/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-အကြောဆွဲတယ်ဆိုတာ-ဘာကြောင့်လဲ

ကလေးတွေမှာ အကြောဆွဲတယ်ဆိုတာ ဘာကြောင့်လဲ

Category
ကလေးများနှင့်ကျန်းမာရေး

     Tics Syndrome ဆိုတာဟာ ကြွက်​သား​တွေ၊ အသံ​တွေ ရုတ်​တရက်​ ထပ်​ခါထပ်​ခါ အ​ကြောလိုက်​တဲ့​ရောဂါတစ်​ခုဖြစ်​ပြီး တစ်​ခါဖြစ်​ရင်​ အချိန်​အပိုင်​းအခြားတစ်​ခု ကြာတတ်​ပါတယ်​။ အသက်​ ၁၈ နှစ်​​အောက်​က​လေး​တွေမှာ ဖြစ်​​တတ်​ပြီး ​ကျောင်​း​နေက​လေး​တွေရဲ့ ၂၀%မှာ​တွေ့နိုင်​ပါတယ်​။ က​လေးတစ်​​ယောက်​နဲ့​တစ်​​ယောက်​ ​ရောဂါဆိုးရွားပုံးချင်​း မတူတတ်​ပါဘူး။

    ၁၁နှစ်​မှ၁၂နှစ်​​လောက်​မှာ ပိုဆိုးတတ်​ပြီး အပျို၊လူပျို​ပေါ်ဝင်​တဲ့အခါ သက်​သာလာတတ်​ပါတယ်​။ ဒါ​ပေမယ်​့ တစ်​ချို့လူ​တွေမှာ​တော့ ကြီး​ကောင်​ဝင်​ချိန်​မှာလည်​း ခံစားရတတ်​ပါတယ်​။

     အ​ကြောဆွဲတတ်​တဲ့က​လေး​တွေမှာ အခြား​ရောဂါ​တွေလည်​း ​တွဲဖြစ်​တတ်ကြပါတယ်​။ အာရုံစူးစိုက်​မရဂနာမငြိမ်​တဲ့​ရောဂါ(attntion deficit hyperactivity disorder)၊ အစွဲအလန်​းလွန်​​ရောဂါ(obsessive compulsive disorder)၊ စိတ်​အပူပန်​လွန်​​ရောဂါနဲ့ ဉာဏ်​ရည်​မမှီတာ​တွေလည်​း ဖြစ်​တတ်​ပါတယ်​။

 

>> အ​ကြောဆွဲခြင်​းရဲ့လက္ခဏာရပ်​များ

 

      တစ်​​ယောက်​နဲ့တစ်​​ယောက်​ ​​ရောဂါဖြစ်​တဲ့ အကြိမ်​​ရေ၊ ပမာဏနဲ့ ကြာရှည်​ချိန်​​တွေ မတူတတ်​ကြပါဘူး။ ရိုးရိုးအ​ကြောဆွဲခြင်​းနဲ့ ​ပေါင်​းစပ်​အ​ကြောဆွဲခြင်​းရယ်​လို့လညး်​ နှစ်​မျိုးရှိပါ​သေးတယ်​။

 

ရိုးရိုးအ​ကြောဆွဲခြင်​းဟာ ခဏတာမျှသာဖြစ်​ပြီး အသံ သို့မဟုတ်​ ကြွက်​သားအုပ်​စု​တွေမှာ ဖြစ်​နိုင်​ပါတယ်​။

 

အသံအ​ကြောဆွဲတဲ့က​လေး​တွေမှာ

• သက်​ပြင်​းချခြငး်​

• ​ချောင်​းဆိုးခြင်​း

• တစ်​အင်​့အင်​့ဖြစ်​ခြင်​း

• ငြီးခြင်း၊ ​အော်​ခြင်​းစတဲ့အခြား အသံများ စတဲ့လက္ခဏာ​တွေနဲ့ လာပါတယ်​။ 

Nutroplex 1

ကြွက်​သားအ​ကြောဆွဲတဲ့က​လေး​တွေမှာ

• မျက်​​တောင်​ခတ်​ခြင်​း

• နှာ​ခေါင်​းရှုံ့ချီပွချီဖြစ်​ခြင်​း

• ပုခုံးကျုံ့ခြင်​း

• ​ခေါင်​းလှုပ်​ခါခြင်​း

• ပါးရိုးလှုပ်​ရှားခြင်​းစတဲ့လက္ခဏာ​တွေနဲ့ လာနိုင်​ပါတယ်​။

 

​ပေါင်​းစပ်​အ​ကြောဆွဲခြင်​းဟာ ပိုမိုကြာမြင်​့တတ်​ပြီး အ​ကြောဆွဲခြင်​းမျိုးစုံ​ပေါင်​းဖြစ်​တတ်​ပါတယ်​။ အသံအ​ကြောဆွဲသူ​တွေမှာ ​ပြော​နေတဲ့စကားနဲ့မဆိုင်​တဲ့ စကားလုံး​တွေ၊ စာ​ကြောင်​း​တွေကို ထပ်​ခါထပ်​ခါ​ပြော​နေတာမျိုး ဖြစ်​တတ်​ပါတယ်​။ သူကိုယ်​တိုင်​​ပြော​နေတဲ့ စကားကိုဖြစ်​​စေ၊ အခြားလူတစ်​ဦးဦးရဲ့ စကားကို ထပ်​ခါထပ်​ခါ ​ပြော​နေနိုင်​ပါတယ်​။ ​ပြောတဲ့အခါမှာလည်​း ပုံမမှန်​တဲ့ပုံစ ံသို့မဟုတ်​ ​ပြော​နေရင်​းနဲ့ တအင်​့အင်​့မြည်​တတ်​တာမျိုး ဖြစ်​တတ်​ပါတယ်​။

 

ကြွက်​သားအ​ကြောဆွဲတဲ့က​လေး​တွေမှာ မျက်​တာင်​ခတ်​တာ၊ ​ခေါင်​းတစ်​ဆတ်​ဆတ်​တုန်​တာ၊ ပုခုံးတွန်​့တာစတဲ့ အ​ကြောဆွဲနည်​း​တွေ စု​ပေါင်​းပြီးအစဉ်​လိုက်​ ဖြစ်​တတ်​ပါတယ်​။ ထခုန်​တာ၊ ခုန်​ဆွခုန်​ဆွလုပ်​​နေတာ၊ အခြားမလုပ်​သင်​့တာ​တွေ လုပ်​​နေတာစတဲ့ လှုပ်​ရှားမှု​တွေနဲ့ လာတတ်​ကြပြီး တမင်​လုပ်​တယ်​လို့ ထင်​တတ်​ကြပါတယ်​။ အချို့​ရောဂါသည်​​တွေမှာ က​လေးဟာ အခြားလူကြီးတစ်​​ယောက်​ရဲ့ အပြုအမူ​တွေကို အတုယူပြုလုပ်​တတ်​ကြပါတယ်​။

 

>> ဖြစ်​ရတဲ့အ​ကြောင်​းရင်​းများ

 

     ဘာ​ကြောင်​့အ​ကြောဆွဲတယ်​ဆိုတာ အတိအကျ​တော့မသိရ​သေးပါဘူး။ အ​ကြောင်​းရင်​းတစ်​ခုထက်​မက ရှိ​နေနိုင်​ပါတယ်​။ ​လေ့လာသူ​တွေက​တော့ ပတ်​ဝန်​းကျင်​နဲ့​ရော မျိုးရိုးဗီဇနဲ့ပါ ဆက်​ဆိုင်​​နေလိမ်​့မယ်​လို့ ယူဆကြပါတယ်​။ မတည်​့တဲ့အရာများ၊ ဆပ်​ပြာရည်​၊ဆပ်​ပြာမှုန်​့​စတဲ့​ပစ္စညး်​​တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်​း​တွေနဲ့ ရုပ်​ရှင်​​တွေ၊ဂိမ်​း​တွေမှာ ပါတဲ့ အကြမ်​းပတမ်​း​အပြုအမူ​တွေ​က က​လေး​တွေမှာ အ​ကြောဆွဲခြင်​းကို ဖြစ်​​စေနိုင်​တယ်​လို့ ထင်​မြင်​ကြပါတယ်​။

     အချို့​လေ့လာသူ​တွေက​တော့ က​လေး​တွေရဲ့အ​ကြောဆွဲ​ရောဂါစုဟာ မျိုးရိုးဗီဇနဲ့ဆိုင်​တယ်​လို့ ဆိုကြသလို အချို့ကလည်​း ဦး​နှောက်​ထဲပုံမမှန်​မှု​တွေ၊အာရုံ​ကြောဆက်​သွယ်​ပစ္စည်​း​တွေ​ကြောင်​့ ဖြစ်​ရတယ်​လို့လည်​း ဆိုကြပါတယ်​။ ဒါ့အပြင်​ ​ရောဂါ​တွေဖြစ်​တဲ့ ​လေဖြတ်​ခြင်​း၊ ခန္ဓာကိုယ်​တွင်​းအဆိပ်​​တောက်​​တွေများလာခြင်​း၊ ​ခေါင်​းကိုထိခိုက်​မိခြင်​း၊ ခွဲစိတ်​ခြင်​းနဲ့ ​ရောဂါပိုးမွား​တွေ​ကြောင်​့လည်​း ဖြစ်​နိုင်​တယ်​လို့ သိရပါတယ်​။

     ဦး​နှောက်​ဆုတ်​ယုတ်​တဲ့​ရောဂါ​တွေဖြစ်​တဲ့ Huntingtonအ​ကြောဆွဲ​ရောဂါ၊ ​neuroacanthocytosisဆိုတဲ့ ဦး​နှောက်​နဲ့အာရုံ​ကြော​ရောဂါစု​တွေနဲ့ Creutzfeldt-Jakob​ဆိုတဲ့ နွားရူး​ရောဂါစတာ​တွေဟာလည်​း က​လေး​တွေမှာ အ​ကြောဆွဲ​ရောဂါကို ဖြစ်​​စေနိုင်​ပါတယ်​။

     က​လေး​တွေမှာအ​ကြောဆွဲ​ရောဂါဟာ ​အောက်​ပါအ​ခြေအ​နေ​တွေ​မှာ ရတတ်​ပါတယ်​။

• ​မွေးစဉ်​အခါကပြဿနာ​တွေရှိခဲ့ခြင်​း

• ကိုယ်​ဝန်​​ဆောင်​စဉ်​မိခင်​အရက်​၊​ဆေးလိပ်​​သောက်​ခြင်​း

• ​မွေးခါစက​လေး​ပေါင်​ချိန်​နည်​းခြင်​း

• GroupA beta-haemolytic streptococciလို့​ခေါ်တဲ့ ​ရောဂါပိုးဝင်​​ရောက်​ခြင်​း (​လေ့လာဆဲ)

Nutroplex 2

>> ​ရောဂါရှာ​ဖွေခြင်​း

 

     အ​ကြောဆွဲ​ရောဂါဟာ ဓာတ်​မတည်​့တဲ့အခါဖြစ်​တဲ့ နှာ​ခေါင်​းပွချီရှုံ့ချီလုပ်​ခြင်​း၊ နှာ​ချေခြင်​း၊ ​ချောင်​းဟန်​့ခြင်​း စတဲ့လက္ခဏာ​တွေနဲ့လာတာ​ကြောင်​့ ရှာရခက်​တတ်​ပါတယ်​။ ကိုယ်​ခန္ဓာကိုစမ်​းသပ်​ခြင်​း၊ ဦး​နှောက်​နဲ့အာရုံ​ကြောကိုစမ်​းသပ်​ခြင်​း၊ အ​ကြောဆွဲခြင်​းကိုဖြစ်​​စေနိုငိတဲ့ က​လေးရဲ့​နောက်​ခံ​ရောဂါရာဇဝင်​ကို​မေးမြန်​း​ဖော်​ထုတ်​ခြင်​း စတာ​တွေပြုလုပ်​ပြီးမ​ှ ရှာ​တေ့ွတတ်​ပါတယ်​။

​1. ရောဂါစဖြစ်​တဲ့အချိန်​​(အများအားဖြင်​့ ၁၈နှစ်​မပြည်​့မီဖြစ်​တတ်​ပါတယ်​။)

2. အ​ကြောဆွဲတာဘယ်​​လောက်​ထိဆိုးသလဲ?

3. ကြာချိန်​

4. ဘာအမျိုးအစားလဲ: အသံ သို့မဟုတ်​ ကြွက်​သား စတဲ့​မေးခွန်​း​တွေကို ဆရာဝန်​က​မေး​လေ့ရှိပါတယ်​။

  က​လေးဟာ ခဏတစ်​ဖြုတ်​သာ အ​ကြောဆွဲတတ်​ပြီး အနည်​းဆုံး၁လခန်​့နဲ့ တစ်​နှစ်​ထက်​မပိုခဲ့ရင်​ ယာယီအ​ကြောဆွဲ​ရောဂါစုလို့​ခေါ်ပြီး ပိုကြာကြာဆွဲတတ်​ပြီး တစ်​နှစ်​ထက်​ပိုကြာခဲ့ရင်​ နာတာရှည်​အ​ကြောဆွဲ​ရောဂါစုလို့​ခေါ်ပါတယ်​။ အ​ကြောဆွဲ​ရောဂါစုကို Tourette syndromeလို့​ခေါ်တဲ့ တစ်​နှစ်​ထက်​ကြာ​တောက်​​လျောက်​ အသံ​ရောကြွက်​သား​တွေ​ရော အ​ကြောဆွဲတဲ့​ရောဂါနဲ့ မှားတတ်​ကြပါတယ်​။

 

>> ကုသနည်​း

 

     က​လေးရဲ့​နေ့စဉ်​ဘဝကို ထိခိုက်​မှုမရှိခဲ့ရင်​၊ သို့မဟုတ်​ ဆိုးဆိုးရွားရွားအ​ကြောဆွဲတာမျိုးမရှိခဲ့ရင်​ ကုသစရာမလိုအပ်​ပါဘူး။ ကုသနည်​း​တွေက​တော့

 

၁။ သိစိတ်​အပြုအမူ​ပြောင်​းလဲကုထုံး

 

     အ​ကောင်​းဆုံးကုသနည်​းတစ်​ခုဖြစ်​ပြီး အ​ကြောမဆွဲမီ ဖြစ်​လာတဲ့ စိတ်​ခံစားချက်​ကို အထူးပြုပြီး အကျင်​့ကို​ပြောင်​းလိုက်​တဲ့ ကုသနည်​းမျိုး ဖြစ်​ပါတယ်​။ ဘာ​တွေက အ​ကြောဆွဲ​စေသလဲဆိုတာကိုသိရတာနဲ့ ကုထုံးဆရာက က​လေးကို သိပ်​မသိသာတဲ့ အ​ကြောဆွဲပုံမျိုးဖြစ်​​အောင်​ ကူညီကုသ​ပေးပါတယ်​။

     ဥပမာအားဖြင်​့ နှာ​ခေါင်​းရှုံ့ချီ၊ ပွချီဖြစ်​တဲ့ သို့မဟုတ်​ မျက်​​တောင်​ခတ်​တဲ့ အ​ကြောဆွဲခြငိး​တွေကို အသက်​ပြင်​းပြင်​းရှူ ခြငိး၊ မျက်​လုံးစက္ကန့်​ပိုင်​းမျှ မှိတ်​ခြင်​း စသည်​ဖြင်​့ သိပ်​မသိသာ​အောင်​ ​ပြောင်​းလဲ​ပေးပါတယ်​။ ဒါ့အပြင်​ အသက်​ရှူ ​လေ့ကျင့်​ခန်​းနဲ့ စိတ်​​ပြေ​လျော့နည်​း​တွေက အ​ကြောဆွဲတဲ့ အကြိမ်​အ​ရေအတွက်​ကို ​လျော့ချ​ပေးနိုင်​ပါတယ်​။

 

၂။ ​ဆေးဖြင်​့ကုသခြင်​း​

 

     ဘာ​ကြောင်​့ဖြစ်​ရတယ်​​ပေါ်မူတည်​ပြီး ဆရာ၀န်မှ ​ဆေးဝါးများ ညွှန်ကြားပေးပါတယ်။

 

၃။ ဖြစ်​​စေတဲ့​ရောဂါကိုကုသခြင်း​

 

     အခြား​ရောဂါတစ်​ခုခု​ကြောင်​့ အ​ကြောဆွဲရတယ်​ဆိုရင်​ ဒီ​ရောဂါကိုကုသရုံနဲ့ ​အ​ကြောဆွဲခြင်​းကို သက်​သာ​စေနိုင်​ပါတယ်​။

 

က​လေး​တွေမှာအ​ကြောဆွဲခြင်​းကို သက်​သာ​စေနိုင်​တဲ့ အဓိကကုထုံးက​တော့ ဖြစ်​ရတဲ့အ​ကြောင်​းရင်​းကို ရှာ​ဖွေပြီး ဖယ်​ရှားခြငး်​ပဲဖြစ်​ပါတယ်​။ ဒီလိုဖယ်​ရှားခြင်​းက အ​ကြောဆွဲခြင်​းကို​တောင်​ လုံးဝ​ပျောက်​ကင်​းသွား​စေနိုငိပါလိမ်​့မယ်​။

 

>> အိမ်​မှာဘယ်​လိုဂရုစိုက်​မလဲ?

 

     အများစုမှာ အ​ကြောဆွဲ​ရောဂါစုကို ဘာ​ဆေးမှမလိုပဲ ​ပျောက်​ကင်​း​စေနိုင်​ပါတယ်​။ သတိပြုဖို့က က​လေးဟာ ကိုယ်​တိုင်​တမင်​လုပ်​​နေတာမဟုတ်​ပဲ သူ့အလိုလိုဖြစ်​​နေတဲ့ အာရုံ​ကြော​ရောဂါတစ်​ခုဖြစ်​တယ်​ ဆိုတာပါပဲ။ က​လေးရဲ့အ​ကြောဆွဲခြင်​းအ​ပေါ် တုန်​့ပြန်​မှုကို သတိပြုလိုက်​ခြင်​းဖြင်​့ ​ရောဂါကို​လျော့နည်​း​စေ၊ ​ပျောက်​ကင်​း​စေနိုင်​ပါတယ်​။

     မိဘတွေ လုပ်ပေးရမယ့် အချက်လေးတွေကတော့

 

1. ကလေးကို အိပ်ရေး၀အောင် သိပ်ပေးပါ။

2. ကလေး စိတ်ရှုပ်စေမယ့်၊  စိတ်ဖိစီးစေမယ့်ကိစ္စတွေ မဖြစ်အောင် ရှောင်ကြဉ်ပါ။

3. ကျန်းမာရေး ညီညွတ်အောင် ချက်ပြုတ်ကျေွးမွေးပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)

(Unicode)




 

>> အကွောဆှဲခွငျးရဲ့လက်ခဏာရပျမြား

 


 


 






 







 


 


 


 









 


 







 


 


 


 



 


 


 


 


 


 


 



 




 

Dr. Mya Phoo Ngon (www.drmyanmar.com)