/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေမှာ-အူရောင်ငန်းဖျားရောဂါဖြစ်လာရင်-ဘယ်လိုကုသမလဲ-မဖြစ်အောင်ကော

ကလေးတွေမှာ အူရောင်ငန်းဖျားရောဂါဖြစ်လာရင် ဘယ်လိုကုသမလဲ? မဖြစ်အောင်ကော ဘယ်လိုကာကွယ်မလဲ ?

Category
ကလေးများနှင့်ကျန်းမာရေး

          ​စော​စောသိ​စော​စောကုခြင်​းက အမြန်​ဆုံးသက်​သာ​စေနိုင်​ပါတယ်​။

 

၁။ အရည်​များမျာတိုက်​ပါ။

 

    အဖျား၊ အန်​တာ၊ ​ချွေးထွက်​တာ၊ ဝမ်​း​လျောတာ စတာ​တွေ​ကြောင်​့ အရည်​ဓာတ်​ဆုံးရှူံးမှုများနိုင်​တာ​ကြောင်​့ ​ရေနဲ့အာဟာရပြည့်ဝတဲ့အရည်​​တွေများများ တိုက်​ရပါမယ်​။ ​နေ့တုင်​းအနည်​းဆုံး ​ရေ၈ခွက်​က​နေ၁၀ခွက်​​လောက်​​သောက်​သင့်ပါတယ်။ စွပ်​ပြုတ်​၊ ကျိုချက်​ထားတဲ့နို့နဲ့ အခြားအရည်​​တွေလည်​း တိုက်​နိုင်​ပါတယ်​။ ဓာတ်​ဆားရည်​တိုက်​ဖို့ လိုမလိုကို​တော့ ဆရာဝန်​ကို ​မေးမြန်​းပါ။

 

၂။ အနားယူပါ​စေ။

 

      အူ​ရောင်​ငန်​းဖျားဟာ လူကြီး​တွေကို​တောင်​ နုံးသွား​စေနိုင်​တဲ့အတွက်​ က​လေးငယ်​​လေး​တွေမှာဆို ပိုဆိုးတတ်​ပါတယ်​။ ဒါ​ကြောင်​့ ဖျား​နေစဉ်​မှာ​ရော၊ အဖျားကျပြီး၁ပတာထိတိုင်​​အောင်​ အနားယူ​စေပါ။ အခန်​းကိုလည်​း ရှင်​းလင်​းပြီး ​လေဝင်​​လေထွက်​​ကောင်​း​အောင်​ထားပါ။

၃။ ​နေ့စဉ်​သန်​့စင်​​ပေးပါ။

 

       ဖျား​နေစဉ်​မှာလည်​း ​ရေပတ်​ဝတ်​နဲ့ တိုက်​​ပေးပါ။ အပူကိုလည်​း ကျ​စေနိုင်​ပါတယ်​။ ​နေ့တ်ိုင်​းသွားတိုက်​​ပေးပါ။

 

၄။ ပိုးသတ်​​ဆေး​သောက်​ပါ။

 

     ပိုး​တွေသေစေဖို့ ဆရာဝန်​တိုက်ခိုင်း​တဲ့ ပိုးသတ်​​ဆေးကို ညွှန်​ကြားချက်​အတိ​ုင်​း ရက်​ပြည်​့​အောင်​ တိုက်ရပါမယ်​။

>> ကာကွယ်​ရန်​နည်​းလမ်​းများ

 

          အူ​ရောင်​ငန်​းဖျား​ရောဂါကို ကာကွယ်​နိုင်​ဖို့

•  မစားခင်​၊ မ​သောက်​ခင်​မှာ ​ခြေ​တွေလက်​​တွေ ​သေချာ​ဆေး​ပေးပါ။

•  ​ရေသန်​့ပဲတိုက်​ပါ။ ​ရေကိုအချိန်​အတန်​ကြာ ကျိုချက်​အ​အေးခံြပ်​ီးမှ တိုက်​ပါ။

•  ကျန်​းမာ​ရေးနဲ ညီညွတ်​တဲ့ အစားအ​သောက်​​တွေကို စားသုံးပါ။ လမ်​း​ဘေးစာ​တွေမှာ အူ​ရောင်​ငန်​းဖျား​ရောဂါပိုး ပါ​နေနုင်​တဲ့အတွက်​ ​ရှောင်​ကြဉ်​ပါ။

•  ပတ်​ဝန်​ကျင်​ကို သန်​့သန်​့ရှင်​းရှင်​း ထားပါ။

 

Dr. Mya Phoo Ngon (www.drmyanmar.com)