/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေရဲ့-ကြီးထွားနှုန်းကို-ရပ်တန့်စေသော-အစားအစာများ

ကလေးတွေရဲ့ ကြီးထွားနှုန်းကို ရပ်တန့်စေသော အစားအစာများ

Category
ကလေးများနှင့်ကျန်းမာရေး

ကလေးကိုကော်ဖီတိုက်ရင် ကြီးထွားမှုကိုရပ်သွားစေလိမ့်မယ်လို့ တချို့လူကြီးတွေပြောတာကို ကြားဖူးကြပါလိမ့်မယ်။ ဒါကမမှန်ပါဘူး။ ဒါပေမယ့်လည်း အများကြီးစားမိရင် ကလေးကြီးထွားမှုကိုတန့်သွားစေတဲ့ အချို့သောအစားအစာတွေရှိကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ကလေးငယ်လေး အရပ်ထွက်သင့်သလောက်ထွက်စေနိုင်ဖို့အတွက် သတိထားပြီးကျေွးသင့်တဲ့အစားအစာစာရင်းလေးတွေကို လေ့လာကြည့်ကြပါစို့။

♦ အသင့်စားအမြန်စာများ

ယနေ့ခေတ် နေရာတိုင်းမှာတွေ့နေရတဲ့ စွဲဆောင်မှုရှိရှိထုတ်ပိုးထားတဲ့ သွားရည်စာအပါအဝင် အသင့်စားအမြန်စာတွေကို ကလေးတွေမစားသင့်တဲ့ အကြောင်းအများကြီးရှိပါတယ်။ ဒီထဲကတစ်ခုကတော့ ဒီအစားအစာတွေမှာ အာဟာရဓာတ်ပါဝင်မှုအရမ်းနည်းပြီးတော့ ဘာအကျိုးမှမရှိဘဲ ဗိုက်ကိုသာပြည့်သွားစေပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါဖြစ်နိုင်ချေကိုလည်းများစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကလေးငယ်တွေကို ဒါတွေမစားပါစေနဲ့။ စားရင်တောင်မှ နည်းနည်းပဲစားပါစေ။

♦ ဆိုဒါ

အခုခေတ်မှာနောက်ထပ်ပေါများလာတဲ့အရာကတော့ အချိုရည်တွေပဲဖြစ်ပါတယ်။ ဒီကာဗွန်ပါတဲ့အချိုရည်တွေမှာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အသုံးဝင်တဲ့ ဖော့ဖရပ်စ်ဓာတ်ပါဝင်ပေမယ့်လည်း အများကြီးသောက်ရင် ကယ်ဆီယမ်ပမာဏကိုသွားပြီးတော့ ထိခိုက်စေပါတယ်။ လေ့လာမှုတွေအရ အချိုရည်အသောက်များတဲ့ကလေးတွေမှာ အရိုးသိပ်သည်းဆပိုနည်းစေတယ်လို့ဆိုပါတယ်။ ဒါ့အပြင်အရေးကြီးတဲ့အချက်ကတော့ ကလေးတွေက အာဟာရဓာတ်မရှိတဲ့ အသင့်စားအစားအစာတွေနဲ့ အချိုရည်တွေကို အသောက်များလာတဲ့အခါမှာ မှန်ကန်တဲ့အာဟာရဓာတ်ပါဝင်တဲ့အစားအစာတွေကို မစားတော့ပါဘူး။ ဒီတော့ ကလေးငယ်လေးအရပ်ပိုရှည်စေဖို့အတွက် ဆိုဒါတွေ၊ အချိုရည်တွေသောက်တာကို ကန့်သတ်လိုက်ပါ။

♦ ထမင်း

ထမင်းဆိုတာက ကလေးအတွက် မကောင်းတဲ့အရာမဟုတ်ပေမယ့်လည်း နေ့စဉ်စားတဲ့အစားအစာမှာ ကစီဓာတ်များပြီး အသားဓာတ်နည်းခြင်းက ကလေးကြီးထွားခြင်းကိုနှေးကွေးစေပါတယ်။ ကလေးရဲ့ထမင်းပန်းကန်ထဲမှာ အသားဓာတ်ထက် ကစီဓာတ်တွေပိုများနေရင် ကြီးထွားမှုကို တန့်သွားစေနိုင်ပါတယ်။ ကစီဓာတ်နဲ့ အသားဓာတ်ညီမျှတဲ့ အစားအစာကိုစားသုံးတဲ့ ကလေးတွေကပိုပြီး အရပ်ရှည်စေနိုင်ပါတယ်။

♦ အရက်

လေ့လာမှုတွေအရ အရက်သောက်ခြင်းက ကြီးထွားဖွံ့ဖြိုးမှုကိုတန့်စေနို်င်တယ်လို့ တွေ့ရှိထားပါတယ်။ ဒီတော့ ကလေးတွေကို အရက်ရဲ့ဆိုးကျိုးတွေအကြောင်းသေချာရှင်းပြထားပေးဖို့ လိုအပ်ပါတယ်။

♦ သကြား

သကြားအများကြီးစားတဲ့ကလေးတွေက သကြားအစားနည်းတဲ့ကလေးတွေထက်ပိုပြီး အရပ်ပုလေ့ရှိပါတယ်။ ကစီဓာတ်လိုပဲ သကြားဓာတ်ကလည်း ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ပမာဏကိုမြင့်တက်စေပြီးတော့ ကောင်းမွန်စွာကြီးထွားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေပါတယ်။ ကလေးကိုသကြားလုံးဝမကျေွးရဘူးလို့မဆိုလိုပေမယ့် အတန်အသင့်ပဲဖြစ်ဖို့တော့အရေးကြီးပါတယ်။

Dr. Mya Myo Myo Swe (www.drmyanmar.com)

(Unicode)












Dr. Mya Myo Myo Swe (www.drmyanmar.com)