေ၊ ဘက်တီးရီးယားတွေဟာ နှာခေါင်းနဲ့ လည်ချောင်းထဲမှာ ပုံမှန်နေကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်ခံအားက သူတို့ကို အဆုတ်ထဲမရောက်အောင် တားထားပါတယ်။ ကိုယ်ခံအားက အားနည်းနေတဲ့အချိန်၊ တခြားရောဂါကို တိုက်ထုတ်နေရတဲ့အချိန်တွေမှာ ရောဂါပိုးတွေက အဆုတ်ထဲရောက်သွားပြီး နမိုးနီးယားကို ဖြစ်စေပါတယ်။ အသက်ကြီးလာရင်လည်း ကိုယ်ခံအားမကောင်းတော့လို့ ဖြစ်တတ်ပါသေးတယ်။
>> ကလေးငယ်လေးတွေမှာဖြစ်ရင် အသက်အန္တရာယ် ရှိပါတယ်
အသက် ၅ နှစ်အောက် ကလေးတွေမှာ တခြားရောဂါတွေထက် နမိုးနီးယားကြောင့် သေဆုံးနှုန်း ပိုများပါတယ်။ အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံက အာဟာရချို့တဲ့ တဲ့ ကလေးတွေပါ။ ပြီးတော့ မီးမွှေးပြီး ချက်ပြုတ်တဲ့အိမ်တွေ၊ မီးလှုံတဲ့အိမ်တွေဆိုရင် လေထုက ညစ်ညမ်းလို့ ပိုဆိုးပါတယ်။ အိမ်မှာ လူများရင်၊ ဆေးလိပ်သောက်တဲ့လူရှိရင် ပိုပြီး အဖြစ်များပါတယ်။
Biogesic for kids IA 2
>> မိခင်နို့တိုက်တာက ကာကွယ်ပေးနိုင်ပါတယ်
မွေးကင်းစ ၆ လမှာ မိခင်နို့ပဲ တိုက်တာက နမိုးနီးယားကို ကာကွယ်ပေးပါတယ်။ ဖြစ်ခဲ့ရင်တောင် အရမ်းမဆိုး၊ မကြာစေပါဘူး။ မိခင်နို့ဟာ ကလေးရဲ့ကိုယ်ခံအားကို ကောင်းစေပါတယ်။ မိခင်နို့မှာပါတဲ့ ဓာတ်တစ်မျိုးက နမိုးနီးယား ဖြစ်စေတဲ့ ပိုးမွှားတွေ ကလေးရဲ့ လည်ချောင်း၊ နှာခေါင်းနဲ့ အဆုတ်မှာ ပေါက်ဖွားတာကို ကာကွယ်ပေးပါတယ်။
>> တုပ်ကွေးကာကွယ်ဆေး ထိုးတာကလည်း ကာကွယ်နိုင်ပါတယ်
တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်ဟာ နမိုးနီးယားကိုလည်း အဖြစ်နိုင်ဆုံးပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကူးစက်လွယ်ပါတယ်။ ဒါကြောင့် နှစ်တိုင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။ တုပ်ကွေးဖြစ်တိုင်း နမိုးနီးယား ဖြစ်တဲ့အဆင့် မရောက်ပေမယ့် ဖြစ်ခဲ့ရင်လည်း ပြင်းထန်ပါတယ်။
Dr. Htar (www.drmyanmar.com)






























