ကလေးတွေမှာ DHA လိုအပ်ရခြင်း အကြောင်းများ
အပြိုင်အဆိုင်တိုးတက်နေတဲ့ ယနေ့ခေတ်မှာ ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်လာဖို့ ကလေးဘဝတည်းက ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်အောင် အလေးပေး ပျိုးထောင်ပေးရမယ်ဆိုတာ မိဘတော်တော်များများ သိရှိလာကြပါတယ်။
ကလေးဦးနှောက်ဖွံ့ဖြိုးဖို့ ပံ့ပိုးပေးတဲ့နေရာမှာ အာဟာရပြည့်ဝတဲ့စားသောက်မှုပုံစံက အဓိကအချက်အနေနဲ့ ပါဝင်နေပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကတော့ ပရိုတင်း၊ သံဓာတ်၊ ဇင့်ဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ ဗီတာမင်ဘီအုပ်စု၊ အိုင်အိုဒင်း၊ ဖောလစ်အက်စစ်၊ Choline လို့ခေါ်တဲ့ အမိုင်နိုအက်စစ်တစ်မျိုးနဲ့ Omega-3 fatty acid တို့ပဲ ဖြစ်ပါတယ်။
အဲ့ဒီထဲကမှ Omega-3 fatty acid တစ်ခုဖြစ်တဲ့ Docosahexaenoic acid (DHA) ဟာ ကလေးရဲ့ ဦးနှောက်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့ အာဟာရတစ်ခုဖြစ်ကြောင်းကို လေ့လာချက်များအရ သိရှိရပါတယ်။
Dugro IA 1

>> DHA ကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ -
၁။ ကြောင်းကျိုးဆက်စပ်တွေးခေါ်မှု မြင့်မားခြင်း
၂။ မှတ်ဉာဏ်ကောင်းစေခြင်း
၃။ အာရုံစူးစိုက်မှုကောင်းစေခြင်း
၄။ အမြင်အာရုံကောင်းစေခြင်း
၅။ အိပ်စက်ခြင်းကို အားပေးခြင်း
၆။ စိတ်ခံစားချက်ကို တက်ကြွစေခြင်း စတာတွေပဲ ဖြစ်ပါတယ်။
Dugro IA 2

>> ခန္ဓာကိုယ်အတွက် အရေးပါတဲ့ DHA ကို ဘယ်ကရနိုင်သလဲ?
DHA ကို ခန္ဓာကိုယ်ကနေ ပမာဏနည်းနည်းပဲ ထုတ်ပေးလို့ အဓိကအနေနဲ့ အစားအသောက်ကနေပဲ ရနိုင်ပါတယ်။ ဒါ့ကြောင့် ဆယ်လ်မွန်၊ တူနာ စတဲ့ အဆီဓာတ်ပါဝင်မှုများတဲ့ ငါးတွေ၊ ကမာ၊ ပုစွန် စတဲ့ ပင်လယ်စာတွေနဲ့ DHA ပါဝင်မှုမြင့်မားတဲ့ ဖော်စပ်စာတွေနဲ့ ဖော်မြူလာနို့တွေကို ရွေးချယ်ကျွေးမွေးပြီး ကိုယ့်ကလေးရဲ့ ဉာဏ်ရည်မြင့်မားမှုကို အကောင်းဆုံး မြှင့်တင်ပေးလို့ ရပါတယ်။
Dr. Aye Hsu Mon (www.drmyanmar.com)