/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေရဲ့-စကားနဲ့အပြော-သင်ယူလေ့လာမှုတိုးတက်လာစေဖို့-နည်းကောင်းများ

ကလေးတွေရဲ့ စကားနဲ့အပြော သင်ယူလေ့လာမှုတိုးတက်လာစေဖို့ နည်းကောင်းများ

Category
ကလေးများနှင့်ကျန်းမာရေး

         ချစ်စရာ ကလေးလေးတွေ စကားပြောတဲ့ အခါ ေဝါဟာရကြွယ်၀လာစေဖို့ မိခင်ဘာသာစကားတိုးတက်စေဖို့ မိဘတွေအနေနဲ့ ကူညီအားပေးသင့်တာလေးတွေအကြောင်း အကြံပြုလိုက်ပါတယ်။ စကားကြွယ်တဲ့ကလေးလေးဖြစ်လာစေဖို့ ကြိုးကြိုးစားစားသင်ပေးကြရအောင်။

Nutroplex 1

မွေးစကနေ နှစ်နှစ်အတွင်း ..

• ကလေးက ၀ူး၀ူးဝါးဝါးပြောရင်၊ စကားလုံး တစ်လုံးနှစ်လုံး ပြောရင် ပြန်ပြုံးပြပြီး စကားပြန်ပြောပါ။

• လက်ခုပ်လေးတီးပြီး ချော့မြူပါ။

• ရောင်စုံဘောလုံးလေးတွေ ၀ယ်ပေးပါ။

• ကလေးကို စာဖတ်ပြပါ။

• Flash Card လေးတွေပြပြီး ပုံထဲကအကြောင်းအရာလေးတွေ ပြောပြပါ။

 

၂ နှစ်ကနေ လေးနှစ်

• ကလေးကို ကို်ယ် အမူအယာနဲ့သင်ပြပါ။

• စကားကိုတိုတိုနဲ့ လိုအပ်သလောက်လေး နားလည်အောင်ပြောပါ။

• သူပြောနေကျ မပီကလာပီကလာစကားလေးတွေကို ကိုယ်လဲလိုက်ပြောပေးပါ။

• ကလေးကို မေးခွန်းလေးတွေမေးပါ။ သူမေးတာ စိတ်ရှည်လက်ရှည် ပြန်ဖြေပါ။

• ကလေးက တခုခုလာပြောရင် အာရုံစူးစိုက်နေတဲ့ပုံပြပြီး ချီးကျူးစကားဆိုပါ။

Nutroplex 2

အထက်ပါနည်းလမ်းလေးတွေကို သေချာကျင့်သုံးကြည့်ရင် မိမိကလေးလေးဟာ တကယ်စကားတတ်တဲ့ကလေးလေးအဖြစ် ညဏ်ကောင်းထက်မြက်စွာကြီးပြင်းလာမှာမို့ စမ်းကြည့်စေလိုကြောင်း တိုက်တွန်းပါရစေ။

 

ဂျီပီငှက် ( ဆေး/ မန််း) (www.drmyanmar.com)