/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-သွေးတိုးတတ်သလား

ကလေးတွေမှာ သွေးတိုးတတ်သလား

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးတွေမှာသွေးပေါင်ချိန်ဘယ်လောက်ဆိုရင် သွေးတိုးနေတယ်လို့ သတ်မှတ်ချက်မရှိပါဘူး။ အသက်တူ၊ လိင်တူပြီးတော့ အရပ်တူတဲ့ ကလေး 95%  လောက်ရဲ့သွေးပေါင်ချိန်ထက်မြင့်တက်နေတာကို ကလေးတွေမှာ သွေးတိုးတယ်လို့ခေါ်ပါတယ်။

အသက် ၁၀ နှစ်အောက်ကလေးတွေမှာ သွေးတိုးတာက အခြားကျန်းမာရေးပြသနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အဝလွန်ခြင်း၊ ကျန်းမာရေးနှင့်မညီညွတ်သောအစားအစာများစားသုံးခြင်းနဲ့ လေ့ကျင့်ခန်းမလုပ်ခြင်းစတဲ့ လူကြီးတွေမှာသွေးတိုးစေတဲ့အကြောင်းအရင်းတွေကြောင့်လည်း ကလေးတွေမှာသွေးတိုးနိုင်ပါတယ်။

တစ်ချို့ကလေးတွေမှာ နှလုံးကျန်းမာစေတဲ့အစားအစာတွေစားသုံးခြင်း၊ လေ့ကျင့်ခန်းပိုလုပ်ခြငး်စတဲ့ နေထိုင်မှုပုံစံအပြောင်းအလဲတွေကြောင့် သွေးပေါင်ချိန်ကိုလျော့ကျစေနို်င်ပေမယ့်လည်း အချို့ကလေးတွေအတွက်ကျတော့ ဆေးဝါးနဲ့ ကုသမှုခံယူဖို့လိုအပ်ပါတယ်။

>> ရောဂါလက္ခဏာများ

ကလေးတွေမှာသွေးတိုးတာက လက္ခဏာပြလေ့မရှိပါဘူး။

>> ဘယ်အချိန်မှာဆရာဝန်သွားပြမလဲ

ကလေးမှာ နောက်ခံကျန်းမာရေးပြသနာတစ်ခုခုမရှိဘူးဆိုရင် ဆရာဝန်ဆီသွေးပေါင်ချိန်ဖို့ သပ်သပ်သွားစရာမလိုပါဘူး။ ဒါပေမယ့်လည်း တခြားအကြောင်းတစ်ခုခုနဲ့ဆေးခန်းသွားပြရရင်တော့ ကလေး ၃ နှစ်အရွယ်ကတည်းက သွေးပေါင်ချိန်လည်းတိုင်းဖို့လိုပါတယ်။ ကလေးမှာသွေးတိုးနေတယ်လို့တွေ့ရရင် ဆေးခန်းသွားတိုင်းသွေးတိုင်းကြည့်ရပါမယ်။

ကလေးမှာ လမစေ့ဘဲမွေးခြင်း၊ မွေးဖွားချိန်တွင်ပေါင်မပြည့်ခြင်း၊ မွေးရာပါနှလုံးရောဂါရှိခြင်း၊ ကျောက်ကပ်ပြသနာတွေ စတဲ့ သွေးတိုးစေနို်င်တဲ့အခြေအနေတွေရှိတယ်ဆိုရင်တော့ ကလေးလသားအရွယ်ကတည်းက သွေးပေါင်ချိန်ကိုစစ်ဆေးဖို့လိုပါတယ်။

ဒါ့အပြင် မိဘတွေအနေနဲ့ ကိုယ့်ရဲ့ကလေးက သွေးတိုးနိုင်ချေများစေတဲ့အဝလွန်ခြင်းစတဲ့အချက်တွေရှိတယ်ဆိုရင်တော့ ဆရာဝန်နဲ့သေချာတိုင်ပင်ဆွေးနွေးပေးဖို့လိုပါတယ်။

>> ရောဂါဖြစ်စေသောအကြောင်းအရင်းများ

ကလေးငယ်တွေမှာသွေးတိုးရတဲ့အကြောင်းအရင်းက အများအားဖြင့် နှလုံးချို့ယွင်းခြင်း၊ ကျောက်ကပ်ရောဂါရှိခြင်း၊ မျိုးရိုးဗီဇပြသနာတစ်ခုခုရှိခြင်း၊ ဟော်မုန်းပြသနာရှိခြင်းစတဲ့ အခြားကျန်းမာရေးအခြေအနေတွေနဲ့ဆက်စပ်နေပါတယ်။ အထူးသဖြင့် အဝလွန်နေတဲ့ကလေးကြီးတွေမှာတော့ သွေးတိုးရတဲ့အကြောင်းအရင်းအတိအကျကို မသိတာများပါတယ်။

>> ဖြြစ်နိုင်ချေများသောအချက်များ

ကလေးတွေမှာသွေးတိုးနိုင်ချေက ကလေးရဲ့နောက်ခံကျန်းမာရေးအခြေအနေ၊ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံတွေအပေါ်အများကြီးမူတည်ပါတယ်။

1.Primary Hypertension

ဒါကတော့ တခြားနောက်ခံအကြောင်းအရင်းတစ်ခုခုကြောင့်မဟုတ်ဘဲနဲ့ သူ့ဟာသူသွေးတိုးကိုတိုးနေတာဖြစ်ပါတယ်။ ဒီလိုသွေးတိုးအမျိုးအစားက အသက် ၆ နှစ်နဲ့အထက် ကလေးကြီးတွေမှာဖြစ်တာများပါတယ်။ ဒီလိုသွေးတိုးဖြစ်နိုင်ချေများစေတဲ့အချက်တွေကတော့-

• အဝလွန်ခြင်း

• မိသားစုမျိုးရိုးထဲတွင် သွေးတိုးရောဂါရှိခြင်း

• အမျိုးအစား ၂ ဆီးချိုရောဂါ (သို့) အစာမစားမီသွေးတွင်းသကြားဓာတ်ပမာဏမြင့်မားခြင်း

• သွေးတွင်း ကိုလက်စရောဓာတ်နှင့် triglycerides များမြင့်မားခြင်း

2.Secondary Hypertension

ဒါကတော့ နောက်ခံကျန်းမာရေးပြသနာတစ်ခုခုကြောင့်သွေးတိုးတာပါ။ ကလေးငယ်တွေမှာအြဖ်စများပြီးတော့ ဖြစ်စေတဲ့အကြောင်းအရင်းတွေကတော့-

• နာတာရှည်ကျောက်ကပ်ရောဂါ

• ကျောက်က်ပတွင်ရေအိတ်များစွာရှိသောရောဂါ

• နှလုံးပြသနာများ

• Adrenal ဂလင်းပြသနာ

• သိုင်းရွိုက်များခြင်း

• Pheochromocytoma ဟုခေါ်သောရှားပါးကင်ဆာတစ်မျိုါ်

• ကျောက်ကပ်သွေးကြောကျဉ်းခြင်း

• အိပ်ပျော်နေစဉ်အသက်ရှူရပ်ခြင်းကဲ့သို့သောအိပ်စက်ခြင်းဆိုင်ရာပြသနာများ

• နှာပိတ်ခြင်းအတွက်ဆေးများ၊ စတီးရွိုက်စသောဆေးဝါးများ

>> နောက်ဆက်တွဲဆိုးကျိုးများ

သွေးတိုးတဲ့ကလေးတွေကို မကုဘဲထားမယ်ဆိုရင် အသက်ကြီးလာရင်လညး် သွေးတိုးဆက်ရှိနေပါလိမ့်မယ်။

ကလေးတွေမှာသွေးတိုးခြင်းကြောင့်ဖြစ်လေ့ရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတစ်ခုကတော့ အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်သွားတဲ့ပြသနာဖြစ်ပါတယ်။ ဒီပြဿနာရှိတဲ့ကလေးက အိပ်ရင်ဟောက်ရင်ခေါက်မဟောက်ရင် အသက်ရှူပုံမမှန်တာတွေဖြစ်တတ်ပါတယ်။ ဒီတော့ ကလေးအိပ်နေတုန်းမှာဖြစ်တဲ့ အသက်ရှူပြသနာတွေကို သေချာဂရုစိုက်ဖို့လိုပါတယ်။ ဒီပြသနာက အထူးသဖြင့်အဝလွန်တဲ့ကလေးတွေမှာအဖြစ်များပါတယ်။

ကလေးဘဝမှာဖြစ်တဲ့သွေးတိုးက လူကြီးအထိပါသွားမယ်ဆိုရင်

• လေဖြတ်ခြင်း

• နှလုံးတိုက်ခိုက်ခံရခြင်း

• နှလုံးပျက်စီးခြင်း

• ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်ချေများပါတယ်။

>> ကာကွယ်ခြင်း

နောက်ခံအခြေအနေတစ်ခုခုကြောင့်သွေးတိုးတယ်ဆိုရင် ဒီပြသနာကိုသေချာထိန်းချုပ်နို်င်မယ်ဆိုရင် သွေးတိုးတာကိုထိန်းချုပ်နို်ငသလို ကာကွယ်ပြီးသားလည်းဖြစ်သွားပါမယ်။ ကလေးကိုယ်အလေးချိန်ကိုထိန်းနို်င်မယ့် နေထိုင်မှုပုံစံအပြောင်းအလဲတွေ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကျေွးမယ် ကလေးကိုလေ့ကျင့်ခန်းလုပ်ဖို့ အားပေးတိုက်တွန်းမယ်ဆိုရင် ကလေးမှာသွေးတိုးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါလိမ့်မယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)

 




>> ရောဂါလက်ခဏာမြား

ကလေးတှမှောသှေးတိုးတာက လက်ခဏာပွလေ့မရှိပါဘူး။









1.Primary Hypertension






2.Secondary Hypertension





















Dr. Mya Myo Myo Swe (www.drmyanmar.com)