ကလေးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် သဘာ၀တရားမှတဆင့် လေ့ကျင့်ပေးပါ
ကလေးတွေရဲ့ ၉၀%သော ဦးနှောက်ဖွံ့ဖြိုးမှုဟာ ပထမ ၅ နှစ်အတွင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ ကလေးတွေမှာ ပုန်းကွယ်နေတဲ့အလားအလာတွေကို ဒီ ၇ နည်းနဲ့ ဖော်ထုတ်ရအောင်။
>> ကလေးတစ်ယောက်ရဲ့ ကမ္ဘာ
ကလေးတစ်ယောက်ရဲ့ ၉၀%သောဖွံ့ဖြိုးမှုဟာ ပထမအသက်၅နှစ်အတွင်းမှာ ဖြစ်တယ်ဆိုတော့ လျပ်စီးလိုပဲ မြန်မှမြန်ပေါ့။ ဒါကြောင့် ကလေးတွေအတွက် ကမ်ဘာလောကကြီးကို နားလည်သဘောပေါက်ဖို့ ဒီအချိန်ထက်ကောင်းတာမရှိပါဘူး။
ဆော့ကစားချိန်ရဲ့ကောင်းကျိုးကိုလည်း လျော့မတွက်နဲ့နေ်ာ။ ကလေးမွေးခါစကနေ အသက်၅နှစ်အထိဟာ ကလေးရဲ့ရေရှည်စိတ်ခံစားမှုနဲ့ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုအတွက် အရေးပါတယ်။ ပြတိုက်တွေမှာ ဆော့ကစားတာကစလို့ ကမ်းခြေမှာဆော့တဲ့အထိ ကလေးတစ်ယောက်ရဲ့ လေ့လာမှုနယ်ပယ်က အရမ်းကိုကျယ်ဝန်းပါတယ်။ ဒါကြောင့် ဘေးပတ်ဝန်းကျင်ကမ်ဘာကြီးကို အသုံးချပြီး ကလေးရဲ့အသိဉာဏ်၊ လှုပ်ရှားမှု၊ စိတ်ခံစားချက်၊ ဆက်ဆံရေးတွေကို ဖွံ့ဖြိုးအောင်လှုံ့ဆော်ပေးလို့ရတယ်။
Nutroplex 1
၁။ သဲထဲမှာနှစ်ပြီးဆော့ပေးပါ။
နောက်တစ်ခါ ကမ်းခြေသွားရင် သဲထဲမှာ အရုပ်တွေဆွဲပါစေ။ ကလေးတွေကို ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင် တစ်ယောက်တစ်လှည့် ပုံဆွဲပြီးတော့ ဘာပုံဆွဲလဲဆိုတာ တစ်လှည့်စီခန့်မှန်းပါ။ ဖန်တီးနိုင်မှုနဲ့ ပြောဆိုဆက်သွယ်နိုင်မှုကို တိုးတက်စေရုံသာမက ကလေးနဲ့ပျော်ပျော်ပါးပါး ရယ်ရယ်မောမော အတွေ့အကြုံသစ်လေးကို ဖန်တီးနိုင်တာပေါ့။
၂။ ရတနာရှာတိုင်းဆော့ပါ။
ကမ်းခြေမှာပတ်ပြီး ရတနာရှာပါစေ။ ကလေးအသက်ပေါ် မူတည်ပြီး ရုပ်ပုံတွေပဲဖြစ်ဖြစ်၊ စာလုံးတွေပဲဖြစ်ဖြစ် ရှာပါစေ။ ဒီလို ရတနာရှာတာဟာ ပြဿ နာဖြေရှင်းနည်းနဲ့ ပုံဖော်နည်းတွေကို တိုးတက်စေနိုင်တယ်။ ရေမှော်တွေ၊ ကျောက်ခဲတွေ၊ သစ်သားစတွေ၊ အိမ်ကကလေးကြိုက်တဲ့အရုပ်တွေကိုပါ သုံးလို့ရတယ်။ အသက်၅နှစ်နဲ့အထက်ကလေးတွေအတွက် သင့်တော်တယ်။
၃။ ပန်းချီဆွဲဆရာလုပ်ပါ။
ကလေးအတွက် ရောင်စုံခဲတံလေးတွေ၊ ဖယောင်းခဲတံလေးတွေ ၀ယ်ထားပေးပါ။ စာရွက်ဖြူလေးပေါ်မှာ သူတို့ ကြိုက်သလို စိတ်ကူးပြီး ဆွဲတာပဲဖြစ်ဖြစ်၊ တစ်ခုခုကို လိုက်ကူးဆွဲတာပဲဖြစ်ဖြစ်၊ အရောင်ခြယ်တာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် လုပ်ဆောင်စေပါ။ ဒီလို အနုပညာရဲ့အနှစ်သာရတွေကို ကလေးဘဝကတည်းက သင်ကြားပေးထားဖို့လိုတယ်။
Nutroplex 2
၄။ ပြတိုက်စည်းကမ်းတွေကိုလည်းသင်ကြားပေးထားပါ။
ပြတိုက်သွားဖို့ ကြံရွယ်ထားသလား? အကျိုးရှိတဲ့ခရီးလေးတစ်ခုဖြစ်ပါစေ။ ကလေးတွေကို ပြတိုက်အမူအကျင့်တွေကို သင်ကြားပေးထားဖို့လိုတယ်။ ကြွက်ကလေးလိုငြိမ်ငြိမ်သက်သက်လမ်းလျောက်တတ်ဖို့၊ မြွေလေးလိုတိုးတိုးပြောတတ်ဖို့၊ ပက်ကျိလေးလို ဖြည်းဖြည်းသွားတတ်ဖို့သင်ပေးပါ။ ဒီအပြုအမူအကျင့်တွေကို အလွယ်တကူလုပ်နိုင်ပြီဆိုရင် သကြားလုံးလေးဆုချပါ။ မေမေတို့ဖေဖေတို့ပါ ဝင်လုပ်ပေးရင်တော့ အတိုင်းအထက်အလွန်ပေါ့။
၅။ မြင်တာကိုအမြန်ဖော်ပြတတ်ပါစေ။
၃၀ စက္ကန့်သံပါတ်ပေးပါ။ သံပါတ်မြည်တဲ့အခါ ၅နှစ်အရွယ်ကလေးကို စခရင်မ်ကနေဟိုဘက်ကိုလှည့်ခိုင်းပြီး မြင်သမျှကို ပြန်ပြောခိုင်းကြည့်ပါ။ ဒီလိုလုပ်ခိုင်းတာဟာ သူတို့လေးတွေရဲ့ စူးစမ်းလိုစိတ်တွေကိုတက်စေပြီး ပြောဆိုဆက်ဆံမှုကို တိုးတက်စေနိုင်တယ်။
၆။ သစ်ရွက်ပေါ်က ဘဝတွေကိုလေ့လာပါ။
အသက် ၃ နှစ်နဲ့အထက်ကလေးတွေကို ပင်လယ်ဓားမြရတနာလိုက်ရှာခိုင်းပါ။ ကြွေကျနေတဲ့သစ်ရွက်တွေကို လိုက်ရှာပြီး မြက်ခင်းပေါ် တင်စေပါ။ သစ်ရွက်ကို ဖားပုံစံ၊ ခူကောင်ပုံစံ၊ လိပ်ပြာပုံစံ စသဖြင့် အကောင်လေးတွေ ခုန်နေပုံ၊ တွားနေပုံ၊ ပျံနေပုံတွေကို အမျိုးမျိုးလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလည်းဖြစ်တဲ့အပြင် ကလေးတွေရဲ့ စိတ်ကူးပုံဖော်မှုတွေကိုလည်းတိုးတက်စေနိုင်တယ်။
၇။ စိန်ပြေးလိုက်တမ်းဆော့ပါ။
သဘာဝနဲ့သိပ္ပံပညာကို နားလည်မှုမြင့်တက်စေဖို့အတွက် ဒီစိန်ပြေးလိုက်တမ်းနည်းအသစ်ကို ကြိုးစားကြည့်ပါ။ တစ်ယောက်နဲ့တစ်ယောက် လူကိုမလိုက်ဘဲ အရိပ်ကိုလိုက်တဲ့ စိန်ပြေးလိုက်တမ်းပါ။ နေ့လည်ပိုင်းရောက်လေလေ ပျော်ဖို့ကောင်းလေလေပါပဲ။ အသက်အရွယ်မရွေးအတွက် သင့်တော်တယ်။ မကြာခင်မှာတော့ လှုပ်ရှားလုပ်ကိုင်မှုနဲ့ ဆက်စပ်လုပ်ကိုင်မှုတွေ တိုးတက်လာမှာပါပဲ။
>> ကလေးတွေရဲ့အလားအလာကိုမီးမောင်းထိုးပေးပါ။
ကလေးတွေရဲ့ လေ့လာမှုနယ်ပယ်ပိုကျယ်လာတာနဲ့အမျှ ကလေးတွေအတွက် ဉာဏ်စွမ်းပိုမိုထက်မြက်လာဖို့၊ စွမ်းအင်နဲ့ လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေလုံလောက်တဲ့ အစားအသောက်တွေကို ကျွေးပေးဖို့လည်းအရေးကြီးတယ်။ အာဟာရပြည့်ဝတဲ့ကလေးတွေဟာ စိတ်လည်းကျန်းမာကြံ့ခိုင်ပြီး လေ့လာနိုင်မှုစွမ်းရည်တွေကို တိုးတက်စေနိုင်တယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
(Unicode)
>> ကလေးတဈယောကျရဲ့ ကမ်ဘာ
Dr. Mya Phoo Ngon (www.drmyanmar.com)






























