ကလေးတွေအတွက် အထူးထုတ်လုပ်ဖော်စပ်ထားတဲ့ DG3 ဆိတ်နို့မှုန့်
မေမေတို့ရေ
အရင်အပတ်ကပြောပြခဲ့သလိုပဲ အာဟာရဓာတ်တွေနဲ့ ပြည့်စုံပြီး ကောင်းကျိုးများပြီး အထူးထုတ်လုပ်ဖော်စပ်ထားတဲ့ ဆိတ်နို့မှုန့်ကတော့ DG 3 ဆိတ်နို့ပဲဖြစ်ပါတယ်။ DG 3 ဆိတ်နို့မှုန့်ကို (၃)နှစ်နှင့်အထက် ကလေးတွေ သောက်လို့ရပါတယ်။ ကလေးတွေရဲ့ ဦးနှောက်နဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အဓိကအာဟာရဓာတ်တွေကို လွယ်ကူစွာ ချေဖျက်စုပ်ယူနိုင်တဲ့ DG 3 ဆိတ်နို့မှုန့်ရဲ့ အကျိုးကျေးဇူးလေးတွေအကြောင်း ပြောပြချင်ပါတယ်။
၁.နို့ရည်ထုတ်စနစ်ရဲ့ အကျိုးကျေးဇူးများ
ဆိတ်တွေရဲ့ နို့ရည်ထုတ်တဲ့ပုံစံက နွားများထက် လူတွေရဲ့ နို့ရည်ထုတ်တဲ့ပုံစံနဲ့ ဆင်တူတာကြောင့် ဆိတ်နို့မှာ နွားနို့ထက် ကလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကို်ယ်ကြီးထွားဖွွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အဓိကသဘာဝအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။
DG3 Goat Milk (2nd Time, 1)
၂.ဆိတ်နို့ပရိုတင်းရဲ့အကျိုးကျေးဇူးများ
ဆိတ်နို့ပရိုတင်းက နွားနို့ပရိုတင်းထက် ပိုပြီးအစာကြေလွယ်ပြီး ခန္ဓာကိုယ်ကနေ လျင်မြန်စွာစုပ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့ ကလေးငယ်တွေမှာဆိုရင် အစာမကြေလို့ ဗိုက်အောင့် ဗိုက်နာတာတွေ မရှိသလောက်ပါဘဲ ဝမ်းဗိုက်လေးတွေက သက်တောင့်သက်သာဖြစ်စေပါတယ်။ ကလေးတွေလည်း သိပ်မငိုရတော့ဘူးပေါ့။
ဆိတ်နို့မှာ ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ Alpha S1 casein ပါဝင်တဲ့ပမာဏက နွားနို့မှာ ပါဝင်တဲ့ ပမာဏထက် ၈ ဆလောက်လျော့နည်းပါတယ်။ ဒါကြောင့် ဓာတ်မတည့်ဖြစ်ခြင်းကြောင့် အရေပြားမှာ အနီကွက်တွေ အနီစက်တွေ ထွက်လာတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာတွေ သိပ်မဖြစ်နိုင်ဘူးပေါ့။
၃.ဆိတ်နို့အဆီရဲ့ အကျိုးကျေးဇူးများ
ဆိတ်နို့အဆီက နွားနို့အဆီထက် အရွယ်အစားသေးငယ်လို့ ဗိုက်ထဲမှာ ခြေဖျက်လို့ပိုပြီးလွယ်ကူပါတယ်။ ဆိတ်နို့မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရည်အသွေးမြင့်အဆီ MCT Oil တွေ များစွာ ပါဝင်တာကြောင့် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခန္ဓာကြီးထွားဖို့အတွက် အထောက်အကူပြုပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြင့်တင်ပေးလို့ ဖျားနာခြင်းတွေ ကင်းဝေးစေနိုင်ပါတယ်။
ဆိတ်နို့ရဲ့ ပရိုတင်းနဲ့ အဆီတွေက ခြေဖျက်လို့လွယ်ပြီး အဓိကအာဟာရဓာတ်တွေကို ဖြစ်ကြတဲ့ DHA, Calcium, Omega 3,6 & 9, ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်မှ လွယ်ကူလျင်မြန်စွာ ချေဖျက်စုပ်ယူနိုင်တာကြောင့့် ကလေးတွေရဲ့ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ံဖြိုးမှု၊ အမြင်အာရုံဖွံ့ဖြိုးမှုနဲ့ ကို်ယ်ခံစွမ်းအားကောင်းမွန်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်မှာ ဖြစ်ပါတယ်။
အခုတိုက်နေတ့ဲ ဖော်စပ်စာကနေ ဆိတ်နို့ဖော်စပ်စာကို ပြောင်းတိုက်ချင်ရင်တော့ DG 3 ဆိ်တ်နို့ကို တိုက်လို့ရပါတယ်။ ဒါပေမယ့် မိခင်နို့ရည်သည်သာ ကလေးတွေအတွက် အကောင်းဆုံးမို့ အသက် ၂ နှစ်အောက်ကလေးတွေကို တိုက်ချင်တယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန် သို့မဟုတ် အာဟာရဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါတယ်…
အခုဆိုရင် City Mart က City Care ဆေးဆိုင်တွေ City Baby Club ဆိုင်တွေ ရွှေအိုးဆေးဆိုင်တွေ Shop.com.mm online နဲ့ တခြားဆိုင်တော်တော်များများမှာလည်း ဝယ်ယူရရှိနိုင်ပါပြီ…
ဆိတ်နို့အကြောင်း ပိုမိုသိရှိလိုပါက Tag တွဲထားတဲ့ DG Smartmom Myanmar Page မှာ မေးမြန်းနိုင်ပါတယ်နော်…
DG3 Goat Milk (2nd Time, 2)
(Unicode)
မမေတေို့ရေ






























