ကလေးတွေအနေနဲ့ လူမကြောက်တတ်အောင် ဘယ်လိုပျိုးထောင်ကြမလဲ
ခဏခဏ ကြောက်တတ်တဲ့ကလေးတွေ၊ ဘာမဆို တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တတ်တဲ့ သားသားမီးမီးတွေကို မတွန့်ဆုတ်ဘဲ ရဲရင့်သူလေးတွေအဖြစ်ကြီးပြင်းလာအောင် ပျိူးထောင်ပေးကြရအောင်။
အသက်၃ နှစ်ကနေ ၆ နှစ်အတွင်း ကလေးတွေကို သိပ်ကြောက်နေတဲ့ အခြေအနေကြုံခဲ့ရင် ပြန်ပြောဖို့စကားလုံးလေးတွေ သင်ပေးပါ။
- • သားသား / မီးမီးက ရဲရင့်ပြီးသား
- • သားသား / မီးမီးက ဘာမှမကြောက်ဘူး
- • မေမေလာနေပြီ ကြောက်စရာမလိုတော့ဘူး
အသက် ၇ နှစ်နဲ့အထက် ကလေးတွေကိုတော့ သူတို့ကြုံခဲ့ရတဲ့လန့်စရာ အဖြစ်အပျက်တွေကို ပြန်မေးပါ။ စီကာပတ်ကုံး ပြန်ပြောနေရင် ဘာကြောင့်မကြောက်သင့်ကြောင်း အကျိုးအကြောင်းလေးတွေထည့်ပြောပါ။
မိခင်ဖခင်တွေအနေနဲ့ ကလေးတွေရဲ့စံပြဖြစ်သင့်ပါတယ်။ စိတ်ဖိအားများတဲ့ အခြေအနေတွေတိုင်းမှာ မိခင်ဖခင်တွေရဲ့ တုန့်ပြန်မှုကို သားသားမီးမီးတွေက အတုယူကြမှာမို့လို့ပါ။
Nutroplex 1
ကလေးတွေကို ဝေးဝေးနေဖို့ရှောင်ဖို့ထက် ဘယ်လိုရင်ဆိုင်မယ် ဘာကြောင့်အန္တရာယ်ရှိတယ်ဆိုတာအမြဲထည့်ပြောသင့်ပါတယ်နော်။
ကလေးတွေကို ကြောက်တာကပြဿနာမဟုတ်ဘူးဆိုတာ နွေးထွေးစွာရှင်းလင်းပြပါ။
ကလေးတွေကို သူတို့ကြောက်တဲ့အရာတွေကို ရင်ဆိုင်ဖို့ အတူတူသင်ပေးပါ။
သူတို့ရဲရဲရင့်ရင်ရင်ဆိုင်လိုက်နိုင်တဲ့အရာတိုင်းကို သတ်သတ်မှတ်မှတ် မမေ့မလျော့ချီးကျူးစေလိုပါတယ်။
လူေြကာက်တတ်တဲ့ကလေးတွေကိုသင်ြကားပြသရမယ့်အဆင့်လေးတွေ ဖော်ပြပေးလိုက်တယ်နော်။
• သူငယ်ချင်းတယောက်ကိုနှုတ်ဆက်ခိုင်းပါ။
• လမ်းမှာတွေ့တဲ့ ကလေးတယောက်ကိုပြုံးပြနှုတ်ဆက်ပါစေ
• ဈေးမှာတွေ့တဲ့ကလေးတယောက်ကို လှမ်းစကားပြောပါစေ
• အခုမှဆုံတဲ့ လူကြီးတယောက်ကိုနှုတ်ဆက်ခိုင်းပါ
• မခင်တဲ့ကလေးတယောက်ကို လှမ်းစကားပြောခိုင်းပါ
• ပန်းခြံမှာတွေ့တဲ့တခြားကလေးတယောက်ကို အတူဆော့ဖို့ပြောကြည့်ခိုင်းပါ
• အရင်ခင်တဲ့အုပ်စုထဲကကလေးတိုင်းကို စကားပြောပါစေ
• အသစ်ခင်တဲ့အတန်းထဲကကလေးတယောက်ကို စကားပြောပါစေ။
လူေြကာက်တတ်ြပီး မေမေနားပဲ တချိန်လုံးကပ်နေတဲ့ကလေးလေးကို ဘယ်လိုသင်ြကားြကမလဲ ?
• မေမေက တခြားအခန်းမှာရှိနေစဉ် သူလေးကိုအိပ်ခန်းထဲမှာနာရီဝက်ခန့်ဆော့ပါစေ။
• မေမေသူငယ်ချင်းဆီသွားလည်စဉ် ဖေဖေနဲ့နေပါစေ၊
• မေမေအပြင်ထွက်စားနေစဉ် ဘွားဘွားနဲ့ထားခဲ့ပါ။
• မေမေနဲ့ဖေဖေအပြင်ထွက်နေတုန်းအန်တီနဲ့ထားခဲ့ပါ။
• မေမေနဲ့ဖေဖေခရီးထွက်နေစဉ် အန်တီနဲ့ထားခဲ့ပါ။
• တခြားတခန်းမှာသီးသန့်ခွဲသိပ်ပါ။
ဂျိီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Nutroplex 2
(Unicode)






























