/
news/ကလေးများနှင့်ကျန်းမာရေး/ကလေးတွေ-ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန်-အမိုင်နိုအက်စစ်-ကျွေးပါ

ကလေးတွေ ကြီးထွားဖွံ့ဖြိုးမှုကောင်းစေရန် အမိုင်နိုအက်စစ် ကျွေးပါ

Category
ကလေးများနှင့်ကျန်းမာရေး

          စစ်တမ်းများအရ ကမ်ဘာပေါ်ရှိ ကလေးပေါင်း သန်း 150 ခန့်ဟာ အစာအာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်နေရပြီး အဲဒီအထဲမှာမှ 37.5 သန်းခန့်ဟာ ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးနေတာကိုတွေ့ရပါတယ်။ Washington University School of Medicine၊ John Hopkins University in Baltimore၊ National Institute of Aging of the NIH ၊ University of Malawi နဲ့ အခြားတက္ကသိုလ်များမှ သုသေတီများရဲ့ လေ့လာမှုအရ ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ ကလေးအများစုမှာ အမိုင်နိုအက်ဆစ်ဓာတ် ချို့တဲ့နေတယ်လို့ သိရပါတယ်။

          အမိုနိုအက်ဆစ်ဟာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့အရာဖြစ်ပြီး ကြီးထွားဖွံ့ဖြိုးမှုကို အားပေးရုံမျှမက ခုခံအားစနစ်ကို ကောင်းမွန်စေခြင်း၊ တစ်သျှူးများပြန်လည်ပြုပြင်နှုန်းကို မြန်ဆန်စေခြင်း၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိကို မြှင့်တင်ပေးနိုင်ခြင်း၊ အဆီပိုများမစုမိအောင် ကာကွယ်ပေးခြင်း စတဲ့ ဂုဏ်သတ္တိတွေနဲ့လည်း ပြည့်စုံပါတယ်။ လူ့ခန္ဓာကိုယ်မှ ထုတ်လုပ်နိုင်ခြင်းမရှိတာကြောင့် နေ့စဉ်စားသောက်တဲ့ အစာအာဟာရထဲမှာ အမိုင်နိုအက်ဆစ်ဓာတ်ကြွယ်၀တဲ့ အစားအစာတွေဖြစ်တဲ့ ဥအမျိုးမျိုး၊ နို့၊ အသား၊ ပဲနို့၊ နေကြာစေ့၊ ငါး အမျိုးမျိုး စတာတွေ ပါ၀င်နေဖို့ အထူးလိုအပ်ပါတယ်။

 

Dr. Htet Htet Aung (www.drmyanmar.com)