ကလေးတွေဟာ ဉာဏ်ကောင်းရုံနဲ့ လုံလောက်ပြီလား
ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာ ပရော်ဖက်ဆာတစ်ဦးက ကလေးတွေကို ဉာဏ်ကောင်းလိုက်တာ ဆိုတဲ့ ချီးကျူးစကားကို မပြောသင့်ဘူးလို့ ဆိုပါတယ်။ ဉာဏ်ကောင်းလိုက်တာလို့ အချီးကျူးခံရတဲ့အခါ ကလေးရဲ့စိတ်ထဲမှာ ကိုယ်တိုင်ကြိုးစားပြီး ရယူစရာမလိုဘဲ သူ့မှာနဂိုရှိပြီးသားအရာတစ်ခုလို့ မှတ်ယူသွားတတ်ကြလို့ပါပဲ။
မိဘတိုင်းဟာ ကိုယ့်ကလေးကို အတော်ဆုံး အကောင်းဆုံးဖြစ်စေချင်တာ သဘာဝပါပဲ။ ဒါပေမယ့် လောကကြီးမှာ အောင်မြင်ဖို့အတွက်ဆိုရင် IQ ကလည်း အရေးကြီးသလို စွဲစွဲမြဲမြဲကြိုးစားလိုစိတ်နဲ့ စူးစမ်းလိုစိတ်ရှိခြင်းတို့ကလည်း အလွန်ပဲအရေးကြီးပါတယ်။
အဓိကကတော့ မိဘတွေ၊ ဆရာဆရာမတွေအနေနဲ့ ကလေးတွေရဲ့ တစ်ယောက်ချင်း မတူညီမှုတွေကို လက်ခံပေးပြီး သူတို့တော်တဲ့အပိုင်းကို အားပေးအားမြှောက်ပေး၊ သူတို့အားနည်းတဲ့အပိုင်းကို ဝိုင်းကူပေးဖို့ အရေးကြီးတာပါ။ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေကို အဓိကပျိုးထောင်ပေးခြင်းက ရေရှည်အတွက်ကို အကျိုးရှိစေပါတယ်။
Dugro IA 1

ဦးနှောက်အတွက် ကိုယ်လက်လှုပ်ရှားပါ။
လတ်တလောလေ့လာမှုတစ်ခုအရ ကျောင်းသားတွေမှာ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဟာ ကျောင်းသင်ခန်းစာမှာ ပိုမိုထူးချွန်စေတယ်လို့ ဆိုထားပါတယ်။
ကိုယ်လက်လှုပ်ရှားမှုဟာ ဦးနှောက်ရဲ့ သိစိတ်ထိန်းချုပ်ရာနေရာနဲ့ ဆက်စပ်မှုရှိနေတာကြောင့် ကိုယ်လက်လှုပ်ရှားချိန် နည်းပါးခြင်းဟာ ကိုယ်ခန္ဓာကျန်းမာမှုကိုတင်မက ဦးနှောက်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးကို စာချည်းပဲ ဖိလုပ်ခိုင်းတာမျိုးထက် ကောင်းကောင်း ဆော့ကစားစေတာမျိုး၊ သူတို့ဝါသနာပါတဲ့ အားကစားတစ်မျိုးမျိုးကို အားပေးအားမြှောက် လုပ်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်နော်။
ဦးနှောက်အတွက် အစားစားပါ။
ဦးနှောက်ဆိုတာ ကိုယ်ခန္ဓာရဲ့ ၂၀%သော ကယ်လိုရီကိုအသုံးပြုတဲ့ စွမ်းအင်အသုံးများတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့်မို့ ဦးနှောက်ဖွံ့ဖြိုးနေတဲ့ ကလေးတွေအတွက် အစာအာဟာရက အရမ်းအရေးကြီးပါတယ်။ အဆီများငါးတွေမှာ အိုမီဂါ 3 fatty acid တွေ ပါဝင်ပါတယ်။ အထူးသဖြင့် DHA ဟာ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ပုံမှန်ဦးနှောက်လုပ်ဆောင်မှုတွေအတွက် အရေးပါပါတယ်။ ဒါ့အပြင် ဗီတာမင်ဘီဓာတ်ပေါင်း၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေဟာလည်း ဦးနှောက်နဲ့အာရုံကြောအတွက်ကို အထူးအရေးပါတဲ့ဓာတ်တွေပါပဲ။ မေမေဖေဖေတွေအနေနဲ့ ကလေးတွေကို ဒီဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေကို အထူးပြုကျွေးသင့်ပါတယ်နော်။ ဖော်စပ်စာနဲ့ ဖော်မြူလာနို့တိုက်တဲ့ကလေးတွေဆိုရင်လည်း ဒီဓာတ်တွေ ပါဝင်မှုများတဲ့ ဖော်စပ်စာနဲ့ ဖော်မြူလာနို့အမျိုးအစားကို ရွေးချယ်တိုက်ကျွေးသင့်ပါတယ်။
Dugro IA 2

လူမှုပေါင်းသင်းဆက်ဆံရေးဟာ ဘဝမှာအောင်မြင်ဖို့ အရေးကြီးတဲ့သော့ချက်တစ်ခုပါ။
အမူအကျင့်ကောင်းတွေရှိဖို့၊ သူတစ်ပါးနဲ့ ပြောဆိုဆက်ဆံတတ်ဖို့၊ သူတစ်ပါးခံစားချက်ကို လေးစားတတ်ဖို့၊ ကိုယ့်လိုလားချက်ကို ထုတ်ဖော်ပြောတတ်ဖို့တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတွေပါပဲ။ ဒီအပိုင်းတွေကို ကလေးအသက်အရွယ်အလိုက် သင်ကြားလေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။
လူကြီးတွေဟာ ကလေးတွေ ဆော့ကစားကြတာကို သာမန်ကာလျှံကာမျှသာ သဘောထားတတ်ပေမယ့် တကယ်တော့ ကလေးတွေဟာ ကစားရင်းနဲ့ ကမ္ဘာလောကကြီးကို လေ့လာပြီး အသစ်အသစ်သော ကျွမ်းကျင်မှုတွေကို ရရှိလာတတ်ကြပါတယ်။
သူငယ်ချင်းတွေနဲ့ ချိန်းပြီး ဆော့ကစားကြတာဟာလည်း ကလေးကြီးပြင်းရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ တူတူဆော့ကစားကြရာကနေ သူတစ်ပါးခံစားချက်ကို မျှဝေခံစားတတ်ဖို့၊ လူမှုဆက်ဆံရေးရာ ကျွမ်းကျင်လာဖို့၊ အလှည့်ကျလုပ်ဆောင်တတ်ဖို့ စတဲ့ ဘဝမှာ အရေးကြီးတဲ့ လိမ္မာပါးနပ်မှုတွေကို သင်ကြားပေးနိုင်ပါတယ်နော်။
Dr. Mya Phoo Ngon (drmyanmar.com)






























