ကလေးတွေမှာ အသက်ရှူခြင်းဆိုင်ရာပြဿနာများ ဖြစ်စေသောအကြောင်းရင်းများ
သားသားမီးမီးလေးတွေ နှုတ်ခမ်းဟာ ရုတ်တရက် ပြာနှမ်းလာတာမျိုး အသက်ရှူချိန်တိုင်း လေချွန်သံထွက်နေတာမျိုး သတိထားမိနေပြီလား။ ဒါဆိုရင်တော့ အသက်ရှူလမ်းကြောင်းပြဿနာတစ်ခုခု ရှိနေနိုင်တာမို့ မပေါ့ဆသင့်ဘူးနော်။
ဒီဆောင်းပါးလေးမှာတော့ ရင်သွေးလေးတွေမှာ ဖြစ်လေ့ရှိတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။
>> ကလေးများတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ဖြစ်စေတဲ့ အကြောင်းရင်းများ
(၁) တောင်တန်းဒေသတွင် နေထိုင်သူများအတွက် အောက်ဆီဂျင် လုံလောက်စွာမရခြင်း
(၂) အအေးမိခြင်း/အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းကြောင့် နှာခေါင်းပိတ်ခြင်း
(၃) ဖုန်နှင့်လေထုထဲရှိ အရာဝတ္ထုများကြောင့် ဓာတ်မတည့်ခြင်း
(၄) စိုးရိမ်ပူပန်မှု
(၅) အဝလွန်ခြင်း
(၆) အစာ သို့မဟုတ် ပစ္စည်းတစ်ခုခု နင်ခြင်း
(၇) ဖျားခြင်း
(၈) ဆေးလိပ်ငွေ့များ ရှူမိခြင်း
(၉) ပန်းနာရင်ကြပ်၊ နှလုံးရောဂါများ၊ အဆုတ်ရောဂါများ၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းများ ရှိခြင်း
Solmux Kids 1

>> အောက်ပါလက္ခဏာများရှိပါက ဆေးရုံသို့ သွားပါ
● နင်ခြင်း
● လေကိုအငမ်းမရရှူရခြင်း
● အသက်ရှူရင် တရွီရွီမြည်ခြင်း
● ဖျားခြင်း
● ချောင်းဆိုးရင် သွေးပါခြင်း
● အန်ခြင်း
● နှုတ်ခမ်းများပြာခြင်း
● အသက်ရှူတိုင်း နှာခေါင်းပွရှုံ့ပွရှုံ့လုပ်ခြင်း
● အသက်ရှူမြန်ခြင်း
>> ကာကွယ်နည်းများ
● ဓာတ်မတည့်ခြင်းများအတွက် ကလေးအနီးအနားတွင် ဖုန်၊ သဲ၊ ခွေး၊ ကြောင်အမွေးများနှင့် ဓာတ်မတည့်စေသောအရာများကို ဖယ်ရှားပါ။
● ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးပုံမှန်တိုက်ခြင်း၊ ရှူရန်ဆေးများရှိပါက ပုံမှန်ရှူပေးခြင်း ပြုလုပ်ပါ။
● ကလေးကို ကောင်းစွာ အနားယူခိုင်းပါ။ အဝတ်အစားကို ပွပွချောင်ချောင် ဝတ်ဆင်ပါ။
Solmux Kids 2

>> ပြင်းထန်သော အသက်ရှူလမ်းကြောင်းပြဿနာ လက္ခဏာများ
သင့်ကလေးမှာ အောက်ဆီဂျင် လုံလောက်စွာမရတဲ့အခါမှာ ဖြစ်ပေါ်တတ်ပါတယ်။
အနီးရှိပစ္စည်းများကို မျိုချမိခြင်း၊ ဓာတ်မတည့်ခြင်း ဖြစ်ပေါ်ရာကနေ လည်ချောင်းကြွက်သားများ ဖောင်းလာခြင်း၊ လေပြွန်ရောင်ခြင်း၊ နမိုးနီးယား၊ ပန်းနာရင်ကြပ်နှင့် အခြားလေပြွန်ဆိုင်ရာရောင်ရမ်းခြင်းတွေကြောင့် ဖြစ်ပေါ်တတ်ပါတယ်။
(၁) အသက်ရှူမြန်ခြင်း
(၂) နှလုံးခုန်မြန်ခြင်း
(၃) နှုတ်ခမ်း၊ လက်သည်းများ ပြာနှမ်းခြင်း
(၄) အသားများ ဖြူဖျော့ခြင်း၊ ပြာခြင်း
(၅) ကလေးအသက်ရှူထုတ်ချိန်တွင် ညည်းသံထွက်ခြင်း
(၆) အသက်ရှူချိန်တွင် နှာခေါင်းပွလာခြင်း
(၇) အသက်ရှူတိုင်းမှာ ရင်ဘတ်ချိုင့်ဝင်ခြင်း
(၈) အသက်ရှူချိန် တရွီရွီအသံမြည်ခြင်း
>> ကာကွယ်နည်းများ
● ကိုယ်ဝန်ဆောင်ချိန်တွင် ဆရာဝန်နှင့် ပုံမှန်ပြသပါ။
● ကိုယ်ဝန်ဆောင်ချိန်တွင် အရက်ကို ရှောင်ပါ။
● ကလေးကို အသား၊ ငါး၊ အသီးအရွက် စုံလင်အောင် ကျွေးပါ။
● ဖုန်၊ သဲ၊ မှို၊ ပန်းဝတ်မှုန်၊ ခွေး၊ ကြောင်များနှင့် မထိတွေ့ပါစေနှင့်။
မေမေတို့ရေ ... ရင်သွေးလေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့လက္ခဏာတွေ ရှိနေရင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်ဖို့ အကြံပေးလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























