/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-အယားဖုတွေ-ဘာကြောင့်ဖြစ်

ကလေးတွေမှာ အယားဖုတွေ ဘာကြောင့်ဖြစ်

Category
ကလေးများနှင့်ကျန်းမာရေး

●  တစ်ခါတလေမှာ နေရောင်နဲ့ အပူနဲ့ ထိတွေ့လို့ အနီကွက်တွေ၊ အနီရောင်ဖုတွေ၊ အရေကြည်ဖုသေးသေးလေးတွေ ထပြီး ယားလည်းယားတတ်ပါတယ်။ ဒါပေမဲ့ ရက်နည်းနည်းကြာရင် သူ့ဘာသူ ပျောက်သွားပါလိမ့်မယ်။
●  နို့ပွေး (eczema) လို့ခေါ်တဲ့ ယားယံ၊ ခြောက်သွေ့၊ နီရဲတဲ့အကွက်လေးတွေဟာ ဓာတ်မတည့်တာကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။ တစ်ခါတလေ lotion တွေနဲ့ မတည့်တာမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာခဲ့ရင် ဆပ်ပြာအပျော့စားလေးပဲ သုံးပေးပြီး ရေသုတ်တဲ့အခါ ပွတ်မသုတ်ဘဲ ပုတ်ပုတ်ပြီးပဲ သုတ်ပေးပါ။ အစိုဓာတ်ရအောင် cream လေးတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး လိမ်းပေးရပါမယ်။
●  သေးခံတွေ၊ wet tissues တွေနဲ့ မတည့်တဲ့အခါမျိုးမှာလည်း အရေပြားက နီရဲ၊ အရည်ကြည်ဖုတွေ ထလာပြီး ယားယံတာမျိုး ရှိတတ်ပါတယ်။ အဲဒီအခါ သေးခံတွေ၊ wet tissue တွေ သုံးတာရပ်လိုက်ပြီး ဆရာဝန် ညွှန်ကြားတဲ့ cream လေးတွေ လိမ်းပေးပါ။
●  အဝတ်လျှော်တဲ့အခါသုံးတဲ့ အမွှေးရည်တွေ၊ ဆပ်ပြာရည်တွေနဲ့လည်း မတည့်တာမျိုး ရှိနိုင်တာကြောင့် ကလေးရဲ့အဝတ်အစားတွေ၊ အသုံးအဆောင်တွေကိုလျှော်ဖို့ ဓာတ်မတည့်စေတဲ့ပစ္စည်းပါဝင်မှု အနည်းဆုံး ဒါမှမဟုတ် ဆရာဝန် ညွှန်ကြားတဲ့ဆပ်ပြာရည်ကို သုံးပါ။
●  ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်တွေကိုလည်း သတိထားပြီး ရွေးချယ်ဖို့ လိုပါတယ်။

Ceelin Plus 1

●  ကြမ်းတမ်းတဲ့အဝတ်အစားတွေ၊ တချို့အဝတ်အစားအမျိုးအစားတွေကြောင့်လည်း အယားဖုထတာမျိုးတွေ ရှိနိုင်ပါတယ်။
●  Ammonia ပါတဲ့ပစ္စည်းတွေက အရေပြား၊ အဆုတ်တို့ကို ထိခိုက်စေတာကြောင့် ပါဝင်ပစ္စည်းတွေကို သေချာကြည့်ပါ။
●  DEET ပါတဲ့ နေရောင်ကာလိမ်‌ေးဆးတွေကို ရှောင်ပါ။ အသက် ၂ လအောက်ကလေးတွေမှာ DEET ပါတဲ့ပစ္စည်းတွေကို အသုံးမပြုပါနဲ့။
●  ကလေးရှိတယ်ဆိုရင် အိမ်မှာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ မထားပါနဲ့။
ကလေးမှာ အယားဖု၊ အနီစက်တွေ ထွက်လာခဲ့ရင် တခြားအရေပြားရောဂါတွေဖြစ်တဲ့ ရေကျောက်၊ ဝက်သက်၊ ပွေး၊ ဝဲ စတာတွေနဲ့ ခွဲခြားဖို့လိုတဲ့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

Dr. Htar (www.drmyanmar.com)

Ceelin Plus 2

(Zawgyi)

●  တစ္ခါတေလမွာ ေနေရာင္နဲ႔ အပူနဲ႔ ထိေတြ႕လို႔ အနီကြက္ေတြ၊ အနီေရာင္ဖုေတြ၊ အေရၾကည္ဖုေသးေသးေလးေတြ ထၿပီး ယားလည္းယားတတ္ပါတယ္။ ဒါေပမဲ့ ရက္နည္းနည္းၾကာရင္ သူ႔ဘာသူ ေပ်ာက္သြားပါလိမ့္မယ္။
●  ႏို႔ေပြး (eczema) လို႔ေခၚတဲ့ ယားယံ၊ ေျခာက္ေသြ႕၊ နီရဲတဲ့အကြက္ေလးေတြဟာ ဓာတ္မတည့္တာေၾကာင့္ အမ်ားဆုံး ျဖစ္တတ္ပါတယ္။ တစ္ခါတေလ lotion ေတြနဲ႔ မတည့္တာမ်ိဳးေၾကာင့္ ျဖစ္တတ္ပါတယ္။ ဒီလိုျဖစ္လာခဲ့ရင္ ဆပ္ျပာအေပ်ာ့စားေလးပဲ သုံးေပးၿပီး ေရသုတ္တဲ့အခါ ပြတ္မသုတ္ဘဲ ပုတ္ပုတ္ၿပီးပဲ သုတ္ေပးပါ။ အစိုဓာတ္ရေအာင္ cream ေလးေတြကို ဆရာဝန္နဲ႔တိုင္ပင္ၿပီး လိမ္းေပးရပါမယ္။
●  ေသးခံေတြ၊ wet tissues ေတြနဲ႔ မတည့္တဲ့အခါမ်ိဳးမွာလည္း အေရျပားက နီရဲ၊ အရည္ၾကည္ဖုေတြ ထလာၿပီး ယားယံတာမ်ိဳး ရွိတတ္ပါတယ္။ အဲဒီအခါ ေသးခံေတြ၊ wet tissue ေတြ သုံးတာရပ္လိုက္ၿပီး ဆရာဝန္ ၫႊန္ၾကားတဲ့ cream ေလးေတြ လိမ္းေပးပါ။
●  အဝတ္ေလွ်ာ္တဲ့အခါသုံးတဲ့ အေမႊးရည္ေတြ၊ ဆပ္ျပာရည္ေတြနဲ႔လည္း မတည့္တာမ်ိဳး ရွိႏိုင္တာေၾကာင့္ ကေလးရဲ႕အဝတ္အစားေတြ၊ အသုံးအေဆာင္ေတြကိုေလွ်ာ္ဖို႔ ဓာတ္မတည့္ေစတဲ့ပစၥည္းပါဝင္မႈ အနည္းဆုံး ဒါမွမဟုတ္ ဆရာဝန္ ၫႊန္ၾကားတဲ့ဆပ္ျပာရည္ကို သုံးပါ။
●  ဆပ္ျပာရည္၊ ေခါင္းေလွ်ာ္ရည္ေတြကိုလည္း သတိထားၿပီး ေ႐ြးခ်ယ္ဖို႔ လိုပါတယ္။
●  ၾကမ္းတမ္းတဲ့အဝတ္အစားေတြ၊ တခ်ိဳ႕အဝတ္အစားအမ်ိဳးအစားေတြေၾကာင့္လည္း အယားဖုထတာမ်ိဳးေတြ ရွိႏိုင္ပါတယ္။
●  Ammonia ပါတဲ့ပစၥည္းေတြက အေရျပား၊ အဆုတ္တို႔ကို ထိခိုက္ေစတာေၾကာင့္ ပါဝင္ပစၥည္းေတြကို ေသခ်ာၾကည့္ပါ။
●  DEET ပါတဲ့ ေနေရာင္ကာလိမ္‌ေးဆးေတြကို ေရွာင္ပါ။ အသက္ ၂ လေအာက္ကေလးေတြမွာ DEET ပါတဲ့ပစၥည္းေတြကို အသုံးမျပဳပါနဲ႔။
●  ကေလးရွိတယ္ဆိုရင္ အိမ္မွာ ပိုးသတ္ေဆး၊ ေပါင္းသတ္ေဆးေတြ မထားပါနဲ႔။
ကေလးမွာ အယားဖု၊ အနီစက္ေတြ ထြက္လာခဲ့ရင္ တျခားအေရျပားေရာဂါေတြျဖစ္တဲ့ ေရေက်ာက္၊ ဝက္သက္၊ ေပြး၊ ဝဲ စတာေတြနဲ႔ ခြဲျခားဖို႔လိုတဲ့အတြက္ ဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။

Dr. Htar (www.drmyanmar.com)